One Daily News

ကလေး(၁၁)ယောက် အမေဖြစ်လာတဲ့ အသက်(၂၃)နှစ်အရွယ်အမျိုးသမီး

ကလေး(၁၁)ယောက် အမေဖြစ်လာတဲ့ အသက်(၂၃)နှစ်အရွယ်အမျိုးသမီး

သင့်ရဲ့ အာရုံစိုက်မှုကို တပြိုင်နက်တည်း တောင်းခံနေမယ့် ကလေး (၁၁) ယောက်ရှိနေမယ်လို့ မြင်ယောင်ကြည့်ပါ။သင့်အတွက် လွယ်ကူပါ့မလား ?? တကယ်တမ်းမှာတော့ ဒါဟာ အသက်(၂၃)နှစ်အရွယ် Christina Oztu ရဲ့လက်ရှိဘဝပဲ ဖြစ်ပါတယ်။သူမ အတွက်စိတ်ပင်ပန်းစရာလို့ ထင်ရနိုင်ပေမယ့် တကယ်တမ်းမှာတော့ သူမဟာအလွန်ပျော်ရွှင်နေပြီး နောက်ထပ် ကလေးများထပ်ယူရန်ပင် ဆန္ဒရှိနေပါသေးတယ်။
စာဖတ်ပရိတ်သတ်ကြီးများအတွက် သူမဘဝအကြောင်းတစေ့တစောင်း သွားရောက်မေးမြန်းထားသည်များကို တင်ဆက်ပေးလိုက်ပါတယ်။အဆုံးမှာတော့ ကလေးငယ်လေးများရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကိုလဲ တင်ဆက်ပေးထားပါတယ်။

(၁) ဆယ်ကျော်သက်မိခင်

သူမဟာအသက် 17 နှစ်အရွယ်မှာ ပထမဆုံးသော ရင်‌သွေးလေးကို စတင်‌ မွေးဖွားခဲ့ပါတယ်။
သူမဟာ single mother တစ်ဦးဖြစ်သော်လည်း အားလပ်ရက်အပန်းဖြေခရီးတစ်ခုမှာ လက်ရှ်ိခင်ပွန်းသည်နဲ့ စတင်‌ တွေ့ဆုံခဲ့ပြီး သူမဘဝလည်း ပြောင်းလဲခဲ့ပါတယ်။သူဟာ သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး လက်ထပ်ပြီး ရင်သွေးများစွာယူရန် တောင်းဆိုခဲ့ပါတယ်။

(၂) ကြီးမားသောမိသားစုကြီး ဖြစ်လာရခြင်း၏ လျို့ဝှက်ချက်

Christina ရဲ့ ရင်သွေး အများစုဟာ တပြိုင်နက်ထဲမွေးဖွားခဲ့ပြီး အသက်ရွယ်တူများဖြစ်ကြပါတယ် ။ တပြိုင်နက်တည်း ကလေးအများကြီးမွေးဖွားရန် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကြီးမားသောမိသားစုကြီး အမြန်ဆုံးဖြစ်လာရန် ရည်ရွယ်ထားခဲ့တဲ့ သူမတို့ ဇနီးမောင်နှံနှစ်ဦးဟာ အငှားကိုယ်ဝန်ဆောင်ခြင်းများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သူမဟာ ကလေး အားလုံးကို မမွေးဖွားခဲ့ပေမယ့် သွေးသားတော်စပ်မှုအရ ကလေးအားလုံးရဲ့ မိခင်ပဲဖြစ်ပါတယ်။သူတို့စုံတွဲဟာ အရေအတွက်အတိအကျမသတ်မှတ်ထားသော်လည်း တစ်ဒါဇင် မကသော ရင်သွေးလေးများ အလိုရှိနေပါတယ်။

(၃) ရွာတစ်ရွာစာ ကလေးထိန်းများ

သူမ၏ လက်တွဲဖော် အသက်(၅၆)နှစ်အရွယ် မီလျံနာသူဌေးကတော့ မိသားစုရဲ့လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်သူ စူပါ Daddy ပဲဖြစ်ပါတယ်။ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ Chritina ကို ကူညီပေးမယ့် အိမ်တော်ထိန်းနှင့် လက်ထောက်များစွာလည်း ခန့်ထားပါတယ်။

