Daily News

ကင်ဆာရောဂါခံစားရတဲ့ ဒေါ်လေးကို ကုသဖို့အတွက် ပန်းချီဆွဲကာ ရောင်းချပြီး ပိုက်ဆံတွေစုဆောင်းနေခဲ့တဲ့ ၁၃ နှစ် ကောင်လေး

China Xinhua News ရဲ့ Facebook စာမျက်နှာမှာ အသက် ၁၃ နှစ်သာရှိသေးတဲ့ Chongqing ပြည်နယ်က ကောင်လေး He Sihan ရဲ့မိဘနှစ်ပါးမရှိတော့တာကြောင့် အသက် ၃၃ နှစ်ရှိအဒေါ် Jian Hua နဲ့အတူ နေထိုင်ခဲ့ပါတယ် ။ ကောင်လေးရဲ့အဒေါ်က သူ့ကို တကယ့်ကလေးအရင်းရှာလို ဂရုစိုက်ပြီး ချစ်ခဲ့ပါတယ် ။ ဒါပေမဲ့ ကောင်လေးဟာ မကြာခဏဖျားနေတာကြောင့်အဒေါ်က သူ့ကိုဆေးရုံ မကြာခဏ ခေါ်သွားခဲ့ရပါတယ် ။ နောက်ပြီး ဒေါ်လေးက သူ့ကိုအပြည့်အဝ ဂရုစိုက်နိုင်ဖို့အတွက် အိမ်ထောင်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က ဒေါ်လေး He Jian Hua ဟာ ရင်သားကင်ဆာရောဂါခံစားခဲ့ရပြီး ၎င်းတို့မိသားစုက အလွန်မြင့်မားတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးရှိလာခဲ့ပြီး နှောင်းပိုင်းမှာ ဒေါ်လေးက ကောင်လေးကို ဖခင်ဖြစ်သူရဲ့အစ်ကိုထံသို့ စေလွှတ်ခဲ့လိုက်ပါတယ် ။

အခုမှပဲ ကလေးလေးက ပုံဆွဲတတ်အောင်သင်ခဲ့ပြီး အခုမှာ သူက သူ့ရဲ့အဒေါ်နဲ့ ပြန်ဆုံတွေ့ခဲ့ရပါတယ် ။ ထိုအချိန်မှစပြီး ကင်ဆာက ဒေါ်လေး He Jianhua ရဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူမကို ဆေးကုသမှုအတွက် ငွေအမြောက်အများသုံးစွဲစေခဲ့ပါတယ် ။ ကောင်လေးက သူချစ်တဲ့ saleb ပန်းချီကားချပ်ကို ရေးဆွဲပြီး ဒေါ်လေးဆေးကုသမှုစရိတ်အတွက် ရောင်းချပြီး အသုံးပြုခဲ့ပါတယ် ။ “ ငါ ငါ့ရဲ့ပန်းချီအနုပညာကို ကြိုးကြိုးစားစားနဲ့ လေ့လာမယ်။ ဒေါ်လေးကိုလည်း ပျော်ရွှင်အောင်ထားမယ် ။ ဒါပေမယ့် အခုငါ့အဒေါ်ကို အရင်ဆုံးကူညီဖို့ ငွေရှာရောင်းဖို့ ပုံတွေကိုဆေးခြယ်ရမယ် ။ ဒေါ်လေး အသက်ရှင်ဖို့လိုအပ်တယ် ” လို့ ကောင်လေးက ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ကံကောင်းချင်တော့ မီဒီယာတွေက ဒီအန်တီ Jian ရဲ့ အကြောင်းကိုဖြန့်တဲ့အချိန်မှာ ကူညီဖို့ငွေကြေးလှူဒါန်းတဲ့ ပရဟိတသမားတွေ အများကြီးရှိခဲ့ပါတယ် ။

.

.

.

.

.

.

