One Daily News

အိမ်မပြန်ချင်လောက်တော့မယ့် အလှပဆုံး ခရီးသွားနိုင်ငံ (၁၄) နိုင်ငံ

အိမ်မပြန်ချင်လောက်တော့မယ့် အလှပဆုံး ခရီးသွားနိုင်ငံ (၁၄) နိုင်ငံ

ကျွန်ုပ်တို့ ထင်တာထက်အများကြီး ပိုစျေးသက်သာပြီး နေရတာ သက်တောင့်သက်သာ ဖြစ်စေမယ့် ကမ္ဘာတစ်ဝှမ်းက မှော်ဝင်နိုင်ငံ(၁၄) နိုင်ငံကို တွေ့ရှိထားပါတယ်။ ဒါဖတ်ပြီးရင်တော့ သင် ခရီးဆောင်အိတ် ပြင်ထားလိုက်လို့ရပါပြီ။

(၁) ကမ္ဘောဒီးယားနိုင်ငံ

သင့်မှာ ဘတ်ဂျက် ကောင်းကောင်းရှိလျှင် တော့ ကမ္ဘောဒီးယားဟာ လည်ပတ်ရန်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ် ။

ဒါပေမယ့် တန်ဖိုးနည်း တည်းခိုစရာ နေရာတွေလဲ ရှိပါတယ်။ဒေသခံတံငါသည်များက ၅ ဒေါ်လာခန့်ဖြင့် ထိုနေ့မှာ သူတို့ဖမ်းမိတဲ့ အရသာရှိသော အစားအစာများကိုချက်ပြုတ်ပေးမှာ ဖြစ်ပြီး ပင်လယ်စာအများစုကတော့ ၁-၂ ဒေါ်လာလောက်ရှိပါတယ်။

(၂) ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်အရှေ့တောင်ဘက်ကမ်းခြေဟာ ၎င်း၏အပူပိုင်းသစ်တော (11000 hectres) ဖြင့်
ကျော်ကြားပါတယ်။

ဗီယက်နမ်ဟာ ရေငုပ်ရန်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပြီး ကြီးမားပြီးလှပသော သန္တာကျောက်တန်းများလည်း ပိုင်ဆိုင်ပါတယ်။ထို့ပြင် ခရီးသွားများ အတွက် တစ်လလျှင် ဒေါ်လာ ၁၅၀-၂၀၀ သာပေးချေရတဲ့ ‌တည်းခိုနေရာများလည်း ရှိပါတယ်။

(၃) လာအိုနိုင်ငံ

လာအို၏ လှပသောတောင်များ၊ ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့်ဘုန်းကြီးကျောင်းများ ၊

ရေ‌ပေါ် ကဖေးနှင့်ဘားများ ဟာ ကျော်ကြားလှပါတယ်။ သင်တစ်နေ့လျှင် (၉-၂၀) ဒေါ်လာဖြင့် ကောင်းစွာနေနိုင်ပြီး ညစာစားရန် ၁ ဒေါ်လာမှ ၅ ဒေါ်လာ ၊ စက်ဘီးငှားခမှာ ၁ ဒေါ်လာခန့် ရှိပါတယ်။

(၄) ထိုင်းနိုင်ငံ

ခရီးသွားများအတွက် အလွန်ရေပန်းစားပြီး အာရှရှိအခြားနိုင်ငံများထက်ယှဉ်လျှင် ပို၍ စျေးကြီးသော်လည်း ထိုင်းနိုင်ငံမှ စျေးနှုန်းများသည် အနောက်နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် သက်သာနေဆဲလို့ ပြောရပါမယ်။

တိုက်ခန်းတစ်ခန်းကိုတစ်လ ဒေါ်လာ (၁၆၀-၃၂၀) ၊ စားသောက်ရန် (၁-၃) ဒေါ်လာ ၊ စက်တပ် ခြေနင်းစက်ဘီးငှားလျှင် (၆၃-၈၀)ဒေါ်လာ ၊ တစ်နေ့လျှင် (၄)ဒေါ်လာဝန်းကျင်ဖြင့်ကျေးလက်တောရွာများနှင့် ပတ်ဝန်းကျင်မှာလည်း နေထိုင်နိုင်ပါတယ်။

(၅)အိန္ဒိယနိုင်ငံ

လူ ဦးရေ ထူထပ်သောနိုင်ငံ ဖြစ်ကာ ဗိသုကာလက်ရာ ၊ ဘာသာရေးဓလေ့ထုံးတမ်းများနှင့်သဘာဝသွင်ပြင်များကြောင့်ကျော်ကြားပြီးဘတ်ဂျက်နည်းဖြင့် နေထိုင်ရန် နေရာကောင်းတစ်ခုဖြစ်ပါတယ်။

