Tue. Oct 26th, 2021

#Unicode Version

 

လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။
အပြောနဲ့ ကဲ့ရဲ့တတ်သူတွေကို အလုပ်နဲ့ အနိုင်ယူရမယ်။
လုပ်သင့်တာကို လုပ်မှ လိုချင်တာကို ရမယ်။

“အားကျပါ မနာလို မဖြစ်နဲ့”

လောကမှာ- ဘာတစ်ခုမှ အလကား မရပါဘူး။
ဒါပေမယ့်… တန်ဘိုးအကြီးဆုံးနဲ့ အခမဲ့ရတာကတော့ မိဘရဲ့ မတ်တောနဲ့ စတေနာပဲ။

နေပူထဲရောက်မှ အရိပ်ရဲ့ တန်ဖိုးကို သိလာမယ်။
ကန္တာရထဲရောက်မှ ရေတစ်ပေါက်ရဲ့တန်ဖိုး သိလာမယ်။
စာမေးပွဲခန်းထဲ ရောက်မှ ဆရာတစ်ယောက်ရဲ့ စေတနာကို သိလာမယ်။
သာမာန်ဘဝမျိုးထက် သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားရမှာပဲ။

မင်းရဲ့ လုပ်ရပ်ဟာ မင်းရဲ့ ဘဝတန်ဘိုးပါဘဲ။
ယုံကြည်ချက်ရှိသူတွေဟာ ရည်မှန်းချက် ထားကြတယ်။

“ပျင်းရိသူကို ဝီရိယရှိသူက ကျော်နိုင်တယ်။ ဝီရိယရှိသူကိုတော့ စည်းကမ်းရှိသူက ကျော်နိုင်တယ်”

အပြောကြီးတာဟာ မလုပ်ချင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ။
လောကမှာ တန်ဖိုးအရှိဆုံးက အချိန်။ အရေးကြီးဆုံးက စိတ်ဓာတ်။
အကြီးမားဆုံးက မိဘကျေးဇူး။ မလုပ်သင့်တာကို လုပ်ရင် မလိုချင်တာကို ရမယ်။

ဉာဏ်ကောင်းဖို့ထက် စိတ်ဓာတ် ခိုင်မာဖို့ ပိုအရေးကြီးတယ်။
မမြင်ရသော အရာကို အချိန်ကုန်ခံ မျှော်လင့်နေမယ့်အစား မြင်နိုင်တာကို မဆုတ်မနစ်သော ဇွဲနဲ့ ၊ အခု ထလုပ်လိုက်ပါ။

“အနိုင်အရှုံးဆိုတာ လုပ်ရပ်ပေါ်မူတည်တယ်”

အစာ ငတ်ရင် တခဏ။ စာ ငတ်ရင် တစ်ဘဝလုံး ဆုံးရှုံးပြီမှတ်။
တစ်နေ့မှာ (၂၄) နာရီချင်း တူပေမဲ့ ဘဝတွေ ဘာကြောင့် မတူတာလဲ။

“ရောဂါပျင်းလျှင် ဆေးရှိသည်။ လူပျင်းလျှင် ဆေးမရှိ”လို့ပါပဲ။

 

Leave a Reply

Your email address will not be published. Required fields are marked *