success

“ကြိုးစားရင်းနဲ့သာ ကျော်လွန်ပါ”

#Unicode Version

ကျွန်တော် TV မကြည့်တာဆိုရင် ( ၂)နှစ်လောက်ရှိပြီ။ ရုပ်ရှင်ရုံမရောက်တာဆိုရင်တော့ (၅)နှစ်လောက်ရှိပြီ ထင်တယ်။ ဂိမ်းမဆော့‌တော့တာဆိုရင်တော့ (၄)နှစ်ကျော်လောက်ရှိပြီ။

တကယ်ပါ။ ဘ၀မှာ လုပ်သင့်လုပ်ထိုက် တာတွေကိုသာ ရှင်းရှင်းလင်းလင်း မြင်လာပြီး ကြိုးစားဖြစ်နေမယ်ဆိုရင် ကျန်တာတွေကို အချိန်အလွန်အမင်း မပေးနိုင်တော့ပါဘူး။

အချိန်တွေ ပိုနေပါတယ်ဆိုတဲ့သူဟာ ဘ၀ကို စိတ်အေးလက်အေးဖြတ်သန်းနေတာကြောင့် ဖြစ်နိုင်သလို တစ်ဖက်ကပြန်ကြည့်ရင် သူဟာ ကြိုးစားသင့်ကြိုးစား ထိုက်တာတွေကိုလည်း ကြိုးစားမနေလို့ပါ။

ငယ်သူ့မှာ ငယ်သူ့အလျောက် ကြိုးစားစရာ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်စရာတွေများစွာ ရှိပါတယ်။

အသက်အရွယ်ရနေသူမှာလည်း တရားရရေးအတွက် မဖြစ်မနေ စားမှု၊ နားမှုကိစ္စတွေကလွဲရင် အချိန်တိုင်း တရားမှတ်ကြိုးစားနေသင့်တာပါပဲ။

ကြိုးစားစရာမရှိတဲ့သူရယ်လို့ မရှိပါဘူး။ မကြိုးစားဘဲနေတဲ့သူနဲ့ လုပ်ချင်ရာလုပ်နေတဲ့သူသာ ရှိပါတယ်။

ကြိုးစားရင်းနဲ့သာ ကျော်လွန်ပါ။ ကိုယ်ဟာ အဓိပ္ပါယ်ရှိသူတစ်ယောက်ဖြစ်လာပြီး ရင့်ကျက်လာပါလိမ့်မယ်။

Sharing_is_Caring!

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: ကောင်းစံသာ (ရေကြည်)

Leave a Comment