အနာဂတ်မှာ အသုံးဝင်လာမည့် အစားထိုးတီထွင်မှု ၁၀ ခု
လွန်ခဲ့သောအနှစ် ၂၀ ခန့်က Bluetooth သဘောတရားများဟာ ကမ္ဘာကြီးကိုစတင် လွှမ်းမိုးခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သင့်ရဲ့စမတ်ဖုန်းတစ်လုံးဟာ မည်သည့်အရာနှင့်မဆိုချိတ်ဆက်နိုင်နေပြီဖြစ်ပြီး ပေါင်မုန့် မီးကင်စက်နဲ့တောင် ချိတ်ဆက်နိုင်နေပါပြီ။ စက်ရုပ်တွေက ကျွန်ုပ်တို့ရဲ့ လက်သည်းတွေကိုဆေးခြယ်ပေးပြီး ကျွန်ုပ်တို့ရဲ့အဝတ်အစားတွေက သူတို့ကိုယ်သူတို့သန့်ရှင်းရေးလုပ်မယ့် ကမ္ဘာကြီးဟာ စိတ်ကူးယဉ်ဆန်နေပေမယ့် မကြာခင်မှာ ဖြစ်လာဖို့ရှိနေပါတယ်။
(၁) ကိုယ်တိုင်သန့်ရှင်းရေး လုပ်မယ့်အဝတ်အစားများ
သြစတေးလျသိပ္ပံပညာရှင်များဟာ အလိုလိုသန့်ရှင်းစေသော ချည်မျှင်ကိုတီထွင်ခဲ့ကြပါတယ်။အလင်းရောင်နှင့်ထိတွေ့ရုံဖြင့် ဖုန်များနှင့်အစွန်းအထင်းများကို ဖယ်ရှားနိုင်သော nanostructures များကိုအသုံးပြုထားတာကြောင့် တစ်နေ့မှာ မတော်တဆများ သင့်အင်္ကျီပေါ် Spaghetti များ မှောက်ကျခဲ့ သော် သင်ဟာ မီးလုံးတစ်လုံးကို ကိုင်ထားရုံဖြင့် အစွန်းတွေပျောက်သွားနိုင်မှာပါ။
(၂) လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည့် အရောင်ပြောင်း ပြတင်းပေါက်များ
သိပ္ပံပညာရှင်များဟာ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများကိုသုံး၍ အပူချိန်မြင့်တက်လာသည်နှင့်အမျှ အလင်းကိုအရောင်မှိန်စေမည့် ပြတင်းပေါက်မျိုးကို ဖန်တီးခဲ့ကြတာကြောင့် လေအေးပေးစက်များကို အစားထိုးလာနိုင်ဖွယ်ရှိပါတယ်။ ပို၍ အထင်ကြီးစရာကောင်းသည်ကတော့ ပြတင်းပေါက်များဟာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ ဖြစ်သောကြောင့်လျှပ်စစ်ဓာတ်အားကိုပါ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
(၃) လမ်းပြခွေးစက်ရုပ်လေးများ
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသနာပညာရှင်များဟာ အမြင်အာရုံချို့တဲ့သူများကို လမ်းပြကူညီရန်အတွက် ခွေးစက်ရုပ်လေးများကို တီထွင်ခဲ့ပါတယ်။စက်ရုပ်အတွင်း ကင်မရာနှင့်အာရုံခံကိရိယာများ ပါ၀င်သောကြောင့် လမ်းခရီးမှ အတားအဆီးများကို အချက်ပေးပြီး ၎င်း၏ပိုင်ရှင်ကို အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။
သို့သော် ဤနည်းပညာကတော့ ရှေ့ပြေး စမ်းသပ်ဆဲ အဆင့်တွင်သာရှိသေးပြီး နည်းပညာများတိုးတက်လာသည်နှင့်အမျှ လမ်းပြခွေးစက်ရုပ်များလဲ ပိုမိုတိုးတက်ထွန်းကားလာမှာ ဖြစ်ပါတယ်။
(၄) စမတ်အိပ်ယာများ
