Daily News

သားဖြစ်သူရဲ့ဆေးကုသမှုစရိတ်အတွက် နေ့ရောညပါ မနားတမ်း မုန့်ချိုများကိုရောင်းချနေခဲ့တဲ့ အသက် ၁၀၅ နှစ်အရွယ် အဘိုးအို

တရုတ်နိုင်ငံရှိ Shandong ပြည်နယ်မှ အသက် ၁၀၅ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ဇာတ်လမ်းဟာ မကြာသေးမီက social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုအဘိုးအိုဟာ သူနဲ့သူ့သားရဲ့စားဝတ်နေရေးအပြင် သားဖြစ်သူရဲ့ဆေးဖိုးကိုပါထောက်ပံံ့နိုင်ရန်အတွက် ထိုင်ဝမ်ရှိ ထိုင်ပေမှလာတဲ့ တရုတ်မုန့် (mantou) ကို ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ်။ ထိုအဘိုးအိုရဲ့သားဟာ မူးယစ်ဆေးစွဲခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့် စိတ်ကျရောဂါခံစားခဲ့ရပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ ဒါ့ကြောင့် အဘိုးအိုက သူ့ရဲ့မိသားစုသေးသေးလေးကို ထောက်ပံ့ရန်နှင့် သားဖြစ်သူရဲ့စျေးများတဲ့ဆေးကုသမှုစရိတ်အတွက် ငွေပေးချေနိုင်ရန် mantou မုန့်ကို နေ့ရောညပါ ရောင်းခြင်းဖြင့် ကြိုးစားရုန်းကန်နေရပါတယ်။

နေ့ခင်းဘက်မှာ ထိုအဘိုးအိုဟာ Jingmei စျေးရှိသူရဲ့လူလုပ်ဆိုင်ငယ်လေးမှာ တွေ့နိုင်ပြီး ညနေပိုင်းမှာတော့ သူ့ရဲ့ဆိုင်လေးကိုနေရာရွှေ့ပြီး Wanlong ဘူတာအပြင်ဘက်မှာ စျေးရောင်းလေ့ရှိပါတယ်။ အဆိုပါအဘိုးအိုရဲ့အဖြစ်အပျက်ဇာတ်လမ်းကို ပြန်လည်မျှဝေပေးခဲ့တဲ့ netizen တစ်ဦးက အဘိုးရဲ့ဆိုင်ရှေ့ကို မကြာခဏဖြတ်သွားခဲ့ဖူးတာကြောင့် အဘိုးရဲ့အကြောင်းကို သိလာခဲ့ပြီး သူ့ ရဲ့Facebook မှာမျှဝေပေးခဲ့ကြောင်း နှင့် အဆိုပါအဘိုးဟာ သူ့ရဲ့ညနေစာကို အမြဲတမ်းမသုံးဆောင်ခဲ့တာကိုပါသတိပြုမိတာကြောင့် အဘိုးအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း ရေးသားခဲ့ပါတယ်။ ထို့နောက် အင်တာနက်သုံးစွဲသူများကလည်း အသက်ကြီးလှပြီဖြစ်တဲ့အဘိုးရဲ့ကျန်းမာရေးကို စိုးရိမ်ခဲ့ကြပါတယ်။ အချို့ကလည်း အဘိုးကို ကူညီနိုင်ရန် အဘိုးရှိရာနေရာသို့ချက်ချင်းသွားခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : goodtimes

Zawgyi

တ႐ုတ္ႏိုင္ငံရွိ Shandong ျပည္နယ္မွ အသက္ ၁၀၅ ႏွစ္အ႐ြယ္ အဘိုးအိုတစ္ဦးရဲ႕ဇာတ္လမ္းဟာ မၾကာေသးမီက social media ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ထိုအဘိုးအိုဟာ သူနဲ႔သူ႔သားရဲ႕စားဝတ္ေနေရးအျပင္ သားျဖစ္သူရဲ႕ေဆးဖိုးကိုပါေထာက္ပံံ့ႏိုင္ရန္အတြက္ ထိုင္ဝမ္ရွိ ထိုင္ေပမွလာတဲ့ တ႐ုတ္မုန႔္ (mantou) ကို ေရာင္းခ်ျခင္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေနခဲ့ပါတယ္။ ထိုအဘိုးအိုရဲ႕သားဟာ မူးယစ္ေဆးစြဲျခင္းႏွင့္ ဆီးခ်ိဳေရာဂါတို႔ေၾကာင့္ စိတ္က်ေရာဂါခံစားခဲ့ရၿပီး လက္ရွိမွာ ေဆးကုသမႈခံယူေနရပါတယ္။ ဒါ့ေၾကာင့္ အဘိုးအိုက သူ႔ရဲ႕မိသားစုေသးေသးေလးကို ေထာက္ပံ့ရန္ႏွင့္ သားျဖစ္သူရဲ႕ေစ်းမ်ားတဲ့ေဆးကုသမႈစရိတ္အတြက္ ေငြေပးေခ်ႏိုင္ရန္ mantou မုန္႔ကို ေန႔ေရာညပါ ေရာင္းျခင္းျဖင့္ ႀကိဳးစား႐ုန္းကန္ေနရပါတယ္။

ေန႔ခင္းဘက္မွာ ထိုအဘိုးအိုဟာ Jingmei ေစ်းရွိသူရဲ႕လူလုပ္ဆိုင္ငယ္ေလးမွာ ေတြ႕ႏိုင္ၿပီး ညေနပိုင္းမွာေတာ့ သူ႔ရဲ႕ဆိုင္ေလးကိုေနရာေ႐ႊ႕ၿပီး Wanlong ဘူတာအျပင္ဘက္မွာ ေစ်းေရာင္းေလ့ရွိပါတယ္။ အဆိုပါအဘိုးအိုရဲ႕အျဖစ္အပ်က္ဇာတ္လမ္းကို ျပန္လည္မွ်ေဝေပးခဲ့တဲ့ netizen တစ္ဦးက အဘိုးရဲ႕ဆိုင္ေရွ႕ကို မၾကာခဏျဖတ္သြားခဲ့ဖူးတာေၾကာင့္ အဘိုးရဲ႕အေၾကာင္းကို သိလာခဲ့ၿပီး သူ႔ ရဲ႕Facebook မွာမွ်ေဝေပးခဲ့ေၾကာင္း ႏွင့္ အဆိုပါအဘိုးဟာ သူ႔ရဲ႕ညေနစာကို အၿမဲတမ္းမသုံးေဆာင္ခဲ့တာကိုပါသတိျပဳမိတာေၾကာင့္ အဘိုးအတြက္ စိုးရိမ္ပူပန္မိေၾကာင္းလည္း ေရးသားခဲ့ပါတယ္။ ထို႔ေနာက္ အင္တာနက္သုံးစြဲသူမ်ားကလည္း အသက္ႀကီးလွၿပီျဖစ္တဲ့အဘိုးရဲ႕က်န္းမာေရးကို စိုးရိမ္ခဲ့ၾကပါတယ္။ အခ်ိဳ႕ကလည္း အဘိုးကို ကူညီႏိုင္ရန္ အဘိုးရွိရာေနရာသို႔ခ်က္ခ်င္းသြားခဲ့ၾကပါတယ္။

Mia (KB Chimmy One)

Leave a Comment