Wed. Oct 27th, 2021

Unicode Version

Self-Perspective of Successful People

အောင်မြင်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုလူအဖြစ် မြင်ကြသလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တနည်းအားဖြင့်တော့ သူတို့ အောင်မြင်လာကြတဲ့အပေါ်အဲဒီ့အမြင်တွေက အများကြီးအ‌ထောက်အကူပြုနေတာပါပဲ။ အဲဒါကြောင့် သူတို့ကိုယ်သူတို့ ပြန်တွေးတတ်ကြတဲ့ အတွေးအခေါ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်ကိုချစ်ခင်ဖို့ဆိုတာ အခြားသူတွေရဲ့ အလုပ်မဟုတ်ဘူး။ ကိုယ့်အလုပ်သာဖြစ်တယ်။

 

(၂) တစ်စုံတစ်ယောက်ကို အားကျလို့ ပုံတူ ကူးချပြီး ဖြစ်ချင်ခြင်းက သင်ဘယ်သူဖြစ်တယ်ဆိုတာကို အလကားဖြစ်သွားစေပါတယ်။ သင့်မှာ သင်ကိုယ်ပိုင် စတိုင်လ်နဲ့ သင်ကိုယ်ပိုင်အရည်အချင်းရှိပြီးသားပဲမို့ သင်ဟာသင်ဖြစ်ကြောင်းသာ ရဲရဲဝင့်ဝင့်ပြနိုင်အောင် ကြိုးစားဖို့သာလိုတာပါ။

(၃) သင့်တန်ဖိုးကိုမသိ၊ နားမလည်တဲ့လူတွေအတွက် သင့်အချိန်တွေကို ဖြုန်းတီးပစ်ခြင်းဟာ အချိန်တွေ အလကားဖြစ်စေပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာခြင်းဟာ အခြားသူတွေက ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာမျိုး တွေးမပူဘဲ နေတတ်လာခြင်းသာဖြစ်ပါတယ်။ အခြားလူတွေ သင့်ကိုဘယ်လိုတွေးလဲဆိုတာက အရေးမကြီးပါဘူး။ သင့်ကိုယ်သင်သာ ဘယ်လို တွေးသလဲဆိုတာက ပိုအရေးကြီးပါတယ်။

(၅) အဆိုးဝါးဆုံး အထီးကျန်ခြင်းဆိုတာက ကိုယ့်ဟာကိုယ် တစ်ယောက်တည်းရှိနေပြီးတောင် အဆင်မပြေတာပါပဲ။ တနည်းအားဖြင့် ကိုယ့်စိတ်နဲ့ကိုယ်ရန်ဖြစ်နေတာမျိုးပေါ့။



(၆) အခြားလူတွေဆီက အာရုံစိုက်မှု လိုချင်နေခြင်းဟာ သင့်ကိုယ်သင် ချစ်ခင်ခြင်းရဲ့ ရန်သူသာဖြစ်ပါတယ်။ အခြားသူတွေရဲ့ ချစ်ခင်မှုကို လိုချင်နေလို့ပါပဲ။

(၇) ကိုယ့်ကိုယ်ကိုယ် ချစ်ခင်မှုမရှိဘဲ တိုးတက်အောင် ကြိုးစားခြင်းဟာ သဲထဲမှာအိမ်ဆောက်သလိုပါပဲ။ ထပ်ခါထပ်ခါဆောက်လေ သဲထဲမြုပ်သွားလေလေနဲ့ပေါ့။ တနည်းအားဖြင့် အဓိပ္ပါယ်မရှိတဲ့ ကြိုးစားမှုဖြစ်နေတာပါပဲ။

 

Leave a Reply

Your email address will not be published. Required fields are marked *