သင်ဟာညဘက်တွေမှာ အိပ်မပျော်တတ် တဲ့လူစားမျိုးဖြစ်တယ်ဆိုရင်တော့ စမတ်အိပ်ယာဟာ ကယဖြေရှင်းနည်း ဖြစ်နိုင်ပါတယ်။ စမတ်အိပ်ယာဟာ သင့်ရဲ့ အိပ်စက်မှုပုံစံများ အချက်အလက်များကို စုစည်းပြီး အိပ်စက်မှုအတွက် အထောက်အပံ့ပေးပါလိမ့်မယ်။
ထို့ပြင် သင့်စိတ်ကြိုက် မွေ့ယာနေရာချထားမှုများ ၊ အပူချိန်ထိန်းညှိမှုများ အပြင် ရုပ်သံကြည့်ရှူနိုင်မှုများအတွက်လည်း ဆောင်ရွက်ပေးမှာပါ။
(၅) သူနာပြုစက်ရုပ်များ
စက်ရုပ်များကို သူနာပြုများ၏ အလုပ်များ ဖြစ်သည့် လူနာများကို မ ရာတွင် လည်းကောင်း ၊ အရေးကြီးလက္ခဏာများ တိုင်းတာရာတွင်လည်းကောင်း စသဖြင့် ကူညီပေးနိုင်ရန်လည်း တီထွင်ခဲ့ကြပါတယ်။
(၆) ဘားကုဒ်သုံး ငွေရှင်းကောင်တာများ
ဈေးဝယ်ပြီး ငွေရှင်းသည့်အခါ တန်းစီ စောင့်ဆိုင်းစရာမလိုတော့ပဲ ဝယ်လာသည့် ပစ္စည်းများကို အလိုအလျောက် scan ဖတ်ပြီး သင့်ရဲ့ဘဏ်စာရင်းထဲက ငွေတွေကိုတိုက်ရိုက်ထုတ်ယူမည့်စနစ် ဖြစ်ပါတယ်။
(၇) Augmented Reality(AR) လမ်းညွှန်မှုများ
Augmented Reality (AR) လမ်းညွန်မှုများဟာ ကားလေကာမှန်များအထိ ရောက်ရှိနေပါပြီ။အဆောက်အဦးများနှင့် လမ်းအမည်များဟာ သင့်ရှေ့မှာပေါ်လာမှာဖြစ်ပြီး အတိအကျ လမ်းညွှန်ပေးသွားမှာပါ။
(၈) အဆင့်မြင့် သော့ခလောက်များ
ယနေ့ခေတ်မှာလည်း အဆင့်မြင့် စမတ်သော့များရှိနေပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုသေးပါဘူး။ အခြားစမတ်ကိရိယာများကဲ့သို့ ပင်သင့်ဖုန်းနှင့်ချိတ်ဆက်နိုင်ပြီး အိမ်သော့ခတ်ခြင်း ၊ သော့ဖွင့်ခြင်း ၊ အချိန်ဇယားဖြင့်သော့ပိတ်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၉) စမတ်မျက်မှန်များ
စမတ်မျက်မှန်များဟာ ဖုန်းပြောခြင်း၊ ရာသီဥတု၊ မက်ဆေ့ခ်ျများနှင့် လမ်းညွှန်ချက်များကဲ့သို့အရာအားလုံးကို မြင်တွေ့နိုင်ပါတယ်။ဝတ်ဆင်နိုင်သော ကွန်ပျုတာဟု အမည်ပေးနိုင်ပြီး ရေပန်းစားမှုတော့ နည်းနေပါသေးတယ်။
(၁၀) လက်သည်းအလှဆင်စက်ရုပ်
မသန်သော လက်ဖြင့် လက်သည်းနီဆိုးရခြင်းဟာ သင့်အတွက် ခက်ခဲနေပါသလား ? Nimble ကဲ့သို့သော လက်သည်းအလှဆင် စက်ရုပ်များ အနည်းငယ် ရှိနေပါပြီ။ လူသားတို့၏ လက်သည်းခွံအတွက် တိကျသော အလှဆင်ပေးနိုင်မှုအတွက်ကိုတော့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
အထက်ပါတီထွင်မှုများမှ တစ်ဆင့် ရရှိလာမယ့် လူသားတို့အတွက် ကောင်းကျိုး ဆိုးကျိူး များကို ဆွေးနွေးခဲ့နိုင်ပါတယ်။
Rft Brightside
Written One Daily Media
One Daily Media Copyright © 2021
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။