Unicode Version
လူတိုင်းက ဘ၀မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘယ်လို ကဏ္ဍမျိုးမှာပဲ ဖြစ်ဖြစ် အောင်မြင်ချင်တယ်။ ကိုယ်လိုချင်တာတွေကို အမြဲတစေရရှိပိုင်ဆိုင်ချင်တယ် ဆိုရင် မိတ်ဆွေအနေနဲ့ အများကြီး လုပ်စရာ မလိုပါဘူး။
ဒါလေးကိုပဲ သိထားသင့်ပါတယ်။
၁။ ဆန္ဒ
အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် ပထမဆုံး ရှိရမှာကတော့ အောင်မြင်ချင်တယ်ဆိုတဲ့ဆန္ဒ အရင်ရှိရမှာ ဖြစ်ပါတယ်။ မိတ်ဆွေမှာ “ပြင်းပြတဲ့ ဆန္ဒတစ်ခု” ရှိနေပြီဆိုရင် သေချာပါတယ်။ မိတ်ဆွေလုပ်မဲ့ တစ်ခုတည်းသော အရာက ကိုယ်ပိုင်ဆိုင်ချင်တဲ့ ဘ၀ တစ်ခုကို ဘယ်လို ပိုင်ဆိုင်နိုင်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပဲ လိုက်ရှာတော့မှာပဲ ဖြစ်ပါတယ်။
အဲ့ဒီလိုမှ မဟုတ်သေးဘူးဆိုရင်တော့ မိတ်ဆွေရဲ့ ဆန္ဒက အားမကောင်းသေးလို့ပါ။
၂။ ဆုံးဖြတ်ချက်
ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရွေးချယ်ပြီးပြီဆိုရင် ဖြစ်အောင် ကြိုးစားတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေ ပိုင်နိုင်စွာ မချဖြစ်သေးဘူးဆိုရင် လုပ်ဖြစ်မှာလည်း မဟုတ်သေးပါဘူး။ ဒါ့ကြောင့် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချဖို့ အရေးကြီးပါတယ်။
“
၃။ ဆက်လုပ်
မိတ်ဆွေမှာ ပြင်းပြတဲ့ ဆန္ဒလည်း ရှိနေပြီ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်လည်း ချပြီးပြီဆိုရင်တော့ ဒီမှာတင် ရပ်မနေဖို့အရေးကြီးပါတယ်။ ဖြစ်ချင်တာတွေရဖို့ ဆက်လုပ် ရတော့မှာပါပဲ။ တစ်ခု သတိထားရမှာက အောင်မြင်မှုဆိုတာ သတ်မှတ်ချက်ရှိထားပြီးသား နေရာတစ်ခု မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရသလိုပဲ မိတ်ဆွေရဲ့ ပန်းတိုင်တွေကလည်း တစ်ခုတည်းနဲ့တော့ ရပ်တန့်နေမှာ မဟုတ်ပါဘူး။
ပန်းတိုင်တစ်ခုရောက်ပြီဆိုတာနဲ့ အောင်ပွဲခံပါ။ နောက်ထပ် ပန်းတိုင်တွေအတွက်လဲ ဆက်အားမွေးပြီး လျှောက်လှမ်းရမှာပဲဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ ရပ်တန့်မသွားမဲ့ခရီးလမ်းတစ်ခုမို့ အမြဲတမ်းပဲ ဆက်လက်လျှောက်လှမ်းနေဖို့လိုပါတယ်။
မိတ်ဆွေတို့ရော ဘယ် အချက်တွေကို လုပ်ဆောင်နေပြီလဲ?
Comment မှာ မျှဝေခဲ့ပါဦး။
Credit: Original Writer