Wed. Oct 27th, 2021

Unicode Version

 

အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်းတွေရှိပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခာနဲ့ ထိန်းသိမ်းတတ်တဲ့သူတွေ၊ စိတ်ကူးအိပ်မက် ကြီးကြီးမားမား ပိုင်ဆိုင်ထားတဲ့သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်းတောက် အောင်မြင်တဲ့သူတွေ ဖြစ်လာပါတော့တယ်။

အခုဖော်ပြပေးမှာကတော့ ကိုယ်ဝါသနာပါရာလိုင်းတွေမှာ အမြင့်ဆုံးသောအောင်မြင်မှုတွေ ရချင်တဲ့သူတွေအတွက် ၂၀ ကျော်အရွယ်ကနေ စတင်ပြုပြင်သင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ကြီးမားတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက် တကယ်ကို ဖတ်သင့်တဲ့ဆောင်းပါးလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။


(၁) ဆုံးဖြတ်ချက်တွေကို ပြန်ရှင်းပြမနေပါနဲ့တော့

 

သင်ဘာကြောင့် ဒီအရာကို ဆုံးဖြတ်ခဲ့တာလဲ။ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ဘဝအတွက် တကယ်ကို အရေးပါတဲ့သူတွေကလွဲရင် ရှင်းပြမနေပါနဲ့တော့။ ဆုံးဖြတ်ချက်ချခဲ့ပြီးသား၊ ရွေးချယ်ခဲ့ပြီးသားအရာတွေအတွက် ငါမှားများ မှားသွားပြီလားဆိုတဲ့ သံသယတွေ၊ ဒွိဟစိတ်တွေကို ဖျောက်လိုက်ပါ။

(၂) ရည်မှန်းချက်တွေကို အာရုံစိုက်ပါ

သင့်ဘဝမှာ မကောင်းတဲ့သူတွေ၊ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့သူတွေကို နှုတ်ဆက်လိုက်ပါတော့။ အနာဂတ်မှာ သင်လိုချင်တဲ့ ပန်းတိုင်ကိုသာ မျှော်မှန်းပြီး လက်တွေ့အကောင်အထည် ဖော်ဖို့ကိုသာ စတင်ပြီး အာရုံစိုက်ပါ။

(၃) ကြေကွဲစရာတွေကို မေ့လိုက်ပါ

 

အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ဆွေးစရာ၊ လွမ်းစရာတွေ အားလုံးကို မေ့လိုက်ပါ။ ဒီအရာတွေက ဘဝ မဟုတ်ပါဘူး။ ဘဝတက်လမ်းကို ပိတ်ပင်တဲ့ အတားအဆီးတွေသာ ဖြစ်တာကြောင့် ထားခဲ့လိုက်ပါတော့။

(၄) သူများအကြိုက် မနေပါနဲ့တော့

 

မှန်ရှေ့မှာပဲ အချိန်တွေကုန်ပြီး အလှတွေပြင် အဝတ်အစားတွေ တစ်ထည်ပြီး တစ်ထည်ရွေး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ နေ့တွေအားလုံးကို အဆုံးသတ်လိုက်ပါတော့။ သူများတွေ ဘယ်လိုမြင်မှာ ဘယ်လိုပြောမှာ စတာတွေကို ဂရုမစိုက်ဘဲ သင်တကယ် လုပ်ချင်စိတ်ရှိမှလုပ်ပါ။ သူများအကြိုက် လိုက်မနေပါနဲ့တော့။

(၅) ဟန်ဆောင်တာတွေ ရပ်လိုက်ပါ
ကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေး တစ်ယောက်ယောက်၊ ဒါမှမဟုတ် နာမည်ကျော် တစ်ယောက်ယောက်ရဲ့ ပုံစံတူကို လိုက်ပြီး မနေပါနဲ့။ သင့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံတတ်ပြီး သင့်ရဲ့ပင်ကိုယ်သဘာဝမှာ ပျော်ပျော်နေတတ်ဖို့ စိတ်ကျေနပ်ဖို့ အခုကစပြီး သင်ယူပါ။

(၆) ကိုယ်နှစ်သက်တဲ့အလုပ်အကိုင်ကိုပဲ ရွေးပါ
သူများတွေ မင်းသမီးဖြစ်လို့ သင် မင်းသမီးဖြစ်စရာ မလိုပါဘူး။ သင့်ရဲ့ ရည်မှန်းချက် သင့်ရဲ့ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဒါကြောင့် သင်ဝါသနာ မပါပေမယ့် ဂုဏ်ရှိစေမယ့် အလုပ်အကိုင်တွေထက် ဂုဏ်တွေဘာမှ မရှိရင်တောင် သင်နှစ်သက်တဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်ပါ။

(၇) ခန္ဓာကိုယ်ကို ဂရုမစိုက်တာတွေ မလုပ်ပါနဲ့တော့
သင့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ အမှိုက်ပုံမဟုတ်ပါဘူး။ ဒါကြောင့် သေသေချာချာပြုစုတတ်ဖို့၊ သေသေချာချာ ချစ်တတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာမျိုးတွေ ရွေးချယ်စားသုံးပေးတာတွေကို အခုကစပြီး လုပ်သင့်ပါပြီ။ သင်အသက်ကြီးလာတဲ့အခါ ဒီအရာတွေအတွက် ကျေးဇူးတင်နေမှာပါ။

“Do not think that you need love to be happy”
(၈) ပျော်ရွှင်ဖို့အတွက် အချစ်လိုတယ်ဆိုတဲ့အတွေးမျိုး မတွေးပါနဲ့တော့
သင့်ဘဝမှာ ပျော်ရွှင်မှုကို တွေ့ရှိရဖို့အတွက် ချစ်သူတစ်ယောက်လိုအပ်တယ်။ မဖြစ်မနေ ချစ်သူရှိမှ ရမယ်ဆိုတဲ့ အတွေးမျိုးကို လုံးဝရပ်လိုက်ပါ။အမှန်တကယ်ကတော့ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပါပဲ။ တစ်ယောက်တည်းဖြစ်နေရင်တောင် ပျော်ပျော်နေတတ်ဖို့ သင်ယူပါ။

(၉) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်ပါ
သင်ဟာ ဘယ်တော့မှတခြားလူမဖြစ်သွားနိုင်သလို၊ တခြားသူတစ်ယောက်ယောက်ကလည်း သင်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသင် သူများတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ရပ်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပြိုင်စံရှား လူတစ်ယောက်ဖြစ်တယ် ဆိုတာ စတင်လက်ခံလိုက်ပါ။

Credit: Original Writer
Sharing By: One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *