success

“ရင့်ကျက်လာတဲ့အခါ”

#Unicode Version

ရင့်ကျက်လာတဲ့အခါ…
စေတနာထားပြီး ကိုယ်ကျိုးမငဲ့ကူညီပေးခဲ့ပေမယ့် စေတနာကို ငွေနဲ့ပြန်အမ်းတတ်တဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်တော့ဘူး။
အချိန်တန်…..
ကိုယ့်လောက်စေတနာမထားနိုင်တဲ့သူနဲ့ တွေ့လာတဲ့တစ်နေ့မှာ ကိုယ့်စေတနာတန်ဖိုးကို သူနားလည်လာပါလိမ့်မယ်လို့ပဲ တွေးတတ်လာတယ်။

ရင့်ကျက်လာတဲ့အခါ…..
ရိုးသားစွာနေခဲ့ပေမယ့် မရိုးမသားထင်တတ်တဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်တော့ဘူး။
အချိန်တန်…..
ကိုယ့်လောက်မရိုးသားနိုင်တဲ့သူနဲ့ သူတွေ့လာတဲ့တစ်နေ့မှာ ကိုယ့်ရိုးသားမှုတန်ဖိုးကို သူနားလည်လာပါလိမ့်မယ်လို့ပဲ တွေးတတ်လာတယ်။

ရင့်ကျက်လာတဲ့အခါ……
အကောင်းဆုံးနေခဲ့ပေမယ့် နောက်ကွယ်မှာ မကောင်းပြောတတ်တဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်တော့ဘူး။
အချိန်တန်……
ကိုယ်လောက်မကောင်းနိုင်တဲ့သူနဲ့ တွေ့လာတဲ့တစ်နေ့မှာ ကိုယ့်ရဲ့အကောင်းဆုံးနေထိုင်မှုတန်ဖိုးကို သူနားလည်လာပါလိမ့်မယ်လို့ပဲ တွေးတတ်လာတယ်။

ရင့်ကျက်လာတဲ့အခါ……
ကိုယ်ကစိတ်ရင်းအမှန်နဲ့ဆက်ဆံခဲ့ပေမယ့် ကိုယ့်ဆီက ရသလောက်ယူသွားပြီး ကွက်ကျော်ရိုက်ခဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်တော့ဘူး။
အချိန်တန်…..
ကိုယ့်လောက်စိတ်ရင်းအမှန်နဲ့ မဆက်ဆံတတ်တဲ့သူကို တွေ့လာတဲ့တစ်နေ့မှာ ကိုယ့်စိတ်ရင်းအမှန်ရဲ့တန်ဖိုးကို သူနားလည်လာပါလိမ့်မယ်လို့ပဲ တွေးတတ်လာတယ်။

ရင့်ကျက်လာတဲ့အခါ…….
စေတနာထားခဲ့ပေမယ့် စေတနာကို နားမလည်တဲ့သူတွေအတွက်နဲ့ ဒေါသမထွက်တတ်တော့ဘူး။ ရိုးသားမှုပေးခဲ့ပေမယ့် မရိုးမသားထင်တတ်တဲ့သူတွေ အတွက်နဲ့ ဒေါသမထွက်တတ်တော့ဘူး။ စိတ်ရင်းအမှန်ကို နင်းပြီး မတရားအနိုင်ယူသွားတဲ့ သူတွေအတွက်နဲ့ ဒေါသမထွက်တတ်တော့ဘူး။

ရင့်ကျက်လာတဲ့အခါ…….
အကောင်းဆုံးနေခဲ့ပေမယ့် အဆိုးမြင်တတ်တဲ့ သူတွေအတွက်နဲ့ ဒေါသမထွက်တတ်တော့ဘူး။

ရင့်ကျက်လာတဲ့အခါ……..
အမှန်တရားဆိုတာ တစ်နေ့မှာ အမှန်အတိုင်း ပေါ်လာမယ်ဆိုတာပဲ ယုံကြည်တတ်လာတော့တယ်။ နောက်ဆုံးတော့ အမှန်တရားဆိုတာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ဘွင်းဘွင်းကြီးပေါ်လာမှာပါပဲလေ…..

ဘာကိုမှ ဟန်မဆောင်ဖုံးမကွယ်သူအတွက် နောက်ဆုံးမှာ အမှန်တရားက အပြုံးနဲ့ကြိုနေမှာပါ…..လို့ပဲတွေးရင်း စိတ်ချမ်းသာအောင်နေလိုက်ပါနော်။

Sharing_is_Caring!

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: ပန်းနုစံ

Leave a Comment