Wed. Oct 27th, 2021

ကလေးမိဘတို့ဖြစ်လေ့ရှိသည့် ခါးနာခြင်းအတွက် ဂရုပြုရမည့် အချက် (၁၀) ချက်

ခါးနာလူနာများဟာ ဆရာဝန်များ အမြဲ ကြုံတွေ့ရလေ့ရှိသော လူနာတစ်မျိုးဖြစ်ပြီး ကံကောင်းထောက်မစွာပင် ခါးမနာအောင် ကြိုတင် ကာကွယ်နိုင်သည့်အချက်များလည်း ရှိနေပါတယ်။ဥပမာအားဖြင့် သင်ဟာ မိဘတစ် ဦး ဆိုပါကသကျောနာခြင်းကို ဖြစ်စေနိုင်သော အခြေအနေများစွာရှိနိုင်ပါတယ် ။ ဘာတွေလဲဆိုတာ သင်သိရင်တော့ မနာကျဉ်အောင် ရှောင်ရှားနိုင်ပါမယ် ။

ထို့ကြောင့် ကလေးထိန်းနေရသူ ဖေဖေ မေမေ များ ခါးနားခြင်းကို ရှောင်ရှားနိုင်ရန် အချက်အလက်တချို့ကို စုစည်းတင်ပြပေးလိုပါတယ်။

(၁) ကလေးချီပိုးနည်း

ကလေးကို ချီပိုးရာတွင် ရှေ့ဘက်မှ ချီပိုးပါက ကလေးကို တတ်နိုင်သမျှ မြင့်အောင်ဆွဲတင်ထားပါ။ ကလေးငယ်ဟာ သင်နှင့်နီးကပ် နေရပါမယ်။ ဒါမှသာ သင့်ကျောပေါ်ရှိ တင်းအားကိုလျော့ကျစေပါလိမ့်မယ်။
သင့်ကလေးဟာ ကိုယ်အလေးချိန် ပေါင် ၂၀ ခန့်ရှိလာသည့်အခါ ၎င်းတို့အားသင်၏ကျောတွင်သာ ချီပိုးပါ ။ ကိုယ်အလေးချိန်လေးလာ သော်လည်း ရှေ့ကနေသာ ဆက်လက်ချီပိုးနေရင်တော့ ကျောအောက်ပိုင်းကိုနာကျင်စေနိုင်ပါတယ်။

(၂) နို့တိုက်ရာတွင် သက်တောင့်သက်သာဖြစ်အောင်ထိုင်ပါ

ကျောမှီ ကောင်းကောင်းရှိတဲ့ ထိုင်ခုံမှာထိုင်ပါ။ ကလေးရဲ့ပါးစပ်ဆီ ရောက်ဖို့ကို ခါးကုန်းမယ့်အစား ခေါင်းအုံး ဒါမှမဟုတ် စောင်တွေကိုသုံးပြီးသူတို့ကို သင့်ရင်ဘတ်နဲ့ပိုနီးအောင်ထားပါ။

(၃) ကလေးကိုအိပ်ယာထဲမှ ရွှေ့ပြောင်းချိန်

သင်မချီမှီ ခါးကိုမကွေးပါနှင့်။ တင်ပါးကိုကွေးပါ။ ကလေးကိုချီဖို့အတွက် ခြေထောက်အားတွေကိုသုံးပါ။

(၄) ကလေးငယ်ကို ဆွဲချီမချိန်

ခါးမကုန်းဘဲ ခါးမတ်မတ်ဖြင့် ဒူးကွေးထိုင်ချကာ ကလေးကို ရင်ဘတ်အနီး ဆွဲပြီးမှ ခြေထောက်ကြွက်သားများ အသုံးပြုပြီး ချီမပါ။

(၅)ထိုင်ခုံအမြင့်များပေါ်မှ ဆွဲချီမခြင်း

ထိုင်ခုံအမြင့်များပေါ် ချီတင်လျှင်ဖြစ်စေ ၊ ချီချလျှင်ဖြစ်စေ ထိုင်ခုံလက်ရန်းများကို ဖယ်ထုတ်ပြီး နေရာကျယ်ပြန့်အောင် အရင်လုပ်ခြင်းဖြင့် သင်စိုက်ထုတ်ရသော အားပမာဏကို သက်သာစေရပါမယ်။

