Daily News

အိမ်ရှေ့မှာလာရောက်စွန့်ပစ်ထားသော တောဝက်ပေါက်လေးကို သွေးသားရင်းချာလို ပြုစုစောင့်ရှောက်ပေးခဲ့သည့် မိန်းကလေး

ပတ်ဝန်းကျင်တွင် စွန့်ပစ်ထားတဲ့ တိရစ္ဆာန်လေးများကို မကြာခဏ တွေ့ဖူးကြုံဖူးကြလိမ့်မည်ဟု ထင်မိသည်။

သို့ဖြစ်၍ သီရိလင်္ကာနိုင်ငံတွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် မနက်ခင်းဖက် လမ်းလျှောက်ထွက်ခဲ့ရာ အိမ်ရှေ့တွင်ပိုင်ရှင်မဲ့ လာချထားသော ကတ်ထူပုံးလေးတစ်ခုကို တွေ့ရှိခဲ့သည်။

ထိုစဥ် မိန်းကလေးမှ ဖွင့်ကြည့်ခဲ့ရာ မထင်မှတ်ထားပဲ ချစ်စဖွယ် တောဝက်ပေါက်လေးတစ်ကောင်ဖြစ်နေခဲ့၍ ကိုယ်တိုင်ကလည်း တိရစ္ဆာန်လေးတွေကို ချစ်တတ်သူဖြစ်နေကာ ခေါ်ယူပြီး မွေးစားခဲ့သည်။

တောဝက်ပေါက်လေးမှာ မိခင်နို့စို့အရွယ်သာဖြစ်နေပြီး မိန်းကလေးမှ နွားနို့များစွာကို ဝယ်တိုက်ခဲ့သော်လည်း သုံးရက်တိုင်တိုင် မသောက်ပဲနေခဲ့သည်။

မိန်းကလေးလည်း အွန်လိုင်းကနေတဆင့် ရှာဖွေကြည့်ခဲ့ပြီး နွားနို့မရ၍ ခွေးနို့နှင့်ပြောင်းတိုက်လိုက်မှ အဆင်ပြေသွားတော့သည်။

ထို့နောက် အိမ်ရှိခွေးလေးနှင့်အတူ အဖော်ရစေခဲ့ပြီး ရေချိုးခြင်းကို နှစ်သက်သော ဝက်ပေါက်လေးအတွက် ရေကူးကန်လေးတစ်ခုပါ ဆောက်ပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi








Hlaing (Love Feeling)

Leave a Comment