(၄) Christina ၏နေ့စဉ်ဘဝ

သူမတို့ဇနီးမောင်နှံကြား တာဝန်ခွဲဝေယူထားကြကြောင်း Christina ကပြောပြပါတယ်။ အမျိုးသားဖြစ်သူက အလုပ်ကို အာရုံစိုက်ပြီး သူမကတော့ ကလေးများကိုဂရုစိုက်စောင့်ရှောက်ရပါတယ်။ လမ်းလျှောက်ထွက်ခြင်း ၊ ဂိမ်းကစားခြင်း ၊ ရုပ်ရှင်ကြည့်ခြင်းများလည်း အတူတကွလုပ်လေ့ရှိပြီး အားလပ်ရက်များကိုလည်း မိသားစုအတွက် အချိန်ပေးကုန်ဆုံးလေ့ရှိတဲ့အပြင် ထမင်းဝိုင်းကိုလည်း တစ်စုတစ်စည်းတည်း အတူစားကြတယ်လို့ Christina က ပြောပြခဲ့ပါတယ်။

Bonus : photoshooting အတွက် လူစုနေကြပုံများကို ရှူစားကြည့်ပါဦး

သင့်မှာသာ အချိန်နှင့်ပိုက်ဆံအလုံလောက်ရှိမယ် ကလေးဘယ်နှစ်ယောက်လောက် လိုချင်လဲဆိုတာ ရေးသားပေးခဲ့ကြပါဦး .

 

 

Zawgyi

 

ကေလး(၁၁)ေယာက္ အေမျဖစ္လာတဲ့ အသက္(၂၃)ႏွစ္အ႐ြယ္အမ်ိဳးသမီး

သင့္ရဲ႕ အာ႐ုံစိုက္မႈကို တၿပိဳင္နက္တည္း ေတာင္းခံေနမယ့္ ကေလး (၁၁) ေယာက္ရွိေနမယ္လို႔ ျမင္ေယာင္ၾကည့္ပါ။သင့္အတြက္ လြယ္ကူပါ့မလား ?? တကယ္တမ္းမွာေတာ့ ဒါဟာ အသက္(၂၃)ႏွစ္အ႐ြယ္ Christina Oztu ရဲ႕လက္ရွိဘဝပဲ ျဖစ္ပါတယ္။သူမ အတြက္စိတ္ပင္ပန္းစရာလို႔ ထင္ရႏိုင္ေပမယ့္ တကယ္တမ္းမွာေတာ့ သူမဟာအလြန္ေပ်ာ္႐ႊင္ေနၿပီး ေနာက္ထပ္ ကေလးမ်ားထပ္ယူရန္ပင္ ဆႏၵရွိေနပါေသးတယ္။
စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ သူမဘဝအေၾကာင္းတေစ့တေစာင္း သြားေရာက္ေမးျမန္းထားသည္မ်ားကို တင္ဆက္ေပးလိုက္ပါတယ္။အဆုံးမွာေတာ့ ကေလးငယ္ေလးမ်ားရဲ႕ ခ်စ္စဖြယ္ ဗီဒီယိုေလးကိုလဲ တင္ဆက္ေပးထားပါတယ္။

(၁) ဆယ္ေက်ာ္သက္မိခင္

သူမဟာအသက္ 17 ႏွစ္အ႐ြယ္မွာ ပထမဆုံးေသာ ရင္‌ေသြးေလးကို စတင္‌ ေမြးဖြားခဲ့ပါတယ္။
သူမဟာ single mother တစ္ဦးျဖစ္ေသာ္လည္း အားလပ္ရက္အပန္းေျဖခရီးတစ္ခုမွာ လက္ရွ္ိခင္ပြန္းသည္နဲ႔ စတင္‌ ေတြ႕ဆုံခဲ့ၿပီး သူမဘဝလည္း ေျပာင္းလဲခဲ့ပါတယ္။သူဟာ သူမကို ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့ၿပီး လက္ထပ္ၿပီး ရင္ေသြးမ်ားစြာယူရန္ ေတာင္းဆိုခဲ့ပါတယ္။

