Wed. Oct 27th, 2021

Unicode Version

၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ


အပြောင်းအလဲကိုစတင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်တာဝန်ကိုယ်စယူဖို့ပဲ။ ငါ့ဘဝရဲ့ဖြစ်တည်မှုတွေဟာ ငါ့ကြောင့်ဖြစ်လာရတာ။ ကိုယ့်ကိုကိုယ်တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ဆင်းဆင်းရဲရဲ မွေးလာရတာကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပါယ်ဖွင့်ကြတာလည်းရှိတယ်။ တကယ်က comfort zone ထဲမှာ ပျော်မွေ့နေတာပါ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး။ မရုန်းကန်ချင်တော့ဘူး။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေ ဆိုပြီး ဖြေသိမ့်တယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား။ ကိုယ့်ပျော်ရွှင်မှု အစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကိုရှာပါ


သိထားဖို့အချက်က ကိုယ်ကနေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ။ နေရာတိုင်းမှာ တော်နေတဲ့သူ ဆိုတာ မရှိဘူး။ ဒါကြောင့် ကိုယ့်ရဲ့အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။ စကားပြောတဲ့နေရာလား၊ စာရေးတဲ့နေရာလား၊ ဆန်းသစ်တီထွင်မှုတွေ လုပ်တဲ့နေရာမှာလား။ အဲဒါကိုသိအောင်လုပ်ပါ။

၄။ ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီး သွားလို့ ရနိုင်မယ့် ပန်းတိုင်သတ်မှတ်ပါ

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြပါဘူး။ ဘယ်နေရာရောက်လို့ ဘာတွေ လုပ်နေမှန်းကိုလည်းမသိဘူး။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာပဲ။
ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကိုသွားချင်တာလဲ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ်။ အဲဒါမှ ကိုယ်က ပန်းတိုင်နဲ့နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ်။

၅။ စည်းကမ်းရှိပါ
အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ်။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။ ကိုယ်အလေးချိန်ချချင်တယ်။ အင်္ဂလိပ်စာတတ်ချင်တယ်။ ဝင်ငွေကောင်းချင်တယ်။ ပညာတတ်ချင်တယ်။

ဒါပေမယ့် အဲဒါတွေအကုန်လုံးကို အလကားလိုချင်တာ။ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ရမယ့်စည်းကမ်းတော့ မရှိဘူး။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလားဆိုတာပဲ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့
ကိုယ့်အတွက် အဓိကကျတဲ့အရာတွေနဲ့ သာမည‌တွေကို ခွဲခြားသိမှဖြစ်မယ်။ စကားပုံတစ်ခုအတိုင်းပဲပြောရရင် “လမ်းမှာဟောင်သမျှခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူး”တဲ့။ အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ။ သူများတွေရဲ့ ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။

၇။ လူရွေးပေါင်းပါ
အဆင့်အတန်းခွဲခြားခိုင်းတာ မဟုတ်ဘူး။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်အတွက်သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ။
တိုးတက်ချင်တဲ့သူက စောက်ပျင်းတွေနဲ့ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီနွံထဲကထွက်နိုင်မှာ မဟုတ်ဘူး။

၈။ စိတ်ရှည်ပါ၊ ဆက်လက်သင်ယူမှုတွေအမြဲလုပ်ပါ
အပြောင်းအလဲက စိတ်ရှည်ရတယ်။ ချက်ခြင်းလက်ငင်း ရသွားနိုင်တာမျိုးမဟုတ်ဘူး။ တစ်သက်လုံး အင်္ဂလိပ်စာ မတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက်ဖွတ်ဖြစ်မယ့်ကောင် ကိုယ့်ကိုကိုယ် သတ်သေဖို့သာ ကောင်းတော့တယ်။

စိတ်ရှည်ပါ။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဆက်လက် သင်ယူမှုတွေလုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်းတိုင်ပါတယ်။ ကိုယ်က တစ်နေရာတည်းရပ်နေချင်တဲ့သူ မဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ။

Leave a Reply

Your email address will not be published. Required fields are marked *