Uncategorized

ပေါင်တံကို ပတ္တူစတစ်ခုအဖြစ်အသုံးပြုပြီး မှင်ဘောပင်တွေနဲ့ အံ့သြဖွယ်ကောင်းတဲ့ ပုံတွေကို ရေးဆွဲနိုင်ခဲ့တဲ့ အနုပညာရှင်မိန်းကလေးတစ်ဦး

အနုပညာရှင် Randa Haddadin အမည်ရှိ ပန်းချီဆရာမတစ်ဦးဟာ သူမပေါင်ပေါ်မှာ သူမရေးဆွဲခဲ့တဲ့ ပုံများတင်ခြင်းကြောင့် လူသိများလာခဲ့ပါတယ် ။ Randa က သူမပေါင်ပေါ်မှ ပန်းချီကားချပ်ကို ဘာကြောင့် စိတ်ကူးပုံဖော်မိတာလဲလို့ Boredpanda မှ မေးမြန်းခဲ့ပါတယ် ။ သူမက “ ကျွန်မတို့အားလုံးရဲ့ဘဝမှာ အထူးသဖြင့် ကလေးအရွယ်တုန်းကဆို လက်၊ ခြေထောက်၊ အဝတ်တွေပေါ်မှာ တစ်ခုခုကို အမြဲဆွဲဖူးတာမို့လို ကျွန်မဒီလို စိတ်ကူးမိတာပါ ” ဆိုပြီး ရှင်းပြခဲ့ပါတယ် ။ အစတုန်းက Randa ဟာ တက်တူးဒီဇိုင်းဆွဲဖို့ ကြိုးစားခဲ့ပေမဲ့ အဲ့ဒီအရာက ဘယ်တုန်းကမှ ပြေလည်အောင် သူမ မစီမံနိုင်ခဲ့ပါဘူး ။ ယခုမှာ သူမကိုယ်တိုင်အရေပြားပေါ်မှာ ပန်းချီဆွဲခြင်းက Randa အတွက် ကုထုံးနဲ့ တွေးတောဆင်ခြင်မှုဖြစ်လာခဲ့ပါတယ် ။ Randa က သူမရဲ့ ပေါင်ပေါ်ရေးဆွဲလိုက်တာကြောင့် ၎င်းဟာ ကွဲပြားခြားနားတဲ့ အနုပညာတစ်မျိုးဖြစ်ပါတယ် ။


ပထမတော့ ၎င်းဟာ Randa ရဲ့ စိတ်ကိုဖြေလျှော့ရန် လုပ်ဆောင်ချက်တစ်ခုသာဖြစ်သော်လည်း မကြာသေးမီက သူမရဲ့ ပုံများဟာ ပိုမိုပြန့်နှံ့လာခဲ့ပြီး သူမက ၎င်းပုံများကို ပိုမိုရေးဆွဲရန် ပန်းချီဆရာက စတင်အားပေးလာခဲ့ပါတယ် ။ Randa ကလူတွေဟာ သူမရဲ့ပုံတွေကို တက်တူးပုံအဖြစ် တကယ်သုံးကြတယ်ဆိုတာကို ကြားရတော့ သူမ အရမ်းပျော်နေခဲ့ပါတယ် ။“ ကျွန်မရဲ့အနုပညာကို သူတို့ခန္ဓာကိုယ်မှာ ဆွဲထားတဲ့သူတစ်ယောက်ရှိတယ်ဆိုတာသိလိုက်တော့ ကျွန်မ ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့မိတယ် ” လို့ Randa ကဆိုခဲ့ပါတယ် ။


Randa က ပုံရေးဆွဲဖို့အတွက် မိနစ် ၂၀ လောက်သာ ကြာပြီး ထိုအချိန်တွေမှာ Randa က ဆေးတွေအားလုံး အကုန်ခြယ်ပြီးသားဖြစ်ပါတယ် ။ ပုံတွေက တက်တူးများနဲ့တူပြီး Randa က အနက်ရောင်မှင်ဘောပင်၊ သို့မဟုတ် eyeliner နဲ့ အခြားမိတ်ကပ်ကိုသုံးတာကြောင့် ၎င်းတို့ကို အလွယ်တကူဆေးကြောလို့ရပါတယ် ။ Randa ရဲ့အနုပညာကို စာဖတ်သူတို့ ဘယ်လိုထင်မြင်လဲဆိုတာကို ဝေမျှပေးနိုင်ပါတယ် ။


.


.


.


.


.


.


.


.


.


