Daily News

စီးပွါးရေးရှင်တစ်ဦးရဲ့ယာဉ်တန်းမှကားတစ်စီးရဲ့အရှိန်ကြောင့် သူမအား ရေစင်သွားခဲ့လို့ ဒေါ်လာ ၁,၂၅၀ ကို လျော်ကြေးအဖြစ်ရရှိခဲ့တဲ့ အမျိုးသမီး

နိုင်ဂျီးနီးယားနိုင်ငံရှိ ကားလမ်းဘေးတစ်နေရာမှာ လမ်းသွားနေရင်း စီးပွါးရေးလုပ်ငန်းရှင်တစ်ဦး၏ယာဉ်တန်းကြောင့် မတော်တဆ လမ်းပေါ်ကရေများအစင်ခံလိုက်ရပြီးတဲ့နောက် ငြိမ်သက်နေခဲ့တဲ့အမျိုးသမီးတစ်ဦးဟာ သူမအား အားနာနေခဲ့တဲ့ စီးပွါးရေးရှင်ထံမှ နိုင်ဂျီးရီးယားနိုင်ရာ ၅၀၀,၀၀၀ ( ဒေါ်လာ ၁,၂၅၀ ) ကို လက်ခံရရှိခဲ့ရပါတယ်။ သင် လမ်းဘေးမှာရပ်နေရင်း ရေလျှံနေတဲ့လမ်းကရွှံ့ဗွက်အိုင်ကိုအရှိန်ဖြင့် ကျော်မောင်းသွားတဲ့ကားကြောင့် ရွှံ့ရေပေသွားတာကို ခံရဖူးပါသလား။ အဲ့လိုသာဖြစ်ခဲ့ရင် သင် ကျိန်းသေစိတ်ဆိုးမိမှာ အသေအချာပါဘဲ။ စီးပွားရေးသမား Marksman Chinedu Ijiomah ၏ယာဉ်တန်းဟာ ရှည်လျားတဲ့တစ်နေ့တာကို ကုန်ဆုံးပြီးနောက် အိမ်သို့ပြန်ရန် အပြေးအလွှားမောင်းနေခဲ့ပြီး ၎င်းယာဉ်တန်းမှတစ်စီးက လမ်းဘေးရှိလမ်းလျှောက်နေတဲ့အမျိုးသမီးအား မတော်တဆရေစင်သွားအောင် ဖြတ်မောင်းမိသွားခဲ့ပါတယ်။

၎င်းယာဉ်တန်းအား ပြန်အော်ငေါက်နေရမယ့်အစား အဆိုပါအမျိုးသမီးဟာ ငြိမ်သက်သွားပြီး လမ်းဘေးမှာရပ်ရင်း ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းရေးလုပ်နေခဲ့ပါတယ်။ Ijiomah ဟာ သူ၏ကားမှ ၎င်းဖြစ်ရပ်ကိုမျက်မြင်တွေ့ခဲ့ရပြီးနောက် ဒီလိုမငြိမ်မသက်မှုတွေအနှောင့်အယှက်တွေကြုံရတဲ့အခါဒီလိုတည်ငြိမ်အေးချမ်းတဲ့လုပ်ရပ်က သူ့ကိုအာရုံစိုက်စေခဲ့တာကြောင့် အံ့သဩသွားခဲ့ပြီး ထိုအမျိုးသမီးအား စကားပြောရန်ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် Ijiomah ဟာ ကားပေါ်မှဆင်းကာ သူ့အဖွဲ့အတွက် တောင်းပန်စကားပြောဖို့ ထိုအမျိုးသမီးဟာ လှမ်းခေါ်လိုက်ပြီး သူမအနားသို့ရောက်လာတဲ့အခါ သူမအား တောင်းပန်စကားကို ထပ်ခါတလဲလဲပြောခဲ့ပြီး သူမအား ဘာအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုလဲလို့မေးလိုက်တော့ သူမက သူမဟာ တက်သစ်စဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ကြောင်းပြောခဲ့ပါတယ်။

ထို့ကြောင့် Ijiomah က သူမအား ပြန်ကူညီပေးဖို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားရင်း နောက်ဆုံးမှာ သူဟာ သူမအတွက် ဒေါ်လာ ၁,၂၅၀ တန်ဖိုးရှိတဲ့ ချက်စ်လက်မှတ်တစ်စောင်ကို လက်မှတ်ထိုးပေးခဲ့ပါတယ်။

Ijiomah က သူဟာ အခြားသူများအား စိတ်မသက်မသာဖြစ်နေတဲ့အခြေအနေမျိုး၌ထားခဲ့ခြင်းကို မကြိုက်နှစ်သက်ကြောင်းရှင်းပြခဲ့ပြီး အဆိုပါအမျိုးသမီးငယ်တုံ့ပြန်တဲ့အမူအယာက သူ့ကို စိတ်မသက်မသာဖြစ်စေတာကြောင့် သူမကို အရေးမစိုက်ဘဲမနေနိုင်ခဲ့ဘူးဟု ပြောကြားခဲ့ပါတယ်။

စီးပွါးရေးရှင် Ijiomah ဟာ သူပေးခဲ့တဲ့ငွေကို အဆိုပါအမျိုးသမီးငယ်က ဖက်ရှင်ဒီဇိုင်နာတစ် ဦးအဖြစ် သူမ၏အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် သုံးနိုင်လိမ့်မယ်ဟု မျှော်လင့်နေခဲ့ပါတယ်။

ထို့နောက် သူ့ရဲ့လုပ်ရပ်ဟာ အင်တာနက်သုံးစွဲသူများစွာအား အံဩသင့်စေခဲ့ပြီး ထိုကဲ့သို့ပိုက်ဆံများရဖို့အတွက် ၎င်းတို့လည်း ရှေ့လျှောက် ကားလမ်းပေါ်မှာ ဖြတ်သွားတဲ့ကားရဲ့ရွှံ့ရေစင်တာကိုခံရရင်တောင် ဘာမှပြန်မပြောဘဲ ဒီတိုင်းလေးဘဲငြိမ်ခံတော့မယ်လို့ဆိုကာ နောက်ပြောင်ခဲ့ကြပါသေးတယ်။ စာဖတ်သူတို့ကော ပိုက်ဆံရဖို့ ရွှံ့ဗွက်ရှိတဲ့ကားလမ်းမကြီးရဲ့ဘေးမှာ သွားရပ်ချင်သွားပြီမလားဗျာ။

credit Mia (KB Chimmy One)

Reference : rachfeed

Leave a Comment