success

“ကံတရားကိုပဲ အပြစ်မတင်ပါနဲ့”

#Unicode Version

လူချင်းတူပေမယ့် ကံချင်းမတူကျတဲ့အခါမှာ ရပိုင်ခွင့်တွေဟာလည်း မညီမမျှ ဖြစ်တတ်တယ်။

သူ့ကံနဲ့ ကိုယ့်ကံယှဉ်ကြည့်လို့ ပစ္စုပ္ပန်ကံချင်း တူနေရင်တောင်မှ အတိတ်ကံ အားကောင်းခဲ့တဲ့လူက ရပိုင်ခွင့် ပိုအားကောင်းတယ်။

သူကေတာ့ ဒီလောက်ကြီးရတယ်။ ငါကေတာ့ ဒီလောက်လေးရတယ်။ သူကေတာ့ ဦးစားပေးခံရတယ်။ ငါကေတာ့ နောက်ချန်ခံရတယ်။

ဒီလိုအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို လူတိုင်းနဲ့လိုက်ပြီး တန်းညှိမနေပါနဲ့။ တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အခြားလူနဲ့ယှဉ်ပြီး စိတ်ကြီးဝင်နေတတ်ကြသလို တစ်ခါတလေကတော့လည်း စိတ်အားငယ်နေတတ်ပြန်ရော။

 


နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ

 

ကိုယ့်ရဲ့ကံဆိုတာ ကိုယ်ရသင့် ရထိုက်လို့ ရလာတဲ့အမြတ်တစ်ခုပါ။ အခြားလူရဲ့ အရောင်တောက်ပမှုတွေကြောင့်တော့ ကိုယ့်စိတ်ကို အပူအဟပ် မခံချင်ပါနဲ့။

သူ့လို အရောင်တောက်ချင်ရင်တော့ ကိုယ့်ကံကို ပြောင်အောင် တိုက်ချွတ်ဆေးကြောပေးရုံပဲ ရှိတာပါ။

Sharing_is_Caring!

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: Original Writer

Leave a Comment