Tue. Oct 26th, 2021

Unicode Version

 

လူချမ်းသာတွေက ပိုပြီးချမ်းသာလာတတ်ကြပါတယ်။ ဆင်းရဲသူတွေကလည်း ပိုပြီးဆင်းရဲလာကြပါတယ်။ ဒီလို အမြဲဖြစ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ သင်လည်းပဲ ချမ်းသာလာနိုင်ပါတယ်။ ချမ်းသာလာဖို့အတွက် လူဦးရေ(၁၀၀)မှာ (၁)ရာခိုင်နှုန်းလောက်ပဲ လုပ်ဆောင်လေ့ရှိပြီး ကျန်တဲ့(၉၉)ရာခိုင်နှုန်းက မလုပ်တတ်ကြတဲ့ အရာ(၇)ခုကို လုပ်ဆောင်လိုက်ရုံပါပဲ။

(၁) အအိပ် မမက်ပါနဲ့

 

တကယ်လို့ လူတစ်ယောက်ဟာ အိပ်စက်စရာမလိုဘူးဆိုရင် တစ်နေ့ကို (၇)နာရီလောက် စာဖတ်ချိန်၊ အလုပ်လုပ်ချိန် ပိုထွက်လာမှာဖြစ်ပါတယ်။ အသိပညာဟာ စွမ်းအားရှိစေပါတယ်။ စွမ်းအားရှိသူတွေပဲ ငွေရှာနိုင်ကြတာ ဖြစ်ပါတယ်။ ဘ၀မှာရည်ရွယ်ချက်မရှိတဲ့သူတွေပဲ အိပ်စက်ဖို့ကို မျှော်လင့်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါဆို မအိပ်ရဘူးလား။ လိုအပ်သလောက်ပဲ အိပ်ပါ။ ပြီးရင် နိုးထပြီး အလုပ်ပြန်လုပ်ပါ။

(၂) အကောင်းဆုံးဖြစ်ပါစေ

လူတွေက တတ်နိုင်သမျှ အကောင်းဆုံးထုတ်ကုန်တွေ ၀န်ဆောင်မှုတွေကို ၀ယ်ယူချင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုထုတ်ကုန် ၀န်ဆောင်မှုမျိုးပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားပါ။ သင်ကိုယ်တိုင်က အကောင်းဆုံးမဖြစ်ရင် အကောင်းဆုံးဆိုတဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ထုတ်လုပ်ဖို့အခက်အခဲ တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အရည်အချင်းနဲ့ စိတ်ဓာတ်တွေ ထူးချွန် ထက်မြက်လာအောင် ကြိုးစားပါ။

(၃) အလုပ်ပြီးဖို့ ဦးစားပေးပါ

အလုပ်လုပ်ဖို့ အချိန်နဲ့ အပန်းဖြေအနားယူဖို့အချိန်တွေ ရှိပါတယ်။ မေးစရာရှိတာက ဘယ်အရာကို ဦးစားပေးမလဲဆိုတာပါပဲ။ ဘယ်အရာက သင့်ကို မောင်းနှင်နိုင်မှာလဲ။ အချိန်အများစုမှာ သင်မျှော်လင့်နေတဲ့အရာက ဘာလဲ။ သင့်အတွက် ပျော်ရွှင်ရတဲ့ အလုပ်ကို လုပ်ဆောင်ပါ။ ဒါဆိုရင် အလုပ်ချိန်တွေက အပန်းဖြေချိန်တွေ ဖြစ်လာပါလိမ့်မယ်။

တကယ်အောင်မြင်ချမ်းသာတဲ့လူတွေမှာ နေ့ရက်တိုင်းက အားလပ်ရက်တွေပါပဲ။ သူတို့မှာ ရုံးဖွင့်ရက် ရုံးပိတ်ရက်ဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။

