success

“လစာတိုးလာပေမယ့် ငွေမစုမိပဲ သုံးမလောက်ဖြစ်နေတဲ့သူ‌တွေ ဖတ်ရန်”

Unicode Version

လစာ နှစ်သိန်းရတုန်းကလည်း လကုန်ခါနီးရင် ငွေကြေး ပြတ်လပ်ပြီး အခက်ခဲကြုံရ။ အခု လစာတိုးလာပြီး တစ်လ လေးငါးသိန်းရပြန်တော့လည်း ငွေမစုမိပဲ လတိုင်း ငွေကြေးလုံးချာလည်လိုက်နေပြီဆိုရင် သေချာပါပြီ။ မိတ်ဆွေက lifestyle Inflation လို့ ခေါ်တဲ့ နေထိုင်မှုပုံစံဖောင်းပွခြင်းထဲ ရောက်နေမိလို့ပါ။ ဝင်ငွေတိုးလာတာနှင့်အမျှ အသုံးစရိတ်လိုက်တိုးလာတာကို ဆိုလိုတာပါ။

တချို့က နေထိုင်မှုပုံစံဖောင်းပွခြင်းထဲရောက်နေတာကို မိမိကိုယ်ကိုယ် သတိမထားမိကြပါဘူး။ သတိထားမိသူ တချို့ကျတော့လည်း ရုန်းထွက်ဖို့ မကြိုးစားတော့ပဲ ရလိုက် စားလိုက် ရလိုက်၊ သုံးလိုက် ကုန်လိုက်နဲ့ လစာထုတ်မယ့် ရက်ကို မျှော်နေတတ်ကြပါတယ်။

ဒါဆို နေထိုင်မှုပုံစံဖောင်းပွခြင်းဆိုတဲ့ နွံထဲကနေ ဘယ်လိုရုန်းထွက်ရမလဲ။

(1) ဝမရှိပဲ ဝိမလုပ်ပါနဲ့


မိတ်ဆွေအနေနဲ့ လစာ နှစ်သိန်းရတုန်းက လောက်အောင် သုံးနိုင်ရင် ဝင်ငွေတိုးလာတဲ့အခါ ပိုကောင်းတဲ့ဖုန်းတွေ၊ အဝတ်စားသစ်တွေ ချက်ချင်းဝယ်စရာ မလိုသေးပါဘူး။ ကိုယ်က အခုမှ လစာ လေးငါးခြောက်သိန်းလောက်ရတာ တစ်လသိန်းရာချီဝင်နေတဲ့သူတွေကို လိုက်မတုပါနဲ့။ သူတို့ကို အားကျပါ။ အတုယူပါ သူတို့လို ဝင်ငွေရအောင် ကြိုးစားပါ။ သူတို့နေသလို စားသလို လိုက်မတုပါနဲ့ဦး။

ဒါကြောင့် လူတွေအထင်ကြီးစေဖို့ သုံးနေတာကို ရပ်လိုက်ပါ။ ပစ္စည်းတစ်ခု ဝယ်ခါနီးတိုင်း ငါ့အတွက် အမှန်တကယ် လိုအပ်လား စဥ်းစားပါ။ ဒီလိုမှမဟုတ်ပဲ ရသမျှလစာ သုံးပစ်လို့ကတော့ ငွေကြေးလုံးချာလည် လိုက်နေအုံးမှာပါ။

(2) ငွေကြေးစုစောင်းတတ်သူတွေနဲ့ ပေါင်းပါ


ရသမျှပိုက်ဆံကို ကုန်အောင်သုံးတတ်သူ၊အသုံးအဖြုန်းကြီးသူတွေ၊ မိဘက ချမ်းသာလို့ ထင်တိုင်းကြဲ သုံးဖြုန်းနေသူတွေနဲ့ ပေါင်းနေရင် သင်လည်း သူတို့ကို အားကျပြီး သူတို့လို လိုက်သုံးနေမိမှာပါ။ ငွေကို စနစ်တကျ သုံးတတ်ပြီး ခြိုးခြံချွေတာ စုစောင်းတတ်သူတွေနဲ့ပေါင်းပါ။

(3) မကုန်ဆုံးနိုင်တဲ့ ဝယ်ယူမှုတွေကိုရှောင်ပါ

ဖုန်းတစ်လုံး၊ ကားတစ်စီးဝယ်လိုက်လို့ ပြီးသွားပြီ မထင်ပါနဲ့။ ဖုန်းတွေကားတွေ ဝယ်ယူပြီး နောက်ပိုင်း ဖုန်းအတွက် ဘေဖြည့်ရ ၊ပိုက်ဆံကုန်ရတဲ့အပြင် ဖုန်းပွတ်ပြီး အချိန်ပါ ထပ်ဖြုန်းမိနေရင်တော့ သင်နှစ်ထပ်ကွမ်း ရှုံးနေပါပြီ။

ဒီလိုပါပဲ ဇိမ်ခံကားတစ်စီးဝယ်ပြီး မောင်းဖို့ ဆီထည့်ရ ပျက်ရင် ပြင်ရနဲ့ အပိုငွေတွေ ထပ်ကုန် တတ်ပါတယ်။ ကိုယ့်အတွက် တကယ်မလိုအပ်သေးပဲ မဝယ်မိပါစေနဲ့။ဒီလိုပြောလို့ ဖုန်းကောင်းကောင်းတွေ၊ ကားကောင်းကောင်းတွေ မစီးရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ လူ့ဘဝ အဆင်ပြေပြေနေနိုင်ဖို့ ဝယ်သုံးရမှာပါ။

လူတိုင်းက ဝင်ငွေကိုယ်စီရှိကြပါတယ်။ ရှိတဲ့ငွေကို သုံးသင့်သလောက်သုံး၊ စုစောင်းပြီး ငွေကို ပြန်လည် ရင်းနှီးမြှပ်နှံမယ်ဆိုရင် သူ့အတိုင်းတာနဲ့သူ လုပ်နိုင်ကြတဲ့သူတွေ ချည်းပါ။ သင့်ကိုယ့်သင်မှ မပြောင်းလဲချင်ရင် လကုန်ခါနီး လစာမျှော်နေရတတ်ပြီး သူများခိုင်းတာ လုပ်နေရဦးမှာပါ။

“မိတ်ဆွေများအားလုံး နေထိုင်မှုပုံစံဖောင်းပွခြင်းမှ လွတ်မြောက်နိုင်ပြပါစေ”

Sharing_is_Caring!

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: Original Writer
Sharing By: #Go_for_Goal

Leave a Comment