Uncategorized

Onlineသင္တန္းကို မွန္ကြဲၿပီး စုတ္ေနၿပီျဖစ္တဲ့ ဖုန္းေလးႏွင့္အတူ သင္ယူခဲ့ရေသာ ကေလးမေလးဧ။္အျဖစ္

ထိုင္းႏိုင္ငံ Surinျပည္နယ္ Pensukတြင္ ေနထိုင္ေသာ အသက္ ၁၄ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးသည္ မိသားစုစားဝတ္ေရး အဆင္မေျပသည့္ၾကားက ပညာကိုႀကိဳးစားသင္ယူခဲ့ရာ ေရာဂါကာလတြင္း လိုင္းေပၚကေန ျပန္ေလ့လာရသည့္စနစ္ေၾကာင့္ အေတာ္ေလး အခက္ေတြ႕ေနခဲ့ရရွာသည္။

ကေလးမေလးဧ။္ မိဘႏွစ္ပါးမွာ လက္လုပ္လက္စား ဘဝသမားေလးေတြျဖစ္ၿပီး လက္ရွိတြင္ အလုပ္လက္မဲ့ျဖစ္ေနကာ လယ္ထဲေတာထဲသြားၿပီးေတာ့သာ ငါးဖမ္း ဖားဖမ္းၿပီး ခ်က္ျပဳတ္စားေသာက္ခဲ့ၾကရသည္။

ထိုအေျခအေနေၾကာင့္ ကေလးမေလးသည္ အြန္လိုင္းသင္တန္းတက္ရာတြင္ ဖုန္းစုတ္ေလးတစ္လုံးကိုသာ အားကိုးေနရၿပီး စာသင္ရင္းနဲ႔ ဘတ္ထရီအားကလည္း ခဏခဏကုန္ခဲ့ရာ အနီးနားရွိ ေဆြမ်ိဳးအိမ္သို႔ အေျပးလႊားသြားေတာင္း သြင္းခဲ့ရသည္။

ကေလးမေလးတို႔ မိသားစုဝင္မွာ ၅ေယာက္ရွိၿပီး စားဝတ္ေနေရးအတြက္ အႏိုင္ႏိုင္ျဖစ္ေနကာ မိုး႐ြာသည့္ေန႔မ်ားတြင္ အိမ္ေခါင္မိုးမလႈံ၍ အိပ္စရာေနရာပင္ မရွိပဲျဖစ္ေနေတာ့သည္။

Rain (For Ialinks)

Unicode

Onlineသင်တန်းကို မှန်ကွဲပြီး စုတ်နေပြီဖြစ်တဲ့ ဖုန်းလေးနှင့်အတူ သင်ယူခဲ့ရသော ကလေးမလေးဧ။်အဖြစ်

ထိုင်းနိုင်ငံ Surinပြည်နယ် Pensukတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မိသားစုစားဝတ်ရေး အဆင်မပြေသည့်ကြားက ပညာကိုကြိုးစားသင်ယူခဲ့ရာ ရောဂါကာလတွင်း လိုင်းပေါ်ကနေ ပြန်လေ့လာရသည့်စနစ်ကြောင့် အတော်လေး အခက်တွေ့နေခဲ့ရရှာသည်။

ကလေးမလေးဧ။် မိဘနှစ်ပါးမှာ လက်လုပ်လက်စား ဘဝသမားလေးတွေဖြစ်ပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကာ လယ်ထဲတောထဲသွားပြီးတော့သာ ငါးဖမ်း ဖားဖမ်းပြီး ချက်ပြုတ်စားသောက်ခဲ့ကြရသည်။

ထိုအခြေအနေကြောင့် ကလေးမလေးသည် အွန်လိုင်းသင်တန်းတက်ရာတွင် ဖုန်းစုတ်လေးတစ်လုံးကိုသာ အားကိုးနေရပြီး စာသင်ရင်းနဲ့ ဘတ်ထရီအားကလည်း ခဏခဏကုန်ခဲ့ရာ အနီးနားရှိ ဆွေမျိုးအိမ်သို့ အပြေးလွှားသွားတောင်း သွင်းခဲ့ရသည်။

ကလေးမလေးတို့ မိသားစုဝင်မှာ ၅ယောက်ရှိပြီး စားဝတ်နေရေးအတွက် အနိုင်နိုင်ဖြစ်နေကာ မိုးရွာသည့်နေ့များတွင် အိမ်ခေါင်မိုးမလှုံ၍ အိပ်စရာနေရာပင် မရှိပဲဖြစ်နေတော့သည်။

Rain (For Ialinks)

Leave a Comment