Daily News
အသင့်တော်ဆုံး ခန္ဓာကိုယ်ကြွက်သားကြီးထွားလာသည်အထိ လေ့ကျင့်ခန်းများလုပ်ပြီး ဆယ်ကျော်သက်များ မနာလိုဖြစ်စေမဲ့ ခန္ဓာကိုယ်နဲ့ အသက် ၇၀ အဘိုးအို
မျိုးဆက်သစ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အသက် ၇၀ အရွယ်တရုတ်အဘိုးတစ်ယောက်က ကျန်းမာရေးကောင်းဖို့အတွက် ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်းတွေကို အာရုံစိုက် လေ့ကျင့်နေခဲ့ပါတယ် ။ အရွယ်ရောက်ပြီးသူအများစုက အငြိမ်းစားယူပြီးနောက် အပူပင်ကင်းစွာနေကြပေမဲ့ ဒီအဘိုးအိုက ဘဝမှာ စိတ်ချမ်းသာစရာအလုပ်တစ်ခု မဟုတ်တော့ဘဲ ရည်ရွယ်ချက်သစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ် ။ ဒါကကြွက်သားကစားတာပါ ။ အဘိုး “Zheng Weitao” ဟာ အသက် ၇၀ အရွယ်ရှိပြီး Jiangxi ပြည်နယ်၊ Nanchang ဇာတိဖြစ်ပါတယ် ။ အငြိမ်းစားယူပြီးကတည်းက အဖိုးဟာ အားကစားရုံသို့ သွားရန်၊ ကိုယ်အလေးချိန်မြှင့်ရန်၊ ကျန်းမာရေးကောင်းစေရန် ကြွက်သားများကစားရန် ဆုံးဖြတ်ထားပြီး ကြွက်သားအစုအဝေးမရှိသည်အထိ ဆယ်ကျော်သက်များမနာလိုဖြစ်ရမည့် အမျိုးအစားဖြစ်ပါတယ် ။
အဖိုး Zheng က “ သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လူတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီး ချစ်ဖို့တိုက်တွန်းချင်တယ်။ ကျွန်တော်က မျိုးဆက်သစ်များကို အပြုသဘောဆောင်သောစွမ်းအင်များလွှဲပြောင်းပေးတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်တယ် ” လို့ ဆိုခဲ့ပါတယ် ။ အထူးသဖြင့် အဘိုးရဲ့ရုပ်ပုံသဏ္ဏာန်ကို တွေ့တဲ့အခါမှာပေါ့ မျိုးဆက်သစ်တင်မကပါဘူး သက်လတ်ပိုင်းအရွယ်ရောက်ပြီးသူအတော်များများက တစ်ချိန်တည်းမှာဘဲ လှုံ့ဆော်မှုကို ရကောင်းရမှာ အသေအချာပါ ။
.
.
.
.
.
JRose (KB Chimmy One)
Reference : sanook
Zawgyi
JRose (KB Chimmy One)
Leave a Comment