Daily News

ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်သာမက သေသပ်လွန်းတဲ့ခန္ဓာဗေဒပုံကြမ်းပုံများကြောင့် လူကြိုက်များနေတဲ့ ကျောင်းဆရာတစ်ဦး

ဆရာများစွာအတွက် ပုံနှိပ်စာအုပ်များနှင့် online အရင်းအမြစ်များဟာ အတန်းထဲတွင် ၎င်းတို့သုံးလေ့ရှိသည့်အရင်းအမြစ်အချို့ဖြစ်သော်လည်း ပုံဆွဲခြင်းသည်သာ သူ့ရဲ့စာသင်ခန်းတွင် သင်ယူခြင်းကိုအကောင်းဆုံးချဉ်းကပ်မှုဟုယုံကြည်သော ဤထိုင်ဝမ်ဆရာအတွက်ကတော့ မဟုတ်နေခဲ့ပါဘူး။ ထိုင်ဝမ်မှထက်မြက်ပြီး အနုပညာဆန်တဲ့ဆရာတစ်ဦးဖြစ်တဲ့ Chuan-Bin Chung ဟာ သူ့ရဲ့ကျောင်းသားများအတွက် မယုံနိုင်စရာကောင်းလွန်းတဲ့ခန္ဓာဗေဒပုံကြမ်းများကို ကျောက်သင်ပုန်းပေါ်တွင် ကိုယ်တိုင်လက်တွေ့ရေးဆွဲပေးတတ်တဲ့ဆရာတစ်ဦးဘဲဖြစ်ပါတယ်။ သူ၏ သေသပ်လွန်းတဲ့ chalkboard sketches ရဲ့ဓာတ်ပုံများဟာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး သူ၏ကျောင်းသားများက သူ့အား “ သက်ရှိဖတ်စာအုပ်” ဟုဖော်ပြပေးခဲ့ပြီးနောက် Chung ဟာ လျင်မြန်စွာ လူသိများကျော်ကြားလာခဲ့ပါတယ်။

Shu-Te တက္ကသိုလ်၏ Visual Communication Design ဌာနတွင် သရုပ်ဖော်ပန်းချီနှင့်ခန္ဓာဗေဒသရုပ်ဖော်ပုံတို့ကို သင်ကြားပေးနေတဲ့ Chuan-Bin Chung ဟာ ပုံနှိပ်စာအုပ်ကိုဖတ်ရင်း သင်ယူခြင်းထက် ပုံဆွဲခြင်းဟာ တစ်ခုခုကိုသင်ယူရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်နေခဲ့ပါတယ်။

“ ဟုတ်ပါတယ် ၊ ကျွန်တော်တို့မှာ ကျောင်းဖတ်စာအုပ်ရှိပါတယ် ၊ ဒါမဲ့ ကျွန်တော်တို့အဲ့တာကို မဖတ်ဘူး ၊ အဲ့တာကို ဆွဲတယ် ၊ ဒီနယ်ပယ်မှာအဓိက ပါဝင်တဲ့ကျောင်းသားတွေက စာအုပ်ပေါ်က ပုံတွေကို ဖတ်ကြည့်ရုံနဲ့မသင်ယူနိုင်ဘူး ၊ အဲ့အစား ကျွန်တော်တို့က ပုံဆွဲရင်းသင်ယူတယ်၊ အတန်းထဲက ကျောင်းသားတွေက ကျွန်တော်သရုပ်ဖော်ပြထားတဲ့အရာတွေကို စာရွက်ဖြူပေါ်မှာ ပြန်ဆွဲပြရမယ် ” ဟု Chung က ဆိုခဲ့ပါတယ်။

သူ့ရဲ့ကျောက်သင်ပုန်း ခန္ဓာဗေဒအက္ခရာပုံကြမ်းများဟာ အထင်ကြီးစရာကောင်းပြီး မသိရင် ဆေးကျောင်းသားများအတွက် သင်ကြားပို့ချသူအဖြစ် မကြာခဏ အထင်မှားစေခဲ့ပါတယ်။ Chung ရဲ့အဆိုအရ သူဟာ ကြီးကျယ်တဲ့ပုံဆွဲကျွမ်းကျင်မှုနှငိဍ့်မွေးဖွားလာသူမဟုတ်ပါဘူး။ ယင်းအစား သူ့ရဲ့ပုံကြမ်းများဟာ နာရီပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုရဲ့ရလဒ်တစ်ခုပါဘဲ။

သူဟာ မြေအောက်ရထားစီးနေရင်းနဲ့ပင် ပုံကြမ်းဆွဲခြင်းကို လေ့လာနေတတ်သူတစ်ဦးဘဲ ဖြစ်ပါတယ်။ သိသာထင်ရှားသည်မှာ Chung ဟာ သူ့ရဲ့အရည်အချင်းကြောင့် တရုတ်ပြည်ရှိ Xiamen ဆေးတက္ကသိုလ်ကပင် ၎င်းတို့တက္ကသိုလ်၌လာရောက်သင်ကြားပေးရန် သူ့အား ကမ်းလှမ်းကာ ဖိတ်ကြားခဲ့ဖူးပါသေးတယ်။

သူ့ရဲ့ပုံကြမ်းစကေးများက မယုံနိုင်စရာကောင်းလှအောင် ပြီးပြည့်စုံနေသလို Chung ဟာ သူရဲ့ရုပ်ရည်နှင့်အရပ်အမောင်းတို့ကြောင့် ကျောင်းသားများအကြား အတော်ပင် ကျော်ကြားသူအဖြစ် လူသိများပါတယ်။

.

Chung ဟာ YouTube ၌ သူ့ရဲ့အတန်းဗီဒီယိုများကို ပုံမှန်တင်ပေးလေ့ရှိပါတယ်။ သူဟာ Red Dot Design Award in 2017 ၌ Xiamen Medical College နှင့် the three-part poster series “Media Violence” အတွက် “ Best of The Best ” ဆုကို ဆွတ်ခူးခဲ့သည့်အခါ Red Dot Design Award ဆုကိုပါရရှိခဲ့ပါသေးတယ်။

.

သူ့ရဲ့ great ဖြစ်လွန်းတဲ့ drawing skills များ ၊ မော်ဒယ်တစ်ဦးကဲ့သို့သော ကြည့်ကောင်းလွန်းတဲ့ရုပ်ရည်အသွင်အပြင်များနှင့်အတူ Chung ဟာ သူ့ရဲ့စာသင်ခန်းအတွင်းနှင့်အပြင်၌ အလွန်ရေပန်းစားနေသည်မှာ အံ့ဩစရာမဟုတ်နေတော့ပါဘူးဗျာ။

credit vMia (Mckzone Daily)

Source : goodtimes

Leave a Comment