Love

ဘာမှမဟုတ်ပဲနဲ့ နာကျင်နေတတ်တဲ့လူတစ်ယောက်ရဲ့ရင်ထဲကို ဝင်ကြည့်ပေးပါ

ဘာမှမဟုတ်ပဲနဲ့ နာကျင်နေတတ်တဲ့လူတစ်ယောက်ရဲ့ရင်ထဲကို ဝင်ကြည့်ပေးပါ

အဲ့ဒီ ဘာမှမဟုတ်ပါဘူးဆိုတဲ့အရာတွေနဲ့ ကြေကွဲနေရလောက်တဲ့ထိကို အများကြီးမျှော်လင့်ထားတာကို သိရလိမ့်မယ် . တချို့က ကိုယ့်ကို ဂရုပဲမစိုက်တာလား ဒါမှမဟုတ် ဂရုပဲမစိုက်ချင်ခဲ့တာလား မသဲကွဲဘူး

ကိုယ်နာကျင်နေပါပြီလို့ပြောတဲ့စကားတွေဟာ ဟာသတွေ ဖြစ်သွားခဲ့ဖူးတယ် ။ ကိုယ်အတည်ပေါက်ကြီး ပြောနေတဲ့စကားလုံးတွေကိုလဲ လှောင်ရယ်ခံရဖူးတယ် ။ အဲ့ဒီနေ့ရက်တွေမှာ နဂါးခေါင်း ဘယ်ဖက်ပဲလှည့်လှည့် ကိုယ့်အတွက်တော့ ပြသဒါးပါ ။

နားလည်ပေးလောက်မယ်ထင်လို့ပြောလိုက်တဲ့စကားလုံးတွေတော်တော်များများက သူ့အတွက် စိတ်ရှုပ်စရာပေါ့ သတိတရနဲ့ဆက်တဲ့ဖုန်းတွေ ကိုင်လိုက်တဲ့အချိန် ပထမဆုံးပြောထွက်တဲ့စကားက ဘာပြောစရာရှိလို့လဲ ဆိုတဲ့ မေးခွန်းတွေကြားမှာ နှုတ်ဆိတ်နေခဲ့ဖူးတယ် ပြောစရာတွေ မရှိခဲ့တော့တာမဟုတ်ပဲ ကိုယ်ပြောမယ့်စကားကို သူ အလေးမထားပါလားဆိုတဲ့အတွေးကြောင့် ဝဲသွားတဲ့မျက်ရည်တွေကို သုတ်ဖို့အချိန်ပေးလိုက်ရုံပါ …

ဘာမဟုတ်တာလေးနဲ့တဲ့ … အဲ့ဒီဘာမဟုတ်တာလေးနဲ့တောင် ဒီလောက်ထိဖြစ်ပျက်နေတဲ့အထိ ချစ်ခဲ့မိလို့ပါ …ဆင်တစ်ကောင်အတွက်နှာချေရုံဆိုပေမယ့် ပုရွက်ဆိတ်တစ်ကောင်အတွက်တော့ မုန်တိုင်းပေါ့ … အလေးအနက်မထားတတ်တဲ့လူအတွက် ဘာမှမဟုတ်ပါဘူးဆိုပေမယ့် အရာရာကို အလေးအနက်ထားခဲ့မိတဲ့ကိုယ့်အတွက်တော့ နာကျင်စရာပေါ့ …

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

ဘာမွမဟုတ္ပဲနဲ႔ နာက်င္ေနတတ္တဲ့လူတစ္ေယာက္ရဲ႕ရင္ထဲကို ဝင္ၾကည့္ေပးပါ အဲ့ဒီ ဘာမွမဟုတ္ပါဘူးဆိုတဲ့အရာေတြနဲ႔ ေၾကကြဲေနရေလာက္တဲ့ထိကို အမ်ားႀကီးေမွ်ာ္လင့္ထားတာကို သိရလိမ့္မယ္ . တခ်ိဳ႕က ကိုယ့္ကို ဂ႐ုပဲမစိုက္တာလား ဒါမွမဟုတ္ ဂ႐ုပဲမစိုက္ခ်င္ခဲ့တာလား မသဲကြဲဘူး

ကိုယ္နာက်င္ေနပါၿပီလို႔ေျပာတဲ့စကားေတြဟာ ဟာသေတြ ျဖစ္သြားခဲ့ဖူးတယ္ ။ ကိုယ္အတည္ေပါက္ႀကီး ေျပာေနတဲ့စကားလုံးေတြကိုလဲ ေလွာင္ရယ္ခံရဖူးတယ္ ။ အဲ့ဒီေန႔ရက္ေတြမွာ နဂါးေခါင္း ဘယ္ဖက္ပဲလွည့္လွည့္ ကိုယ့္အတြက္ေတာ့ ျပသဒါးပါ ။

နားလည္ေပးေလာက္မယ္ထင္လို႔ေျပာလိုက္တဲ့စကားလုံးေတြေတာ္ေတာ္မ်ားမ်ားက သူ႔အတြက္ စိတ္ရႈပ္စရာေပါ့ သတိတရနဲ႔ဆက္တဲ့ဖုန္းေတြ ကိုင္လိုက္တဲ့အခ်ိန္ ပထမဆုံးေျပာထြက္တဲ့စကားက ဘာေျပာစရာရွိလို႔လဲ ဆိုတဲ့ ေမးခြန္းေတြၾကားမွာ ႏႈတ္ဆိတ္ေနခဲ့ဖူးတယ္ ေျပာစရာေတြ မရွိခဲ့ေတာ့တာမဟုတ္ပဲ ကိုယ္ေျပာမယ့္စကားကို သူ အေလးမထားပါလားဆိုတဲ့အေတြးေၾကာင့္ ဝဲသြားတဲ့မ်က္ရည္ေတြကို သုတ္ဖို႔အခ်ိန္ေပးလိုက္႐ုံပါ …

ဘာမဟုတ္တာေလးနဲ႔တဲ့ … အဲ့ဒီဘာမဟုတ္တာေလးနဲ႔ေတာင္ ဒီေလာက္ထိျဖစ္ပ်က္ေနတဲ့အထိ ခ်စ္ခဲ့မိလို႔ပါ …ဆင္တစ္ေကာင္အတြက္ႏွာေခ်႐ုံဆိုေပမယ့္ ပု႐ြက္ဆိတ္တစ္ေကာင္အတြက္ေတာ့ မုန္တိုင္းေပါ့ … အေလးအနက္မထားတတ္တဲ့လူအတြက္ ဘာမွမဟုတ္ပါဘူးဆိုေပမယ့္ အရာရာကို အေလးအနက္ထားခဲ့မိတဲ့ကိုယ့္အတြက္ေတာ့ နာက်င္စရာေပါ့ …

 

 

Leave a Comment