Wed. Oct 27th, 2021

#Unicode Version

 

လူဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲတတ်သလို ပျောက်ကွယ်သွားဖို့ကလည်း မျက်စိတစ်မှိတ်ပါပဲ။ လူ့ဘဝကို ခဏတာအလည်ရောက်လာတဲ့ သက်တမ်းတိုတိုလေးမှာ လူဖြစ်ရတာ တန်အောင်

(၁) စိတ်ကောင်းမွေးပါ

လူတိုင်းက ဘယ်နေရာသွားသွား ဘယ်လိုဝတ်ဝတ် ထင်ပေါ်နေတတ်တာ အမှန်ပါ။ စိတ်သည် ဘဝ ဖြစ်သလို စိတ်သည် ရုပ်၏ ပြယုဂ်ပါ။ စိတ်ကောင်းမွေးခြင်းအားဖြင့် မတရားမှုတွေကို ရှောင်ရှားလာပါလိမ့်မယ်။

(၂) ဂုဏ်ပကာသနတွေ ခွာချပါ

ဂုဏ်ပကာသနဆိုတာ တကယ်တော့ အကာပါ။ အဲဒီအကာအရံတွေကပဲ ကိုယ့်ကို ပူလောင်စေတာပါ။ လူ့ဘဝဆိုတာ ရိုးရိုးရှင်းရှင်းနေတတ်သွားရင် လွတ်လပ်ခြင်းနှင့် အေးချမ်းတဲ့ဘဝမှာ ပျော်တတ်လာပါလိမ့်မယ်။

(၃) ဒေါသေတွေကို လျှော့ချပါ

ဒေါသဆိုတာ ကိုယ့်ကို လူဖြစ်ရှုံးစေမယ့် အဓိက ရန်သူပါ။ ကိုယ့်စေတနာတွေကို ပြက်ရယ်ပြုခံရလို့ ဒေါသဖြစ်ရတယ်။ ကိုယ့်ဆန္ဒတွေ ဖျက်စီးခံရလို့ ဒေါသဖြစ်ရတယ်။ ကိုယ်အကောင်းဆုံး ကြိုးစားနေပါလျက်နဲ့ အမြဲတမ်း ကျရှုံးနေလို့ ဒေါသဖြစ်ရတယ်။ ဒါတွေ အားလုံးက ကိုယ့်ကိုယ်ကို နှိပ်စက်ပြီး အကြိမ်ကြိမ် ရှုံးနိမ့်အောင် ကိုယ်ကိုယ်တိုင်ပဲ လုပ်ဆောင်နေခြင်းပါ။

(၄) လောဘကို အနားသပ်ပါ


လောဘဆိုတာ ထားသင့်တာထက် ပိုထားမိရင် မတော်လောဘ ဖြစ်လာတတ်ပြီး ကိုယ့်ကို သာမက ကိုယ်နဲ့ပတ်သက်နေတဲ့ တန်ဖိုးထားရသူတွေအပေါ် အပူကူးစက်တော့တာပါပဲ။ လောကကြီးမှာ တချို့သောအရာတွေက ကိုယ်ကြိုးစားရယူလို့ ရတတ်ပေမယ့် တချို့သောအရာတွေကတော့ ကိုယ်နဲ့ထိုက်မှ ပိုင်လာပြီး တန်လာတာမျိုးပါ။

ကောင်းတာတွေလုပ်ခဲ့ရင် ကောင်းကျိုး ခံစားရမှာဖြစ်သလို မကောင်းတာတွေအတွက်လည်း ပြစ်ဒဏ်ခံရမှာပါ။ ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်ကိုယ်တိုင်ပဲ ရင်ဆိုင် ခံစားရမှာ အမှန်တရားပါ။ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ၊ ပညာတွေ တတ်နေပါစေ။ လာဘ်ထိုးလို့မရတာ သေခြင်းတရားပါ။

 

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: Original Writer
Sharing By: #Go_for_Goal

 

Leave a Reply

Your email address will not be published. Required fields are marked *