တစ်လလျှင်ဒေါ်လာ ၁၀၀ မှ ၁၁၀ ဝန်းကျင်ဖြင့် နှစ်ယောက်ခန်း တိုက်ခန်းတစ်ခန်း ငှားနိုင်ပါတယ်။ အရသာရှိသော spicy တစ်ပန်းကန်လျှင် ဆင့် ၆၀ ခန့်ရှိပြီး အမယ်စုံစားလျှင် ၁-၂ ဒေါ်လာခန့်သာ ကုန်ကျပါတယ်။

(၆) နီပေါနိုင်ငံ

နီပေါနိုင်ငံသည် လျှို့ဝှက်ဆန်းကြယ်သောနိုင်ငံဖြစ်ပြီး အာရှ၏ ဝိညာဉ်ရေးရာဗဟိုချက်အဖြစ်လူသိများပါတယ်။ ငွေကြေးအကန့်အသတ်ရှိသူများအတွက် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

တစ်ရက် ၁ ဒေါ်လာနဲ့ကောင်းကောင်းစားနိုင်ပြီး Kathmandu ရှိအခန်းတစ်ခန်းဟာ တစ်ရက်လျှင် ၁-၂ ဒေါ်လာခန့်ကျသင့်ပါလိမ့်မယ်။ ဒေသတွင်းသယ်ယူပို့ဆောင်ရေးကွန်ယက်မှာလည်း ခရီးသည် တစ်ဦးလျှင် ၂၀ ဆင့်သာရှိပါတယ်။

(၇) တရုတ်နိုင်ငံ

 

တရုတ်နိုင်ငံဟာ လှပသောကျေးရွာများ နှင့်လူ ဦးရေထူထပ်သောမြို့များဖြင့် တည်ဆောက်ထားပါတယ်။။

မယုံနိုင်လောက်အောင်လှပပြီးမတူကွဲပြားသောနေရာတစ်ခုဖြစ်ပါတယ်။ ကြီးမားတယ်ဆိုပေမဲ့ တရုတ်နိုင်ငံကို လှည့်လည်ရတာက‌တော့ အတော်လေးစျေးသက်သာပါတယ်။ တက္ကစီငှားရန် (၁-၂) ဒေါ်လာဝန်းသာ ကုန်ကျပါတယ်။

(၈) ဘူလ်ဂေးရီးယား

ဘူလ်ဂေးရီးယား ကတော့ ယခုစာရင်းတွင်ဖော်ပြထားသော အခြား အာရှနိုင်ငံများထက်အများကြီး ပိုစျေးကြီးပါတယ်။

သို့သော်ဥရောပရှိ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက သက်တောင့်သက်သာရှိပြီး မယုံကြည်နိုင်လောက် သော ရှုခင်းများနှင့်မြို့များကို ခံစားနိုင်မှာပါ။ ဘူလ်ဂေးရီးယားနိုင်ငံ၏ အချို့အစိတ်အပိုင်းများဟာ ပြင်သစ်နှင့်တူသော်လည်း အချိုရည်တစ်ခွက်သည် သင့်အားဆင့် ၈၀ သာကျသင့်ပြီးတိုက်ခန်းငှားခသာ တစ်လလျှင်ဒေါ်လာ ၂၀၀ သာရှိပါတယ်။

(၉) နီကာရာဂွါနိုင်ငံ

နီကာရာဂွါဟာ ကမ္ဘာ၏စိတ်ဝင်စားစရာကောင်းသော အစိတ်အပိုင်းကိုကြည့်လိုသော်လည်း စရိတ်ငွေနည်းပါးစွာ သုံးလိုသူများ အတွက် အလွန်ကောင်းသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

အစားအစာမှငှားရမ်းခ အရာအားလုံးသည် စျေးသက်သက်သာသာဖြစ်ပြီး အရည်အသွေး နိမ့်သည်ဟုမဆိုနိုင်ပါဘူး ။ လစဉ်ဘတ်ဂျက်ဒေါ်လာ ၉၉၅ ဖြင့် တိုက်ခန်းကျယ်တစ်ခုရရှိနိုင်ပြီး သင်နှင့်အဖော် စားသောက်ရန်အပြင် အခြဖျော်ဖြေရေးများအတွက် လုံလောက်ပါ‌သေးတယ်။