(၂) ႀကီးမားေသာမိသားစုႀကီး ျဖစ္လာရျခင္း၏ လ်ိဳ႕ဝွက္ခ်က္

Christina ရဲ႕ ရင္ေသြး အမ်ားစုဟာ တၿပိဳင္နက္ထဲေမြးဖြားခဲ့ၿပီး အသက္႐ြယ္တူမ်ားျဖစ္ၾကပါတယ္ ။ တၿပိဳင္နက္တည္း ကေလးအမ်ားႀကီးေမြးဖြားရန္ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ႀကီးမားေသာမိသားစုႀကီး အျမန္ဆုံးျဖစ္လာရန္ ရည္႐ြယ္ထားခဲ့တဲ့ သူမတို႔ ဇနီးေမာင္ႏွံႏွစ္ဦးဟာ အငွားကိုယ္ဝန္ေဆာင္ျခင္းမ်ား ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။သူမဟာ ကေလး အားလုံးကို မေမြးဖြားခဲ့ေပမယ့္ ေသြးသားေတာ္စပ္မႈအရ ကေလးအားလုံးရဲ႕ မိခင္ပဲျဖစ္ပါတယ္။သူတို႔စုံတြဲဟာ အေရအတြက္အတိအက်မသတ္မွတ္ထားေသာ္လည္း တစ္ဒါဇင္ မကေသာ ရင္ေသြးေလးမ်ား အလိုရွိေနပါတယ္။

(၃) ႐ြာတစ္႐ြာစာ ကေလးထိန္းမ်ား

သူမ၏ လက္တြဲေဖာ္ အသက္(၅၆)ႏွစ္အ႐ြယ္ မီလ်ံနာသူေဌးကေတာ့ မိသားစုရဲ႕လိုအပ္ခ်က္တိုင္းကို ျဖည့္ဆည္းေပးႏိုင္သူ စူပါ Daddy ပဲျဖစ္ပါတယ္။ကေလးမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရာမွာ Chritina ကို ကူညီေပးမယ့္ အိမ္ေတာ္ထိန္းႏွင့္ လက္ေထာက္မ်ားစြာလည္း ခန႔္ထားပါတယ္။

(၄) Christina ၏ေန႔စဥ္ဘဝ

သူမတို႔ဇနီးေမာင္ႏွံၾကား တာဝန္ခြဲေဝယူထားၾကေၾကာင္း Christina ကေျပာျပပါတယ္။ အမ်ိဳးသားျဖစ္သူက အလုပ္ကို အာ႐ုံစိုက္ၿပီး သူမကေတာ့ ကေလးမ်ားကိုဂ႐ုစိုက္ေစာင့္ေရွာက္ရပါတယ္။ လမ္းေလွ်ာက္ထြက္ျခင္း ၊ ဂိမ္းကစားျခင္း ၊ ႐ုပ္ရွင္ၾကည့္ျခင္းမ်ားလည္း အတူတကြလုပ္ေလ့ရွိၿပီး အားလပ္ရက္မ်ားကိုလည္း မိသားစုအတြက္ အခ်ိန္ေပးကုန္ဆုံးေလ့ရွိတဲ့အျပင္ ထမင္းဝိုင္းကိုလည္း တစ္စုတစ္စည္းတည္း အတူစားၾကတယ္လို႔ Christina က ေျပာျပခဲ့ပါတယ္။

Bonus : photoshooting အတြက္ လူစုေနၾကပုံမ်ားကို ရႉစားၾကည့္ပါဦး

သင့္မွာသာ အခ်ိန္ႏွင့္ပိုက္ဆံအလုံေလာက္ရွိမယ္ ကေလးဘယ္ႏွစ္ေယာက္ေလာက္ လိုခ်င္လဲဆိုတာ ေရးသားေပးခဲ့ၾကပါဦး ..

Rft Brightside

Translate by written One Daily Media

 

 

 

 

Leave a Comment