(၄) (၉၉)ရာခိုင်နှုန်းကို သင့်အတွက် အလုပ်လုပ်ခိုင်းပါ
လူချမ်းသာ(၁)ရာခိုင်နှုန်းက ကျန်တဲ့ (၉၉)ရာခိုင်နှုန်းကို အလုပ်လုပ်ခိုင်းတတ်ကြပါတယ်။ ဒါက သိပ်ဆန်းကြယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ တကယ်လို့ သင်က ခြံရှင်းတဲ့လုပ်ငန်း လုပ်ဆောင်တယ်ဆိုပါစို့။ ကိုယ်တိုင် မြက်ရိတ်စက် မောင်းရတာက ပျော်စရာ ကောင်းချင်းကောင်းမှာပါ။

ဖြစ်သင့်တာက သင့်အလုပ်ကို အခကြေးငွေတစ်ခုနဲ့ လုပ်ပေးချင်တဲ့ (၉၉)ရာခိုင်နှုန်းသော လူတွေကို လုပ်ခိုင်းပြီး သင်ကိုယ်တိုင်က စျေးကွက်ရှာပြီး နောက်ထပ်ဖောက်သည်တွေ ထပ်ရဖို့ အချိန်ကုန်သင့်ပါတယ်။ ဒါတင်ပဲလား။ မဟုတ်ပါဘူး။ ဒီအလုပ်ကို လွှဲပေးလို့ရမယ့် လူရှိမယ်ဆိုရင် နောက်ထပ်လုပ်ငန်းတစ်ခုကို ထပ်လုပ်ပါ။

(၆) သင့်အတွက် ငွေရှာပေးနိုင်မယ့် အရာတွေအတွက် ငွေကို သုံးစွဲပါ
(၉၉)ရာခိုင်နှုန်းထဲက လူတွေရဲ့ဘ၀က ရုန်းကန်ရပါတယ်။ လကုန်ရင် လစာရမယ်။ ပေးစရာရှိတာတွေ ပေးရမယ်။ စားဖို့သောက်ဖို့နဲ့ အခြားလိုအပ်တာတွေ ၀ယ်ယူရမယ်။ ဒါဆိုရင် လက်ကျန်ငွေအနည်းငယ် ဒါမှမဟုတ် လုံး၀မကျန်တော့တာမျိုးဖြစ်ပြီး နောက်တစ်ကြိမ် လစာရဖို့ ပြန်မျှော်လင့်ရပါလိမ့်မယ်။ ဒီလိုဖြစ်နေတာကို ကျန်တဲ့ (၁)ရာခိုင်နှုန်းက သဘောကျပါတယ်။

ဘာလို့လဲဆိုတော့ သူတို့အတွက် ငွေတွေပေးနေလို့ပဲဖြစ်ပါတယ်။ ဒီလိုဘ၀မျိုးကို နှစ်သက်ပါသလား။ မပျော်ဘူးဆိုရင်တော့ သင့်ကိုယ်သင် ထိန်းချုပ်တတ်ဖို့ လိုနေပါပြီ။ တန်ဖိုးကြီးပစ္စည်းတွေကို ၀ယ်ဖို့မစဉ်းစားပါနဲ့။ သင့်ရဲ့ငွေကို စုဆောင်ထားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်တဲ့အထိကြိုးစားပါ။

“Donate as much money as you can”
(၇) တတ်နိုင်သမျှ ငွေကြေးများများကို ပေးလှူပါ
ထူးခြားတယ်လို့ ထင်ရပါတယ်။ သင့်အနေနဲ့ ယုံချင်မှယုံပါလိမ့်မယ်။ ဒါပေမယ့် ပိုက်ဆံကို မက်မောတဲ့ (၁)ရာခိုင်နှုန်းသော ပုဂ္ဂိုဟ်တွေက ငွေမမက်ပါဘူးဆိုတဲ့ (၉၉)ရာခိုင်နှုန်းအားလုံးပေါင်းတာထက် ငွေကြေးပေးလှူတတ်ကြပါတယ်။ ပေးဆပ်ပါ။ သင်ပေးတာထက် ပိုတာတွေ ပြန်ရပါလိမ့်မယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *