success

“သင့်ဘဝကို ဆင်းရဲ‌စေတဲ့ အချက် (၇)ချက်”

#Unicode Version

(၁) မစဉ်းစားပဲသုံးတယ်


ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ် ငွေရေးကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ “လိုအပ်တာ” နဲ့ “လိုချင်တာ” ကို မခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်။ ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကို ဖြစ်စေပါတယ်။

(၂) ဘဝကို အကြွေးရှိအောင်လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေး အဆင့်အတန်းကို တဖြည်းဖြည်း နှိမ့်ကျအောင် စုတ်ယူနေတာပါပဲ။ credit အကြွေး၊ ကဒ်တစ်ခုခုအကြွေး၊ အပြင်က အကြွေး၊ အရစ်ကျ ပေးချေခြင်းအကြွေး စသဖြင့် ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်း ထွက်ငွေလမ်းကြောင်းသစ်တွေကို တည်ဆောက်တာနဲ့ အတူတူပါပဲ။ သင့်ရဲ့ရေရှည် ငွေရေး‌ပိုင်းကို အကျိုးသက်ရောက်မှုများစွာ ပေးလာနိုင်ပါတယ်။

(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ် မထိန်းသိမ်းခြင်း


ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း၊ အကြွေးဆပ်ရမယ့်ရက် အတိအကျမလုပ်ခြင်း၊ ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း၊ ငွေရေးကြေးရေး စာရွက်စာတမ်းတွေကို စနစ်တကျမထိန်းသိမ်းနိုင်ခြင်း ဒီလိုမျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘဝကို ငွေရေးကြေးရေးပြသာနာရှိအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအရာတွေ ကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းရမှာပါ။

(၄) အပိုငွေ၊ အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း

 

ငွေရေးကြေးရေး plan မချခြင်း၊ အနာဂတ် သုံးရမယ့်ငွေကို ကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စတွေကို အမြဲတမ်းကြုံစေပါတယ်။

(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အဓိက အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ။ ဒါကြောင့် ငွေကြေးအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ် ငွေရေးကြေးရေးအောင်မြင်မှုကို မရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ။

(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်
ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့ အတူတူပါပဲ။ ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းလေးတွေရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင် အရင်ရှိရပါမယ်။

(၇) ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး

ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ ငွေရေးကြေးရေးက ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်း ဗဟုသုတကို ရှာဖွေပါ။ ဝင်ငွေရှာပါ။ ငွေဝင် ငွေထွက်ကို control လုပ်ပါ။ ငွေစုပါ။ ပြီးရင် အရင်းအနှီးလုပ်ပါ။ ဒီနေ့ကနေစပါ။

 

 

Leave a Comment