(၆) တွန်းလှည်း တွန်းစဉ် ကိုယ်နေဟန်ထား

ခါးမတ်မတ်ထား၍သာ တွန်းရပါမယ်။တွန်းလှည်း တွန်းရင်း ကုန်းမနေစေရပါဘူး။တွန်းလှည်းအတွင်း ချီထုတ် ၊ ချီထည့် သည့်အခါများတွင်လည်း ခါးမကုန်းပဲ ဒူးကွေးခိုင်ကာ ခြေထောက်အားများဖြင့် လုပ်ဆောင်ရပါမယ်။

(၇) ကလေးနှင့်ဆော့ကစားစဉ် ကိုယ်နေဟန်ထား

ကလေးနဲ့ကစားတဲ့အခါ ခါးနာတာကိုရှောင်ရှားရန် ကျောကို ဖြောင့်ဖြောင့်ထိုင်ရမယ် ဆိုတာကိုမေ့နေတတ်ကြပါတယ်။ သင့်ရဲ့ကိုယ်ဟန်အနေအထားကို သတိထားဖို့ ကြိုးစားပါ။ ခေါင်းနဲ့လည်ပင်းကို ပုခုံးထက်မှာ ထားရပါမယ်။

(၈) ခြေထောက်တစ်ချောင်းတည်းကို အားပြု၍ ချီပိုးခြင်း

သင့်ကလေးကို တင်ပါးတစ်ချောင်းတည်း ပေါ်တင်ထားခြင်းက ပိုလွယ်ကူပြီး ပိုအဆင်ပြေပုံထင်ရပါတယ်။ ဒါပေမယ့်သင့်ကလေးရဲ့ကိုယ်အလေးချိန်ကို သင့်ခန္ဓာကိုယ်ရဲ့တစ်ဖက်တစ်ချက်မှာပဲ တင်ထားတဲ့အခါ balance မညီမျှခြင်းကိုဖြစ်စေပြီး နောက်ကျောပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။

(၉) ကလေးကို ကားတွင်းသို့နေရာချခြင်း

ကားထိုင်ခုံများဟာ လေးလံသောကြောင့် ထိုင်ခုံ၌ရှိနေပြီးသား ကလေးကိုကားထဲသို့ထည့်ရန်မကြိုးစားပါနှင့်။ ထိုင်ခုံကို အရင်ထည့်ပြီး နေရာချပြီးမှ ကလေးကိုအထဲမှာထားပါ။
ပြီးတော့ ကလေးကို ကားထိုင်ခုံမှာထားတဲ့အခါအပြင်မှာမရပ်ပါနဲ့။ သူတို့အတွက်အလုံခြုံဆုံးထိုင်ခုံဟာ အလယ်မှာရှိတာကြောင့် ဘေးကခုံတစ်ခုမှာထိုင်ပြီး ကလေးအတွက် နေရာချပေးရပါမယ်။

(၁၀) ကလေးအတွက်အသုံးအဆောင်များကိုသင့်အရပ်နဲ့ချိန်ညှိအသုံးပြုပါ

အနှီးလဲသောအခါ ခါးကွေးခြင်းမှ ရှောင်ရှားရန်သင်၏ခါးထက်မြင့်သော စားပွဲတစ်ခုကိုရွေးပါ။ ယေဘူယျအားဖြင့် သင်၏ခါးကျန်းမာရေးကိုာဂရုပြုရန် မြေပြင်ထက်မြင့်သောကလေးအသုံးအဆောင်များကို ရွေးချယ်ပါ။ ဥပမာအားဖြင့် bouncers အစား baby swing ကို ၀ ယ်ယူအသုံးပြုသင့်ပါတယ်။

သင်ရော ကလေးထိန်းရင်း ခါးနာ‌တတ်နေပြီလား ? သင်သိထားသော ခါးနာခြင်းပြသာနာဖြေရှင်းနည်းများ ရှိရင်လည်း ဝေမျှပေးစေချင်ပါတယ်။

Rft Brightside

Written by One Daily Media

 

Leave a Reply

Your email address will not be published. Required fields are marked *