Tue. Oct 26th, 2021

လူတွေဟာ ကိုယ့်ရဲ့ပန်းတိုင်ကို စိန်ခေါ်မှုတွေကြားကနေ တည်ဆောက်ကြရလေ့ရှိပါသည်။ တစ်ခါတစ်ရံ အဆုံးသတ်တွင် အရှုံးနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ငါ အဆင်သင့်မဖြစ်သေးဘူး ၊ နောက်တစ်ပတ် ၊ နောက်တစ်လ၊ နှောက်နှစ်မှ လုပ်တော့မယ် စသဖြင့်ပြောလေ့ရှိပါသည်။ အစပိုင်းတွင် စိတ်အားထက်သန်စွာ လေ့လာလိုက်စားကောင်း လိုက်စားပါလိမ့်မယ် သို့သော် တစ်ကြိမ်တစ်ခါမျှ ကြိုးပမ်းအားထုတ် လိုက်သည်နှင့် တာဝန်ကျေပြီလို့ မှတ်ယူတတ်ကြပါတယ်။

 

 

Kaizen ခေါ် (၁) မိနစ် စည်းမျဉ်း

ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့တွင် မိမိ ကိုယ် မိမိ တိုးတက်ဖို့အတွက် Kaizen ခေါ် (၁) မိနစ် စည်းမျဉ်းကို လိုက်နာကျင့်သုံးလေ့ရှိပါသည်။ ဒီနည်းလမ်းကတော့ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို တစ်မိနစ်ခန့် နေ့တိုင်း တူညီတဲ့အချိန်မှာ လုပ်ရတာပါ။ ဒီနည်းလမ်းကတော့ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန် တစ်မိနစ်ပဲ ပေးရတာပါ။

 

 

လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် စာအုပ်တစ်အုပ်ကောက်ဖက်လိုက်တာဖြစ်ဖြစ် ဘာသာစကားအသစ်တခုခု သင်ယူတာဖြစ်ဖြစ် တစ်မိနစ်ခန့် နေ့စဉ်မပျက် တူညီတဲ့ အချိန်မှာ လုပ်ပေးပါ။ စာအုပ်ဖက်တာတွေ ဘာသာစကားအသစ်တခုသင်ယူတာတွေက သင့်အတွက် ပျော်ရွှင်စရာမကောင်းခဲ့ပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ဒီလိုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်လာတဲ့အခါမှာ သင်ပျော်ရွှင်လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့ အမျှပျင်းရိစိတ်ကို နိူင်နင်းလာပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဘာပဲလုပ်လုပ် အချိန်တစ်မိနစ်ပေးပါ။

နေ့စဉ်မပျက်လုပ်ပါ။ နေ့စဉ်တူညီတဲ့ အချိန်မှာ လေ့ကျင့်ပါ။ ဆိုလိုတာကတော့ ဒီနေ့ မနက် (၉) နာရီမှာ လေ့ကျင့်ပြီး နောက်နေ့ (၁၀) နာရီမှာ လေ့ကျင်လို့ မရပါဘူး။ နေ့စဉ် အချိန်တခုသတ်မှတ်ပါ။ နောက်ပိုင်း ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကိုသိလာတဲ့အခါမှာ အချိန်ကို (၁) မိနစ်ကနေ (၅) မိနစ် ပြီးရင် (၁) နာရီ (၂) နာရီ စသဖြင့် တိုးတိုးပြီး ကျင့်သုံးသွားလို့ရပါတယ်။

 

Kaizen နည်းလမ်းကို ဂျပန်နိုင်ငံ တွင် စတင်ကျင့်သုံးခဲ့ပြီး စကားလုံးရဲ့အဓိပ္ပာယ်ကတော့ Kai – ပြောင်းလဲခြင်း နှင့် Zen – ရှူ့မြင်တွေးခေါ်မှု့ ဟု အဓိပ္ပါယ် ရပါသည်။ ဒီနည်းလမ်းကို Masaaki Imai ဆိုတဲ့ ဂျပန်လူမျိုးက တီထွင်ခဲ့တာပါ။ Kaizen နည်းလမ်းဟာ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် စီမံခန့်ခွဲမှု တိုးတက်ဖို့အတွက် ဒီနည်းလမ်းကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။

 

 

Zawgyi

လူေတြဟာ ကိုယ့္ရဲ႕ပန္းတိုင္ကို စိန္ေခၚမႈေတြၾကားကေန တည္ေဆာက္ၾကရေလ့ရွိပါသည္။ တစ္ခါတစ္ရံ အဆုံးသတ္တြင္ အရႈံးႏွင့္ ရင္ဆိုင္ရသည့္အခါတိုင္း ငါ အဆင္သင့္မျဖစ္ေသးဘူး ၊ ေနာက္တစ္ပတ္ ၊ ေနာက္တစ္လ၊ ေႏွာက္ႏွစ္မွ လုပ္ေတာ့မယ္ စသျဖင့္ေျပာေလ့ရွိပါသည္။ အစပိုင္းတြင္ စိတ္အားထက္သန္စြာ ေလ့လာလိုက္စားေကာင္း လိုက္စားပါလိမ့္မယ္ သို႔ေသာ္ တစ္ႀကိမ္တစ္ခါမွ် ႀကိဳးပမ္းအားထုတ္ လိုက္သည္ႏွင့္ တာဝန္ေက်ၿပီလို႔ မွတ္ယူတတ္ၾကပါတယ္။