(၁၀) ဂွာတီမာလာ နိုင်ငံ

ကြွယ်ဝသောယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ အရောင်အသွေးစုံလင်သောတိုင်းပြည်ဖြစ်ပြီး အသင့်‌တော်ဆုံးသော စျေးနှုန်းနှင့်အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါတယ်။

တိုက်ခန်းငှားခသည်တစ်လလျှင်ဒေါ်လာ ၂၀၀ ခန့်ရှိပြီး အစားအစာအသုံးစရိတ်သည် တစ်ပတ်လျှင်ဒေါ်လာ ၂၄-၄၀ ခန့်ကျသင့်ပါတယ်။

(၁၁) ဟွန်ဒူးရပ်စ်

ဟွန်ဒူးရပ်စ်ဟာ ကမ္ဘာပေါ်တွင်ခရီးသွားဦးရေအများဆုံးလည်ပတ်လျက်ရှိသော နေရာတစ်ခုဖြစ်ပြီး အကြောင်းကတော့ စျေးသက်သာ၊ လှပ၊ ရွှင်လန်းဖွယ်ရှိပြီး ရင်ခုန်စရာကောင်းလှ‌သော ကြောင့်ဖြစ်ပါတယ် ။

ကျောပိုးအိတ်တစ်လုံးနှင့် အတော်လေးနည်းသောစရိတ်ဖြင့်ပင် သက်တောင့်သက်သာနေထိုင်နိုင်ရန် လိုအပ်သမျှကို ၀ယ်နိုင်ပါတယ် ။ မယုံနိုင်လောက်အောင်အရသာရှိသော

ဒေသဟင်းလျာများသည်လည်း တစ် ဦး လျှင် ၃ ဒေါ်လာသာကုန်ကျမှာဖြစ်ပါတယ်။

(၁၂) ပီရူးနိုင်ငံ

ပီရူးရှိစျေးနှုန်းများသည်ဒေသတစ်ခုနှင့်တစ်ခုကွဲပြားသော်လည်း ယေဘူယျအားဖြင့်၎င်းသည်အခြားနိုင်ငံများထက်များစွာစျေးသက်သာဆဲဖြစ်ပါတယ် ။

စိတ်ဝင်စားဖွယ်ကောင်းသောယဉ်ကျေးမှုအတွေ့အကြုံများ နှင့်လှပသောရှုခင်းများကို ကောင်းစွာခံစားရမှာပါ။

(၁၃) မက္ကဆီကို

မက္ကဆီကိုမှာတော့ Guanajuato ယဉ်ကျေးမှုဗဟိုကို စိတ်ဝင်စားဖွယ်လေ့လာနိုင်ပါတယ်ယ

တစ်လလျှင်ဒေါ်လာ ၁၅၀-၂၀၀ ၀ န်းကျင်ဖြင့် တိုက်ခန်းငှားနိုင်ကာ အချိုရည်ဟာ တစ်ဒေါ်လာထက်နည်းပြီး ရုပ်ရှင်လက်မှတ်တစ်စောင် ၃ ဒေါ်လာသာကျသင့်ပါလိမ့်မယ်။

(၁၄) အယ်လ်ဘေးနီးယားနိုင်ငံ

လူသိနည်း သော်လည်း Albania တောင်ဘက်စွန်းဟု အေးချမ်းသော ဘ၀တစ်ခု ကိုတည်ဆောက်နိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ ရာသီဥတုဟာ မြေထဲပင်လယ်ရှိ

မည်သည့်နေရာတွင်မဆို သာယာပြီး စိတ်ဝင်စားဖွယ် ဒေသအစားအစာများကိုလည်း ရရှိနိုင်ပါတယ်။ အယ်လ်ဘေးနီးယားနိုင်ငံဟာ နေထိုင်ရန်အလွန်စျေးသက်သက်သာသာရှိလှပြီး အချိုရည်တစ်ခွက်မှ ၉၀ဆင့်သာ ကျသင့်ပါလိမ့်မယ် ။ သန့်ရှင်းလတ်ဆတ်သော ငါးဖြင့် ပြုလုပ်ထားသော အစားအစာများကို ၆ ဒေါ်လာဝန်းကျင်၊ တိုက်ခန်းတစ်ခန်းကို တစ်လလျှင်ဒေါ်လာ ၁၀၀ မှ ၁၂၀ ဝန်းကျင်သာ ကျသင့်ပါတယ်။

 

Source BrightSide

Written by One Daily Media

 

Leave a Comment