Wed. Oct 27th, 2021

အလိမ္မာ စာမှာရှိ”
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့အတိုင်း စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။

စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့ စာပေအသိုင်းအဝိုင်း မြင့်မားနေမှသာလျှင် နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်းအသီးသီးဟာလည်း တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း လှပတင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။


“အရေမရ အဖတ်မရတွေ ရှာကြည့်နေမယ့်အစား”
“အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား”
“ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား”
“အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား”
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ…။

“သုတစာပေ” တွေက ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့ ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့ အထောက်အကူပေးပါလိမ့်မယ်။

“ရသစာပေ” တွေက စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာတ်တွေ ခိုင်မာစေဖို့ စိတ်သဘောထားတွေ နူးညံ့သိမ်မွေ့ဖို့ အထောက်အကူပေးပါလိမ့်မယ်။

“အတ္တုပ္ပတ္တိစာအုပ်”တွေက ဘဝမှာ အတုယူစရာတွေနဲ့ ရှောင်စရာ၊ ဆောင်စရာတွေကို စိတ်ဝင်စားဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။

“ရာဇဝင်နဲ့ သမိုင်းစာပေ” တွေက မတုံး‌စေဖို့ အလိမ်မခံရစဖို့ အမှားအမှန်ခွဲခြားသိစေဖို့အတွက် အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့ ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။

“ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ပုံပြင်၊ ဟာသ၊ အချစ်၊ အလွမ်း” စာပေတွေက စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်စေဖို့ အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့ အမုန်း အာဃာတတွေ လျော့နည်းစေဖို့ ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့ သာယာပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာစေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

“စာဖတ်ပါ”
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်

ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်

တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အတွက်
စာဖတ်ပါ။ မဖြစ်မနေဖတ်ပါ။

စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။ လဖ္ဘက်ရည်လေးတစ်ခွက်လို မွှေးရနံ့သင်လာနိုင်တယ်။ မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။ နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။ ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။

စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။ ကိုလံဘတ်လိုမျိုး စွန်းစားရှာဖွေလာနိုင်တယ်။ မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်လိုမျိုး နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။ ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။

စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ ဘာမဆို ဖြစ်လာနိုင်တယ်။ မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။ လောကကြီးဆီက လူသားတွေနဲ့ ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေမသေမချင် လေ့လာ သင်ယူနေရမယ်။

ဒါကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ။
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ။

Sharing_is_Caring!
“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”
r

Leave a Reply

Your email address will not be published. Required fields are marked *