 

 

Kaizen ေခၚ (၁) မိနစ္ စည္းမ်ဥ္း

ဂ်ပန္ႏိုင္ငံ၏ ႐ိုးရာဓေလ့တြင္ မိမိ ကိုယ္ မိမိ တိုးတက္ဖို႔အတြက္ Kaizen ေခၚ (၁) မိနစ္ စည္းမ်ဥ္းကို လိုက္နာက်င့္သုံးေလ့ရွိပါသည္။ ဒီနည္းလမ္းကေတာ့ လူတစ္ေယာက္ဟာ တစ္စုံတစ္ခုကို တစ္မိနစ္ခန႔္ ေန႔တိုင္း တူညီတဲ့အခ်ိန္မွာ လုပ္ရတာပါ။ ဒီနည္းလမ္းကေတာ့ လူတိုင္းနီးပါး က်င့္သုံးႏိုင္တဲ့ နည္းလမ္းျဖစ္ပါတယ္။ အခ်ိန္ တစ္မိနစ္ပဲ ေပးရတာပါ။

 

 

ေလ့က်င့္ခန္းလုပ္တာျဖစ္ျဖစ္ စာအုပ္တစ္အုပ္ေကာက္ဖက္လိုက္တာျဖစ္ျဖစ္ ဘာသာစကားအသစ္တခုခု သင္ယူတာျဖစ္ျဖစ္ တစ္မိနစ္ခန႔္ ေန႔စဥ္မပ်က္ တူညီတဲ့ အခ်ိန္မွာ လုပ္ေပးပါ။ စာအုပ္ဖက္တာေတြ ဘာသာစကားအသစ္တခုသင္ယူတာေတြက သင့္အတြက္ ေပ်ာ္႐ႊင္စရာမေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းၾကာလာတာနဲ႔အမွ် ဒီလိုလုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးကို နားလည္လာတဲ့အခါမွာ သင္ေပ်ာ္႐ႊင္လာပါလိမ့္မယ္။ အခ်ိန္ၾကာလာတာနဲ႔ အမွ်ပ်င္းရိစိတ္ကို ႏိူင္နင္းလာပါလိမ့္မယ္။ အေရးႀကီးဆုံးကေတာ့ ဘာပဲလုပ္လုပ္ အခ်ိန္တစ္မိနစ္ေပးပါ။

ေန႔စဥ္မပ်က္လုပ္ပါ။ ေန႔စဥ္တူညီတဲ့ အခ်ိန္မွာ ေလ့က်င့္ပါ။ ဆိုလိုတာကေတာ့ ဒီေန႔ မနက္ (၉) နာရီမွာ ေလ့က်င့္ၿပီး ေနာက္ေန႔ (၁၀) နာရီမွာ ေလ့က်င္လို႔ မရပါဘူး။ ေန႔စဥ္ အခ်ိန္တခုသတ္မွတ္ပါ။ ေနာက္ပိုင္း ဒီနည္းလမ္းရဲ႕ အက်ိဳးေက်းဇူးကိုသိလာတဲ့အခါမွာ အခ်ိန္ကို (၁) မိနစ္ကေန (၅) မိနစ္ ၿပီးရင္ (၁) နာရီ (၂) နာရီ စသျဖင့္ တိုးတိုးၿပီး က်င့္သုံးသြားလို႔ရပါတယ္။

 

 

Kaizen နည္းလမ္းကို ဂ်ပန္ႏိုင္ငံ တြင္ စတင္က်င့္သုံးခဲ့ၿပီး စကားလုံးရဲ႕အဓိပၸာယ္ကေတာ့ Kai – ေျပာင္းလဲျခင္း ႏွင့္ Zen – ရႉ႔ျမင္ေတြးေခၚမႈ႕ ဟု အဓိပၸါယ္ ရပါသည္။ ဒီနည္းလမ္းကို Masaaki Imai ဆိုတဲ့ ဂ်ပန္လူမ်ိဳးက တီထြင္ခဲ့တာပါ။ Kaizen နည္းလမ္းဟာ လူတိုင္းနီးပါး က်င့္သုံးႏိုင္တဲ့ အက်ိဳးရွိတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာဆိုရင္ စီမံခန႔္ခြဲမႈ တိုးတက္ဖို႔အတြက္ ဒီနည္းလမ္းကို မၾကာခဏ အသုံးျပဳေလ့ရွိပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *