success

“ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး အမှန်တရား (၇)ခု”

Unicode Version

 

(၁) ကိုယ်ဘယ်လိုနေနေ ဘာတွေပဲလုပ်လုပ် လူတိုင်းကတော့ ကိုယ့်ကိုကြိုက်နိုင်မှာမဟုတ်ဘူးဆိုတာ သိထားပါ။ ကိုယ့်ကိုမကောင်းပြောလာခဲ့ရင် တုန်လှုပ်မသွားပါနဲ့။ အဲဒါသာမန်ပါပဲ။ နောက်ပြီး လူတကာကြိုက်ဖို့ကိုလည်း ဘယ်တော့မှအားမထုတ်၊ မမျှော်လင့်ပါနဲ့။ သိပ်ပင်ပန်းရပါလိမ့်မယ်။

(၂) ကိုယ်လုပ်ပေးနိုင်တာ လုပ်ပေးပါ။ တုံ့ပြန်ဖို့မမျှော်လင့်ပါနဲ့။

(၃) လူတွေကို ပြောင်းလဲပေးတာထက် ပြောင်းလဲချင်စိတ်ရှိသူကို ကူညီပေးတာက ပိုထိရောက်ပါတယ်။

(၄) သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း အချိန်မရွေးကွဲသွားနိုင်ပါတယ်။ ဒါကိုရွေးချယ်လို့မရပါဘူး။အတူရှိနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သဘောထားဆက်ဆံကြမလဲ ဆိုတာကိုပဲ ရွေးလို့ရပါတယ်။

(၅) ဘယ်သူ့ကိုမှပုံမသွင်းပါနဲ့။ မချည်နှောင်ပါနဲ့။ လွှမ်းမိုးဖို့မကြိုးစားပါနဲ့။ အရှိအရှိအတိုင်းကိုသာ လက်ခံနိုင်အောင်ကြိုးစားပါ။

(၆) တုံ့ပြန်သင့်တယ်ထင်ရင် တစ်ခါတည်းတုံ့ပြန်ခဲ့ပါ။ ပြီးမှခံလိုက်ရလေခြင်းဆိုပြီး တနုံ့နုံ့နဲ့ခံစားမနေပါနဲ့။ နှစ်ခါရှုံးပါတယ်။

(၇) ကိုယ့်ကိုဒုက္ခပေးခဲ့ဖူးသူတွေကို ခွင့်လွှတ်ပါ။ ပိုအရေးကြီးတာက ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို အသိအမှတ်ပြု၊ ကျေးဇူးတင်၊ ကျေးဇူးဆပ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။

 

Leave a Comment