One Daily News

ဖုန်းအားအမြန်ပြည့်စေမယ့် နည်းလမ်း (၇)ချက်

ဖုန်းအားအမြန်ပြည့်စေမယ့် နည်းလမ်း (၇)ချက်

စမတ်ဖုန်းများဟာ ကျွန်ုပ်တို့၏ဘ၀ကို ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များ ပေးစွမ်းနိုင်ပါတယ်။ သို့သော် ထိုစွမ်းဆောင်ရည်များအတွက် ဖုန်းများကို ပြန်လည်အားသွင်းပေးရန်လည်း လိုအပ်ပါသေးတယ်။

ဖုန်းအားသွင်းရာမှာ တတ်နိုင်သမျှအချိန်သက်သာချင်သူများအတွက် မြန်မြန်အားသွင်းနိုင်မယ့် နည်းလမ်း ၇ ခုကို ရှာဖွေလေ့လာခဲ့ပါတယ်။

(၁) ကြိုးမဲ့အားသွင်းနည်းများကိုရှောင်ပါ

ကြိုးမဲ့အားသွင်းခြင်း နည်းစနစ်များဟာ နောက်ဆုံးပေါ် နည်းပညာများဖြင့် ခေတ်မှီသဘောကျချင်စရာဖြစ်ပါတယ်။ သို့သော် အားအပြည့်သွင်းနိုင်ဖို့ရာ နှစ်ဆအချိန်ယူနေတာကြောင့် ကောင်းမွန်ထိရောက်လှခြင်းတော့ မရှိပါဘူး။
ကြိုးဖြင့်သွင်းခြင်းဟာ ဖုန်းထဲသို့ တိုက်ရိုက် အားဝင်စေပြီး ကြိုးမဲ့စနစ်မှာတော့ အပူစွမ်းအင်အဖြစ်နဲ့ စွမ်းအင်ဆုံးရှူံးရခြင်းတချို့ကြောင့် ပိုမိုအချိန်ကြာခြင်းဖြစ်ပါတယ်။

(၂) Fast Charger

Fast charger အသုံးပြုခြင်းဖြင့် ရာခိုင်နှုန်းအချို့ကို အမြန်ဝင်စေပါတယ် ။ ပုံမှန် USB 2.0 တစ်ခုတွင် 2.5W စွမ်းအားရှိသော်လည်း fast charger အသစ် များမှာတော့ 18W မှ 100W အထိပါ ၀င်ပါတယ်။
သို့သော် fast charger ကြိုးသည် fast charger အသုံးပြုနိုင်ရန် ပြုလုပ်ထားသော ဖုန်းနှင့်သာ အလုပ်လုပ်ပါလိမ့်မယ်။ ထို့ကြောင့် သင်၏ဖုန်းကို မည်သည့် အားသွင်းကြိုးနှင့် ယှဉ်တွဲသုံးနိုင်ကြောင်းအရင်လေ့လာပါ။

(၃) Power-Saving Mode အသုံးပြုခြင်း

ဖုန်းများဟာ ကျွန်ုပ်တို့အသုံးပြုခဲ့သော application များအားလုံးကို အသုံးပြုပီးနောက် ပိတ်လိုက်သည့်တိုင်အောင် နောက်ကွယ်မှာ ဆက်လက် မှတ်သားလုပ်ဆောင်နေတတ်ပါတယ်။ထို့ကြောင့် ဖုန်းအားကိုပိုမိုအကုန်မြန်စေပါတယ်။
Power-Saving Mode အသုံးပြုခြင်းဖြင့် ၎င်းနောက်ကွယ်မှ application များ ၊ screen အလင်းအမှောင် ၊ CPU လုပ်ဆောင်ချက်များ စသည်တို့ကို ချိန်ညှိပေးပြီး ဖုန်းအားကို သက်သာစေပါတယ်။

(၄) Applications နှင့် Download ဆွဲခြင်းများ

တချို့သော ဆော့ဖ်ဝဲများဟာ သင်မသိလိုက်ဘဲ နောက်ကွယ်မှာ လုပ်ဆောင်နေတတ်တာကြောင့် multitasking menu မှတဆင့် အသုံးပြုပြီးသော history ကို ပိတ်ပစ်ရပါမယ်။ထို့အပြင် setting မှတဆင့် battery အများဆုံးအသုံးပြုနေသော application များကို သွားရောက်ရှာဖွေတာ ချိန်ညှိပေးနိုင်ပါတယ်။
Download ဆွဲနေခြင်း ၊ အလိုအလျောက် update တင်နေခြင်းများဟာလည်း ဘတ်ထရီအလွန်သုံးရပါတယ်။ထို့ကြောင့် အသုံးမပြုသော application များ ပွင့်နေခြင်းနှင့် download ဆွဲနေခြင်းများရှိမရှိ စစ်ဆေးနေခြင်းက အားကုန်သက်သာစေသလို အားဝင်လဲမြန်စေပါတယ်။

