success

“လူတချို့ မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း မင်းက တန်ဖိုးမရှိတာ မဟုတ်ဘူး”

Unicode Version

 

လူတချို့ မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။ လူတစ်ချို့ မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့ မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို အရမ်းချစ်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

 

လွယ်လွယ်နဲ့ရရင် လူတွေက တန်ဖိုးမထားချင်ကြဘူး။ ဒါကို မင်းသိရင် နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း အမှိုက်မဟုတ်ဘူးဆိုတာ နားလည်ပါ။ တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။ တစ်ခါတလေမှာ ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို လောကကြီးက သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ။ အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်။ နေချင်သူတွေကိုတော့ သူ့သဘော အတိုင်း ရှိပါစေ။ သူတို့ ဆုံးရှုံးသွားတာက ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို မင်း ဆုံးရှုံးရတာက အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ…ဘယ်သူနာလဲ?မင်း မနာပါဘူး။ အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။ တစ်ယောက်ထဲနေလည်း ဖြစ်တယ်။ နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး။ လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ တန်ဖိုးထားမြတ်နိုးပြီး ချစ်လိုက်ပါ။ ကျန်တဲ့ အပေါ်ယံတွေ အတွက် အလေးအနက်ထားပြီး ခံစားမနေနဲ့။

Leave a Comment