Tue. Oct 26th, 2021

Unicode Version

 

လူချမ်းသာတစ်ယောက်ဖြစ်လာဖို့ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာဖို့မလိုပါဘူး။ အောင်မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ကြရတဲ့ လူတွေပါပဲ။ သူတို့အနေနဲ့ ဒီလိုချမ်းသာအောင် ဘယ်လိုမျိုး စွမ်းဆောင်ခဲ့တာလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

(၁) ဘာဖြစ်ချင်လဲဆိုတာကို သိထားရမယ်

သင်အလုပ်တွေဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ဒီအလုပ်ကို ဘာအတွက် လုပ်နေလဲဆိုတာကို သင့်ခေါင်းထဲမှာ ရှင်းလင်းဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့်ကို တက်လမ်းဖို့အတွက် အဆင်သင့် ဖြစ်နေမှာဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုလည်း မြန်မြန်ဆန်ဆန် ရောက်စေမှာပါ။

အလုပ်ကရတဲ့ ပိုက်ဆံတွေကို ဘယ်လိုအကျိုးရှိစွာသုံးရမလဲ။ ဘယ်လိုစီမံခန့်ခွဲမလဲ။ ဘယ်လိုနည်းနဲ့ တစ်ခြားနေရာတွေမှာ ရင်းနှီးမြုပ်နှံမလဲ? ဆိုတာတွေကို သင့်ခေါင်းထဲမှာ အမြဲတွေးနေရမည့် အချက်တွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့အလုပ်အကိုင်နဲ့ ဝင်ငွေကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ခြင်းက ချမ်းသာတဲ့ လမ်းကြောင်းပေါ် ရောက်ရှိသွားစေမှာပါ။

 

(၂) ဖြတ်လမ်းနည်းမသုံးပါနဲ့

သင့်ရဲ့ဝင်ငွေဟာ ဘယ်လောက်ပဲနည်းနေတယ် ဆိုပေမယ့် သင့်ဝင်ငွေတွေ ပိုများလာစေဖို့ ဖြတ်လမ်းနည်းဖြင့် မဆုံးဖြတ်ပါနဲ့။ လက်ရှိ အလုပ်ကို ကြိုးစားရင်း ဝင်ငွေတိုးအောင်လုပ်သင့်သလို ကိုယ်ကျွမ်းကျင်တဲ့ အချို့အလုပ်တွေကို အစပျိုးပြီး လုပ်ကြည့်တာမျိုးက ပိုပြီးတော့ကောင်းမွန်ပါတယ်။

(၃) စွန့်စားမဲ့ အခြေအနေကိုသတိထားပါ

ဘဝတစ်ခုလုံးပြောင်းလဲဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်။ ကိုယ့်အတွက်အန္တရာယ်ကင်းပြီး ဝင်ငွေတိုးနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေတာက ပိုပြီးတော့ ကောင်းပါတယ်။

(၄) မတူညီတဲ့ အမြင်တွေကနေ စဉ်းစားပါ
သူများတွေထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုရင် တစ်ခြားသူတွေနဲ့ မတူတဲ့အမြင်၊ အတွေးအခေါ်မျိုး တွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့ စိတ်ကိုနားလည်နိုင်ဖို့လည်း လိုပါတယ်။ ဒါမှ တစ်ခြား လူတွေနဲ့ကွဲပြားတဲ့ အလုပ်တွေကို တီထွင်လုပ်ကိုင်နိုင်ပြီး သင့်ဘဝတက်လမ်းအတွက် အကျိုးရှိလာမှာပါ။

(၅) ပိုက်ဆံရဲ့တန်ဖိုးကိုနားလည်ပါ
ပိုက်ဆံများများရှာနိုင်တဲ့အချိန်မှာ ပိုက်ဆံတန်ဖိုးကို နားလည်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ရနေတဲ့ဝင်ငွေ အားလုံးကို ပြန်သုံးပစ်တာနဲ့ ကုန်သွားရင် သင့်အတွက် ဘာအခွင့်အရေးမှရှိတော့မှာ မဟုတ်ပါဘူး။ သင့်ရဲ့ဝင်ငွေထဲက ပမာနတစ်ချို့ကို စုဆောင်းထားပြီး သင့်ရဲ့အရေးပေါ်အခြေအနေ (သို့) အနာဂါတ်ရင်းနှီးမြုပ်နှံမှုတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၆) သင့်ကိုယ်သင် ဆင်ခြေမပေးပါနဲ့

ပုံမှန်ဝင်ငွေတွေကို စုဆောင်းနေတာကနေ အကြောင်းပြချက်တစ်ခုခုနဲ့ ရပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။ ဒီလတော့ ပင်ပန်းလို့ ပိုသုံးလိုက်မယ်။ အဝတ်အစားနဲနဲ ပိုဝယ်လိုက်မယ်စတဲ့ သင့်ကို အကျင့်ဖြစ်သွားစေပြီး အချိန်ကြာလာသည်နှင့် အမျှသင့်ရဲ့စုဆောင်းလိုစိတ်တွေ ပျောက်သွားမှာဖြစ်တယ်။

(၇) အမှားလုပ်မိမှာ မကြောက်ပါနဲ့

အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ကြိုးစားတိုင်း မှားသွားမလားဆိုတဲ့ အတွေးမျိုး ခံစားနေရတယ်ဆိုရင် ပြောင်းလဲပစ်ဖို့ အမြန်ဆုံး ကြိုးစားရမှာပါ။ အလုပ်လုပ်နေသရွေ့ မှားယွင်းမှုကို ရင်ဆိုင်ရမှာဖြစ်ပြီး သင်ခန်းစာယူဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ရဲ့အမှားတွေကနေတစ်ဆင့်ပြန်ပြီး သင်ခန်းစာ ယူနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကနေ လူတွေရဲ့ကြုံတွေ့နေရတဲ့ အမှားတွေကနေတစ်ဆင့် သင်ခန်းစာယူဖို့ကြိုးစားပါ။

\

Leave a Reply

Your email address will not be published. Required fields are marked *