JRose (KB Chimmy One)

Reference : sanook

Zawgyi

China Xinhua News ရဲ႕ Facebook စာမ်က္ႏွာမွာ အသက္ ၁၃ ႏွစ္သာရွိေသးတဲ့ Chongqing ျပည္နယ္က ေကာင္ေလး He Sihan ရဲ႕မိဘႏွစ္ပါးမရွိေတာ့တာေၾကာင့္ အသက္ ၃၃ ႏွစ္ရွိအေဒၚ Jian Hua နဲ႔အတူ ေနထိုင္ခဲ့ပါတယ္ ။ ေကာင္ေလးရဲ႕အေဒၚက သူ႔ကို တကယ့္ကေလးအရင္းရွာလို ဂ႐ုစိုက္ၿပီး ခ်စ္ခဲ့ပါတယ္ ။ ဒါေပမဲ့ ေကာင္ေလးဟာ မၾကာခဏဖ်ားေနတာေၾကာင့္အေဒၚက သူ႔ကိုေဆး႐ုံ မၾကာခဏ ေခၚသြားခဲ့ရပါတယ္ ။ ေနာက္ၿပီး ေဒၚေလးက သူ႔ကိုအျပည့္အဝ ဂ႐ုစိုက္ႏိုင္ဖို႔အတြက္ အိမ္ေထာင္မျပဳဖို႔ ဆုံးျဖတ္လိုက္ပါတယ္ ။ လြန္ခဲ့တဲ့ေျခာက္ႏွစ္ခန႔္က ေဒၚေလး He Jian Hua ဟာ ရင္သားကင္ဆာေရာဂါခံစားခဲ့ရၿပီး ၎တို႔မိသားစုက အလြန္ျမင့္မားတဲ့ ေငြေၾကးဝန္ထုပ္ဝန္ပိုးရွိလာခဲ့ၿပီး ေႏွာင္းပိုင္းမွာ ေဒၚေလးက ေကာင္ေလးကို ဖခင္ျဖစ္သူရဲ႕အစ္ကိုထံသို႔ ေစလႊတ္ခဲ့လိုက္ပါတယ္ ။

အခုမွပဲ ကေလးေလးက ပုံဆြဲတတ္ေအာင္သင္ခဲ့ၿပီး အခုမွာ သူက သူ႔ရဲ႕အေဒၚနဲ႔ ျပန္ဆုံေတြ႕ခဲ့ရပါတယ္ ။ ထိုအခ်ိန္မွစၿပီး ကင္ဆာက ေဒၚေလး He Jianhua ရဲ႕ ခႏၶာကိုယ္အႏွံ႔ ပ်ံ႕ႏွံ႔သြားၿပီး သူမကို ေဆးကုသမႈအတြက္ ေငြအေျမာက္အမ်ားသုံးစြဲေစခဲ့ပါတယ္ ။ ေကာင္ေလးက သူခ်စ္တဲ့ saleb ပန္းခ်ီကားခ်ပ္ကို ေရးဆြဲၿပီး ေဒၚေလးေဆးကုသမႈစရိတ္အတြက္ ေရာင္းခ်ၿပီး အသုံးျပဳခဲ့ပါတယ္ ။ “ ငါ ငါ့ရဲ႕ပန္းခ်ီအႏုပညာကို ႀကိဳးႀကိဳးစားစားနဲ႔ ေလ့လာမယ္။ ေဒၚေလးကိုလည္း ေပ်ာ္႐ႊင္ေအာင္ထားမယ္ ။ ဒါေပမယ့္ အခုငါ့အေဒၚကို အရင္ဆုံးကူညီဖို႔ ေငြရွာေရာင္းဖို႔ ပုံေတြကိုေဆးျခယ္ရမယ္ ။ ေဒၚေလး အသက္ရွင္ဖို႔လိုအပ္တယ္ ” လို႔ ေကာင္ေလးက ေျပာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကံေကာင္းခ်င္ေတာ့ မီဒီယာေတြက ဒီအန္တီ Jian ရဲ႕ အေၾကာင္းကိုျဖန႔္တဲ့အခ်ိန္မွာ ကူညီဖို႔ေငြေၾကးလႉဒါန္းတဲ့ ပရဟိတသမားေတြ အမ်ားႀကီးရွိခဲ့ပါတယ္ ။

JRose (KB Chimmy One)

Leave a Comment