(၅) အားသွင်းသည့် အပေါက်ကိုသန့်ရှင်းအောင်ထားပါ

အားသွင်းပေါက်အတွင်းမှ ဖုန်မှုန့်များဟာ လျှပ်မကူးနိုင်သောကြောင့် အားသွင်းရာမှာ နှေးကွေးနေတတ်ပါတယ်။
ထို့ကြောင့် အားသွင်းပေါက်များကို လေနဲ့မှုတ်၍ဖြစ်စေ ၊ ဂွမ်းတံလေးများဖြင့် ဖြစ်စေ မကြာခဏသန့်ရှင်းပေးပါ။ အလွန်ချွန်ထက် မာကျောသော အရာများဖြင့်တော့ မထိုးသွင်းသင့်ပါဘူး။

(၆) အလွန်အကျွံပူလာသည်အထိ အသုံးမပြုပါနဲ့

သင့်ဖုန်းဟာ အလိုအလျောက် အပူချိန်ထိန်းညှိပေးသောစနစ် ပါဝင်ပါတယ်။ ၎င်းစနစ်ဟာ သင့်ဖုန်းကို အပူလွန်ကဲခြင်းမှာ ကာကွယ်ပေးပါလိမ့်မယ်။ သို့သော် အားသွင်းထားစဉ် အလွန်ပူလာသောအခါ လုပ်ဆောင်ချက်များ နှေးကွေးလာစေပြီး အားဝင်ရာမှာလည်း နှေးကွေးနေမှာ ဖြစ်ပါတယ်။
အပူလျော့စေရန် ဖုန်းကာဗာချွတ်၍အားသွင်းခြင်း ၊ အေးမြသော အခန်းအတွင်းထားခြင်း ၊ ပန်ကာရှေ့ထား၍ အားသွင်းခြင်း ၊ နေရာင်ခြည်တိုက်ရိုက်မထိ‌ တွေ့အောင် ထားခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

(၇) ဘတ်ထရီအသစ်လဲခြင်း

ဖုန်းများတွင် အသုံးပြုသော လစ်သီယမ် ဘတ်ထရီများဟာ အချိန်ကြာမြင့်လာတဲ့အခါ အရည်အသွေးကျတတ်ပါတယ်။ ထို့အခါ ဘတ်ထရီအသစ် လဲလှယ်ပေးရပါမယ်။ အချို့သော ဖုန်းများမှာ ဘတ်ထရီကြံ့ခိုင်မှုကို စစ်ဆေးနိုင်‌သော ဆော့ဖ်ဝဲများပါဝင်လေ့ရှိပြီး မပါဝင်သောဖုန်းများအတွက် စီမံထားသော ပြင်ပ application များလည်း ရှိပါတယ်။
နောက်ဆုံးပေါ်ဖုန်းအချို့ဟာတော့ ဘတ်ထရီဖြုတ်လဲနိုင်ခြင်းမရှိတော့ပဲ မည်မျှဂရုစိုက်ပါစေ အားသွင်းရာမှာ ကြန့်ကြာနေပြီဆိုလျှင်တော့ ဖုန်းတစ်လုံး၏ သက်တမ်းကုန်ခါနီးအချိန်လဲ ဖြစ်နေနိုင်ပါတယ်။

Bonus : စက္ကန့် ၃၀ အတွင်း အားပြန်ပြည့်နိုင်သော နည်းပညာသစ်များ

အစ္စရေးနိုင်ငံ အခြေစိုက် StoreDot Company ကနေပြီးတော့ Nanotechnology များ အသုံးပြုကာ အားကုန်ပြီး စက်ပိတ်နေသောဖုန်းတစ်လုံးကို စက္ကန့်(၃၀)အတွင်း အားအပြည့်ဖြစ်စေနိုင်သော Battery အသစ်များကို တီထွင်ဖန်တီးခဲ့ပါတယ်။ဒီနည်းပညာကို လူအများကြား မချပြသေးသော်လည်း သဘာဝပတ်ဝန်းကျင် နှင့် ဘတ်ထရီသက်တမ်းကိုတို့ ထိခိုက်စေခြင်းမရှိကြောင်း သိရပါတယ်။

 

 

written By One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Comment