Daily News

အမျိုးသားတစ်ဦးကို အမြန်ကယ်တင်နိုင်ရန် CPR လုပ်ပေးခဲ့ပေမဲ့ သူမရဲ့မလျော်ကန်တဲ့အပြုအမူကြောင့် ဝေဖန်ခံခဲ့ရတဲ့ မိန်းကလေးတစ်ဦး

ထိုင်းနိုင်ငံရှိ Peeraya Saena အမည်ရှိ မိန်းကလေးတစ်ဦးဟာ မီးဘေးကြောင့် နှလုံးခုန်နှုန်းရပ်တန့်သွားခဲ့တဲ့အမျိုးသားတစ်ဦးအား အမြန်အသက်ကယ်နည်း CPR အားလုပ်ပေးနေခဲ့တာကို ဗီဒီယိုတစ်ခုက ပြသခဲ့ပါတယ်။ ဗီဒီယိုကိုကြည့်ဖူးသူအင်တာနက်ပေါ်ရှိလူအချို့က အမျိုးသမီးငယ်ဟာ အတိုအပြတ်ဖြင့် အမျိုးသားတစ်ဦးရဲ့အပေ့်ကို တက်မခွသင့်ကြောင်းနှင့် ၎င်းက မသင့်တော်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ အချို့သောလူအများစုဟာလည်း သူမကို သူစိမ်းတစ်ဦးအားကယ်တင်ရန် သူမတတ်နိုင်သမျှကြိုးစားလုပ်ဆောင်ခဲ့သည့်အတွက် သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခဲ့ကြပါတယ်။ အမှန်တော့ Saena ဟာ ထိုဒေသတွင်ဒုက္ခရောက်နေသည်ဟုပြောတဲ့သူငယ်ချင်းတစ်ဦးထံမှဖုန်းလက်ခံရရှိခဲ့ပါတယ်။ သူမဟာ ပထမနှစ်တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ထိုအချိန်မှာ သူမရဲ့အထူးဝတ်စုံကိုမ၀တ်ထားရခြင်းက သူမရုတ်တရက်အခေါ်ခံလိုက်ရခြင်းကြောင့်ဖြဟ်ကြောင်း ရှင်းပြခဲ့ပါတယ်။

သူမဟာ ရှေးဦး သူနာပြုသင်တန်းကို တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး Ruam Katanyu ဖောင်ဒေးရှင်းနှင့်အတူသုံးနှစ်တာလုံးလုံး စေတနာ့ဝန်ထမ်းလုပ်ခဲ့ပါတယ်။ သူမဟာ ခေါ်ဆိုမှုကိုလက်ခံရရှိသည့်အခါသူမဟာ မီးလောင်မှုဖြစ်ပွါးရာနေရာသို့ချက်ချင်းပြေးသွားခဲ့ပြီး သူမတတ်နိုင်သမျှကူညီဖို့ကြိုးစားခဲ့တာပါ။

သူမဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မီးလောင်နေတာကြောင့် အိမ်ထဲကပစ္စည်းများကို အလျင်အမြန်ပြေးလွှားရင်း ရွေ့နေခဲ့ရင်း အသက်ရှူကြပ်ကာ နှလုံးရပ်သွားခဲ့တဲ့ အသက် ၆၀ အရွယ် Aran Inthirom အမည်ရှိအမျိုးသားအား သွားရောက်ကယ်ဆယ်ခဲ့ကြတာပါ။ ထိုအချိန်မှာ Aran ဟာ သွေးခုန်နှုန်းမရှိနေသလို အခြားဆေးဝန်ထမ်းများက Aran အား ကယ်ဆယ်ရင်း မောလာတာကြောင့် Saena က သူမကိုယ်တိုင် Aran အား CPR စမ်းပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။

ထို့နောက် Aran အခြေအနေဟာ ဆေးရုံပို့ဖို့ လိုအပ်နေကြောင်းကို ၎င်းတို့သဘောပေါက်ခဲ့ကြပါတယ်။ ၎င်းအဖြစ်အပျက်ကို Saena က “ သူ့ကို အရေးပေါ်လူနာကားပေါ်တင်ရတော့မှာ ၊ အဲ့တာနဲ့ အဲ့နေရာက လမ်းကြားကလည်း အရမ်းကျဉ်းနေတော့ ကားက ဝင်ရခက်နေခဲ့တယ် ၊ အဲ့ကြောင့် လူနာကားရောက်လာတဲ့အထိ CPR လုပ်ဖို့ သူ့ကိုယ်ပေါ်ကို တက်ခွလိုက်တာ ၊ ဟုတ်ပါတယ် မိန်းကလေးတစ်ယောက်အနေနဲ့ အဲ့လိုလုပ်တာမသင့်တော်ပေမဲ့ အဲ့တုန်းက ကျွန်မဘာမှမတွေးဘဲ ဒီလူရဲ့အသက်ကိုသာ ကယ်ချင်နေခဲ့တယ် ” ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

သိုပေမဲ့ ကံမကောင်းစွာနဲ့ Aran ဟာ အသက်ရှင်ရန် ဆရာဝန်များက အကောင်းဆုံးကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ သေဆုံးသွားသူရဲ့အစ်မဖြစ်သူက မောင်လေးဖြစ်သူအား အသက်ပေးနေခဲ့တဲ့ Saena အား မျက်မြင်ကိုယ်တွေ့မြင်ခဲ့တာကြောင့် သူမအား ထောက်ခံကြောင်းပြသခဲ့ပါတယ်။

Saena ဟာ Aran ရဲ့အသက်ကို ကယ်တင်ရန်လက်မလျော့ချင်တာကြောင့် လူနာတင်ယာဉ်ပေါ်၌ပင် CPR ကို ဆက်လုပ်နေခဲ့ပါတယ်။ ၎င်းကားထဲမှာလည်း ဆရာဝန်များကပါရှိနေခဲ့ပါတယ်။ ဆရာဝန်များကလည်း Saena ဟာ သူမအတွက် သတ်မှတ်ထားတဲ့အခြေအနေတွေမှာလုပ်ခဲ့တာကို သဘောတူခဲ့ကြပြီး ၎င်းတို့က သူမကို ချီးကျူးခဲ့ကြပါတယ်။

ထို့နောက် အမျိုးသားဥပဒေပြုလွှတ်တော် Surachai Liangbunlertchai က Saena အား သူမ၏စေတနာ့၀န်ဆောင်မှုအတွက် ဒီပလိုမာဘွဲ့တစ်ခုပေးအပ်ခဲ့ပါတယ်။ ဆေးရုံ၌ Aran အား တာဝန်ယူပေးခဲ့တဲ့ Dr. Withawat Siriprachai က Aran ဟာ ဆီးချိုရောဂါအခံရှိသလို မီးလောင်နေစဉ် ပစ္စည်းများရွေ့ရန် သူကိုယ်သူ အလွန်အကျွံလုပ်ဆောင်စေခဲ့တာကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

credit Mia (KB Chimmy One)

Reference : goodtimes

Leave a Comment