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : boredpanda

Zawgyi

အႏုပညာရွင္ Randa Haddadin အမည္ရွိ ပန္းခ်ီဆရာမတစ္ဦးဟာ သူမေပါင္ေပၚမွာ သူမေရးဆြဲခဲ့တဲ့ ပုံမ်ားတင္ျခင္းေၾကာင့္ လူသိမ်ားလာခဲ့ပါတယ္ ။ Randa က သူမေပါင္ေပၚမွ ပန္းခ်ီကားခ်ပ္ကို ဘာေၾကာင့္ စိတ္ကူးပုံေဖာ္မိတာလဲလို႔ Boredpanda မွ ေမးျမန္းခဲ့ပါတယ္ ။ သူမက “ ကၽြန္မတို႔အားလုံးရဲ့ဘဝမွာ အထူးသျဖင့္ ကေလးအရြယ္တုန္းကဆို လက္၊ ေျခေထာက္၊ အဝတ္ေတြေပၚမွာ တစ္ခုခုကို အျမဲဆြဲဖူးတာမို႔လို ကၽြန္မဒီလို စိတ္ကူးမိတာပါ ” ဆိုၿပီး ရွင္းျပခဲ့ပါတယ္ ။ အစတုန္းက Randa ဟာ တက္တူးဒီဇိုင္းဆြဲဖို႔ ႀကိဳးစားခဲ့ေပမဲ့ အဲ့ဒီအရာက ဘယ္တုန္းကမွ ေျပလည္ေအာင္ သူမ မစီမံနိုင္ခဲ့ပါဘူး ။ ယခုမွာ သူမကိုယ္တိုင္အေရျပားေပၚမွာ ပန္းခ်ီဆြဲျခင္းက Randa အတြက္ ကုထုံးနဲ႔ ေတြးေတာဆင္ျခင္မႈျဖစ္လာခဲ့ပါတယ္ ။ Randa က သူမရဲ့ ေပါင္ေပၚေရးဆြဲလိုက္တာေၾကာင့္ ၎ဟာ ကြဲျပားျခားနားတဲ့ အႏုပညာတစ္မ်ိဳးျဖစ္ပါတယ္ ။


ပထမေတာ့ ၎ဟာ Randa ရဲ့ စိတ္ကိုေျဖေလၽွာ့ရန္ လုပ္ေဆာင္ခ်က္တစ္ခုသာျဖစ္ေသာ္လည္း မၾကာေသးမီက သူမရဲ့ ပုံမ်ားဟာ ပိုမိုျပန္႔ႏွံ့လာခဲ့ၿပီး သူမက ၎ပုံမ်ားကို ပိုမိုေရးဆြဲရန္ ပန္းခ်ီဆရာက စတင္အားေပးလာခဲ့ပါတယ္ ။ Randa ကလူေတြဟာ သူမရဲ့ပုံေတြကို တက္တူးပုံအျဖစ္ တကယ္သုံးၾကတယ္ဆိုတာကို ၾကားရေတာ့ သူမ အရမ္းေပ်ာ္ေနခဲ့ပါတယ္ ။“ ကၽြန္မရဲ့အႏုပညာကို သူတို႔ခႏၶာကိုယ္မွာ ဆြဲထားတဲ့သူတစ္ေယာက္ရွိတယ္ဆိုတာသိလိုက္ေတာ့ ကၽြန္မ ကိုယ့္ကိုယ္ကို ဂုဏ္ယူခဲ့မိတယ္ ” လို႔ Randa ကဆိုခဲ့ပါတယ္ ။


Randa က ပုံေရးဆြဲဖို႔အတြက္ မိနစ္ ၂၀ ေလာက္သာ ၾကာၿပီး ထိုအခ်ိန္ေတြမွာ Randa က ေဆးေတြအားလုံး အကုန္ျခယ္ၿပီးသားျဖစ္ပါတယ္ ။ ပုံေတြက တက္တူးမ်ားနဲ႔တူၿပီး Randa က အနက္ေရာင္မွင္ေဘာပင္၊ သို႔မဟုတ္ eyeliner နဲ႔ အျခားမိတ္ကပ္ကိုသုံးတာေၾကာင့္ ၎တို႔ကို အလြယ္တကူေဆးေၾကာလို႔ရပါတယ္ ။ Randa ရဲ့အႏုပညာကို စာဖတ္သူတို႔ ဘယ္လိုထင္ျမင္လဲဆိုတာကို ေဝမၽွေပးနိုင္ပါတယ္ ။

JRose (KBdailynews)

Leave a Comment