success

“သာမန်လူတစ်ယောက်အတွက် အောင်မြင်မှုရရှိနိုင်ဖို့ လုပ်သင့်တဲ့ အချက် (၇)ချက်”

Unicode Version

အောင်မြင်ကျော်ကြားနေသူတွေဟာ ကံကောင်းလို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သူဌေးဖြစ်နေကြပြီး အောင်မြင်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ သူဌေးဖြစ်နည်း စာအုပ်တွေဖတ်ပြီး စာအုပ်ကြီးအတိုင်း လိုက်လုပ်လို့ အောင်မြင်လာတယ်လို့တော့ မရှိပါဘူး။ များသောအားဖြင့် ကိုယ့်ရဲ့ကြိုးစားမူကြောင့်သာလျှင် နာမည်ကြီး အောင်မြင်လာကြသူများသာ ဖြစ်ပါတယ်။

၁။ ရိုးရိုးလေးနေရင်လည်း ရပါတယ်

ဟန်ဆောင်ပြီး ပြုံးနေရင်လည်း စိတ်မပါတဲ့အတွက်ကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ ရိုးရိုးသားသား နေမယ်ဆိုရင် ဒီလူကတော့ ယုံကြည်ရမယ်လို့ တဖက်သားက အခွင့်အရေးပေးမှာ အမှန်ပါ။

၂။ သူတစ်ပါးက အကြံပေးတာကို ဂရုတစိုက် လက်ခံနားထောင်ပါ

အကြံပေးခံရတဲ့အခါမှာ အပြစ်ကို ပြောသလို ရှိကောင်း ရှိပါလိမ့်မယ်။ ဒါကို အကောင်းဘက်က တွေးပြီး လက်ခံဆောင်ရွက်သင့်ပါတယ်။

၃။ အခြားသောသူကို မတုပါနဲ့

သူ့လို အောင်မြင်ချင်တယ်ဆိုတိုင်း သူလုပ်သလိုလုပ်မယ် ဆိုရင်တော့ အောင်မြင်မယ်လို့ မထင်ပါဘူး။
သူအောင်မြင်တဲ့ အကြောင်းရင်းနဲ့ ကိုယ့်ရဲ့ အခြေအနေက တူမယ်လို့ မထင်ဘူး။ ဒီအတွက်ကြောင့် ကိုယ့်လုပ်ဆောင်နေကျအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားသင့်ပါတယ်။

၄။ ဝီရိယရှိရှိကြိုးစားရင် ကံကောင်းလာပါလိမ့်မယ်

မှန်မှန်သာ ကြိုးစားသွားရင်တော့ အောင်မြင်ပါလိမ့်မယ်။ ကိုယ့်ကကြိုးစားနေရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်နဲ့စိတ်တူ ကိုယ်တူ သူငယ်ချင်း အပေါင်းအသင်းက ကိုယ့်နားကို ရောက်ကို ရောက်လာမှာပါ။

၅။ သူတပါး မလုပ်ချင်တဲ့ အလုပ်ကို လုပ်နိုင်ရမယ်

သူများတွေ မလုပ်ချင်သော အလုပ်ကို ကိုယ်ကလုပ်နိုင်ရင် စီးပွားရေးအရတွေးရင် အောင်မြင်ရန် အခွင့်အရေး ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသော သူများက ဒီအလုပ် ဒီစျေးကွက်ကို နားမလည်လို့ပါ။

၆။ လက်ရှိ လုပ်နေတဲ့အလုပ်ကို အစွမ်းကုန် ကြိုးစားပြီးလုပ်ပါ

စိတ်ဝင်စားစရာ မကောင်းသော အလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာ မကောင်းသောအလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ် ကြိုးစားပြီး လုပ်စေချင်ပါတယ်။ လက်ရှိအလုပ်ကို ကြိုးစားပြီးလုပ်ရင် ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလိုလို ရောက်လာပါလိမ့်မယ်။

၇။ အောင်မြင်မယ်လို့ ယုံကြည်ထားသူ

အောင်မြင်မူကို ခံနိုင်ရည်ရှိသူဖြစ်ရသလို၊ ဖြစ်ပေါ်လာမည့် ပြသာနာကိုလည်း ရဲရဲကြီး ရင်ဆိုင်ရမှာပါ။ ဘာပြသာနာနဲ့ပဲ ကြုံကြုံ စိတ်အေးအေးထားပြီး ဖြေရှင်းရပါလိမ့်မယ်။

ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

 

 

Leave a Comment