success

“အောင်မြင်သူများရဲ့ အများနဲ့မတူတဲ့ အမူအကျင့်(၇)ခု”

#Unicode Version

“Seven Unique Behaviors of Successful People”

ကမ္ဘာ့နိုင်ငံအနှံ့အပြားက နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်နေသူတွေ အထူးသဖြင့် စီးပွားရေးနယ်ပယ်မှာ အောင်မြင်‌နေသူတွေကို လေ့လာချက်တွေအရ သူတို့ရဲ့အတွေးအခေါ်၊ အယူအဆ၊ အပြုအမူ၊ လုပ်ကိုင်ပုံနဲ့ ဘဝနေထိုင်နည်းတွေက သာမန်လူအများနဲ့ မတူတာ တွေ့ရပါတယ်။ယေဘုယျဆန်သော်လည်း လွယ်လွယ်ကူကူကျင့်သုံးနိုင်တဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်(၇)ခုကို ကိုယ်တိုင် လိုက်လုပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဝေဖန်မှုကို လက်ခံကြတယ်


ကျွန်တော်တို့ဟာ အစစအရာရာကို မသိနိုင်ဘူးဆိုတဲ့ အချက်ကို သဘောပေါက် လက်ခံဖို့အတွက် မိမိတို့ကိုယ် မိမိတို့မာန်မာနမကြီးဘဲ နှိမ့်ချတတ်ဖို့လိုပါတယ်။ ရထားတဲ့ အောင်မြင်မှုလေးတွေနဲ့ ရပ်တန့်မနေဘဲ ဆက်လက် လေ့လာသင်ကြားနေကြရမယ်။

(၂) အရှုံးကို လက်ခံကြမယ်

Bill Gates က အောင်မြင်တဲ့အခါ ပျော်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုကရတဲ့သင်ခန်းစာတွေကို အလေးထားဂရုစိုက်တတ်ဖို့က ပိုအရေးကြီးတယ်လို့ ပြောခဲ့ဖူးတယ်။ မဆုတ်မနစ်လုပ်ကြတယ်။အရှုံးကိုပုံကြီးချဲ့ပြောမနေကြဘူး။ ရှုံးရာကနေ ပြန်ထနိုင်အောင် ဘယ်လိုကြိုးစားမယ်ဆိုတာပဲ စဉ်းစားကြတယ်။

(၃) အမြင်တူသူတွေနဲ့ တွဲကြတယ်

ရည်ရွယ်ချက်ချင်းတူပြီး မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ လုပ်ကိုင်ဆောင်ရွက်ကြသူတွေနဲ့ အတူတူလုပ်ရရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်။

(၄) ပုဂ္ဂလိက စိတ်ခံစားချက်တွေကို ထည့်မတွက်ဘူး


ချမ်းသာကြွယ်ဝကြသူတွေဟာ ငွေကိုသုံးစွဲရာမှာ စိတ်ခံစားမှုအရမဟုတ်ဘဲ ကျိုးကြောင်းဆီလျော်သင့်မြတ်မှု ရှိ မရှိဆိုတာပဲ ထည့်တွက်ကြတယ်။ သူများတွေလုပ်တိုင်း လိုက်မလုပ်ကြဘူး။

(၅) လောလောဆယ် အလိုဆန္ဒပြည့်သွားတာမျိုး မလုပ်ကြဘူး

လောလောဆယ် ဆန္ဒပြည့်ဝသွားတာကို မလုပ်ဘဲ နောင်အနာဂတ်အတွက် ထည့်သွင်းစဉ်းစားကာ စိတ်ရှည်ရှည်နဲ့ သည်းခံနေနိုင်ခြင်းဟာ စိတ်ကို ထိန်းချုပ်နိုင်ခြင်းနဲ့ စိတ်စည်းကမ်းလိုက်နာခြင်းပဲ ဖြစ်တယ်။

(၆) ဇွဲနဲ့ဇောက်ချလုပ်ကိုင်တတ်တယ်

ကျွမ်းကျင်မှုတွေ သာမက အလုပ်ကို ဇွဲနဲ့ဇောက်ချ လုပ်ကိုင်ဖို့လည်း လိုပါတယ်။ အလုပ်တွေကို စနစ်တကျ စီမံချက်ချပြီး မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ကြတယ်။

(၇) ရည်မှန်းချက် မြင့်မြင့်မားမားထားကြတယ်

အလွန်အောင်မြင်ကြသူတွေဟာ ရှေ့ကိုလည်း မျော်တွေးတတ်ကြသလို သူများတွေထက် ကြီးကြီးကျယ်ကျယ် တွေးတောတတ်ကြတယ်။အရေးကြီးတဲ့အရာတွေကိုပဲ အာရုံစိုက်ထားကြတယ်။အောင်မြင်မှုအမြင့်ဆုံးရချင်ရင် မိမိကိုယ်မိမိ ကန့်သတ်ထားလို့ မဖြစ်ပါဘူး။

 

Leave a Comment