success

“ဘဝမှာ အောင်မြင်ပြီး ချမ်းသာချင်သူများအတွက်”

Unicode Version

 

(၁) အချိန်ကို တန်ဖိုးထားပါ

ကိုယ့်ဘဝကို အထောက်အကူ မပေးနိုင်မယ့်အရာတွေနဲ့ အချိန်ကို မဖြုန်းလိုက်ပါနဲ့။ လောကမှာ အချိန်ကို တန်ဖိုးထားကြသူတိုင်း အောင်မြင်ကြတယ်။ ချမ်းသာကြတယ်။ သောမတ်စ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးတီထွင်နိုင်ဖို့အတွက် နေ့ရောညပါ အားသွန်ခွန်စိုက်နဲ့ ကြိုးစားခဲ့လို့ သူ့ရဲ့တီထွင်မှုဟာ အောင်မြင်ခဲ့ပြီး ယနေ့ထိ ချီးကျူးဂုဏ်ပြုခံနေရသူပါ။ဒါဟာ အချိန်ကို တန်ဖိုးထားခြင်းကြောင့် ရတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။

(၂) Brand အသစ်တွေ ပေါ်လာတိုင်း ဝယ်ဖို့ မစဉ်းစားပါနဲ့

အသစ်ပေါ်လာတိုင်း ဝယ်မယ်ဆို မလိုလားအပ်ပဲ ဖြုန်းရာကျပါတယ်။ “ကိုယ်တကယ်လိုအပ်နေသလား။ခုလက်ရှိ သုံးနေတဲ့ပစ္စည်းက မကောင်းတော့ဘူးလား။ဒီပစ္စည်း မရှိရင် မဖြစ်ဘူးလား။ကိုယ့်အတွက်အကျိုးရှိမယ့် ပစ္စည်းမျိုးလား”စသဖြင့် မဝယ်ခင် ၃ကြိမ် စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ကိုယ်လိုချင်တာကို မြင်တာနဲ့ တန်းမဝယ်ပါနဲ့။

(၃) ကြိုးစားပါ

ကမ္ဘာပေါ်တွင် အကြီးအကျယ်ကြီးပွားချမ်းသာပြီး အောင်မြင်နေကြသူများဟာ အလုပ်ကြိုးစားကြသူများ၊ဝီရိယအားကောင်းကြသူများ ဖြစ်ပါတယ်။ “ကြိုးစားက ဘုရားဖြစ်”ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်ရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရပါတယ်။လွယ်လွယ်နဲ့မဖြစ်ပါဘူး။ တကယ်ကြိုးစားလို့သာ ဖြစ်တာပါ။

(၄) စာဖတ်ပါ

စာအုပ်များသည် ကိုယ့်ဘဝအောင်မြင်တိုးတက်ရေးအတွက် အသုံးချနိုင်တဲ့ လှေကားထစ်ပဲဖြစ်ပါတယ်။ စာဖတ်ခြင်းဖြင့် မှားသည် မှန်သည် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ စာအုပ်တွေထဲကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ပါတယ်။ စာဖတ်ဆိုပင်မယ့် ဖတ်ရုံသာမဟုတ်ပဲ ဖတ်၊မှတ်၊လိုက်နာ၊ကျင့်သုံးဖို့လည်း လိုအပ်ပါတယ်။

(၅) အလုပ်ကို တန်ဖိုးထားပါ

အလုပ်ကို တန်ဖိုးထားပါ။ ဝင်ငွေလမ်းကြောင်း အများကြီးဖွင့်ထားပါ။ ရလာတဲ့ငွေကို စုပြီးရင်းနှီးမြုပ်နှံပါ။‌ငွေကို ဘဏ်ထဲ သို့မဟုတ် အိမ်ထဲမှာ အောင်းမထားပါနဲ့။ ငွေကို အသုံးချနိုင်ဖို့ အမြဲစဉ်းစားပါ။

အထက်က ဝေမျှပေးထားတဲ့အချက်တွေထဲက ကိုယ့်မှာ ဘာလိုအပ်နေသလဲ? ဘာတွေထပ်လုပ်ရမလဲ? ဘာတွေဆင်ခြင်ရမလဲ? ဆိုတာ ဆန်းစစ်ကြည့်ပြီး အောင်မြင်မှုတွေကို ရလိုက်ယူပါ။
“အားလုံးပဲ တနေ့မှာ အောင်မြင်ပြီး ချမ်းသာသူများ ဖြစ်ကြပါစေ”

 

Leave a Comment