success

ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေဖို့ ကိုယ့်ကိုယ်ကို သတိပေးသင့်တဲ့ အချက်များ

#Unicode Version

 

တစ်နေ့တာလုံးမှာ ကျေးဇူးတင်စရာလေးတွေကို ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ။ စစ်မှန်တဲ့ အရာတွေက ရိုးရှင်းပါတယ်။ ရိုးရှင်းပြီး စစ်မှန်မှုကသာ စွမ်းအင်အပြည့်ဝဆုံးပါ။

သင့်ခေါင်းထဲကထွက်လာတဲ့ ဆင်ခြေတွေကို နားမထောင်ပါနဲ့။ သင်လုပ်နိုင်ပါတယ်။ သင့်မှာလုပ်နိုင်တဲ့ စွမ်းအင်ရှိပါတယ်။ သင့်ကိုယ်သင် ယုံကြည်ပါ။

သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကို ပြန်ပြီးသုံးသပ်ပါ။ သင့်အတွက်မကောင်းဘူးလို့ ခံစားရတဲ့သူတွေကို အချိန်မပေးပါနဲ့။

 \

အထီးကျန်မှာ မကြောက်ပါနဲ့။ အထီးကျန်တဲ့ ခံစားချက်ကို ကြောက်မဲ့အစား သင်မြတ်နိုးတာလေးတွေ လုပ်ပြီး သင့်ကိုသင် အပန်းဖြေဖို့ ကြိုးစားပါ။

အပျော်တမ်းရုပ်မြင်သံကြားနဲ့ အခြားနည်းပညာတွေကို ခဏတဖြုတ်မေ့ထားပါ။ စာအုပ်တွေဖတ်ပါ။ သင့်အတွက် အထောက်အကူဖြစ်စေမယ့် သင်ခန်းစာဖိုင်တွေ၊ ဗွီဒီယိုဖိုင်တွေကိုလည်း နားထောင်သင့်ပါတယ်။

သင့်ခန္ဓာကိုယ်ကို ကျန်းမာဖို့ လေ့ကျင့်ခန်းတွေလုပ်ပါ။ တစ်နေ့ကို ခြေလှမ်းတစ်သောင်းခန့်လှမ်းပါ။ ၃ ကြိမ် ဒါမှမဟုတ် ၅ ကြိမ်ခန့် ချွေးထွက်မယ့် လေ့ကျင်းခန်းတွေ လုပ်ပေးပါ။

ရှုပ်ထွေးမှုတွေကို ဖြေရှင်းပါ။ သင့်ကိုမပျော်ရွှင်တဲ့ တစ်ချို့အရာတွေကို လျစ်လျူရှုမထားပါနဲ့။ အဲ့ဒီ အရာတွေက သင့်ထံဘယ်လိုလာရောက် ရှုပ်ထွေးသလဲ အဖြေရှာပြီး ဖြေရှင်းပါ။

အာရုံစူးစိုက်မှု ထက်မြက်နေပါစေ။ အရာတော်တော် များများမှာ အကောင်းဆုံးဖြစ်ဖို့ မကြိုးစားပါနဲ့။ သင်မြတ်နိုးတဲ့အရာတွေကို သိပါ။ ထိုအရာတွေမှာ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပါ။

အကောင်းဘက်က မြင်တတ်အောင် လေ့ကျင့်ပါ။ အဖြေကိုရှာပါ။ “ငါ လုပ်နိုင်တယ်” လို့ ကိုယ့်ကိုယ်ကို ပြောပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ့် စကားလုံးမျိုးကိုသာ တွေးတောပါ။

 

#Zawgyi Version

ပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာေစဖို႔ ကိုယ့္ကိုယ္ကို သတိေပးသင့္တဲ့ အခ်က္မ်ား

တစ္ေန႔တာလုံးမွာ ေက်းဇူးတင္စရာေလးေတြကို ေက်းဇူးတင္တတ္ေအာင္ ေလ့က်င့္ပါ။ စစ္မွန္တဲ့ အရာေတြက ႐ိုးရွင္းပါတယ္။ ႐ိုးရွင္းၿပီး စစ္မွန္မႈကသာ စြမ္းအင္အျပည့္ဝဆုံးပါ။

သင့္ေခါင္းထဲကထြက္လာတဲ့ ဆင္ေျခေတြကို နားမေထာင္ပါနဲ႔။ သင္လုပ္ႏိုင္ပါတယ္။ သင့္မွာလုပ္ႏိုင္တဲ့ စြမ္းအင္ရွိပါတယ္။ သင့္ကိုယ္သင္ ယုံၾကည္ပါ။

သင့္ရဲ႕ေပါင္းသင္းဆက္ဆံေရးကို ျပန္ၿပီးသုံးသပ္ပါ။ သင့္အတြက္မေကာင္းဘူးလို႔ ခံစားရတဲ့သူေတြကို အခ်ိန္မေပးပါနဲ႔။

အထီးက်န္မွာ မေၾကာက္ပါနဲ႔။ အထီးက်န္တဲ့ ခံစားခ်က္ကို ေၾကာက္မဲ့အစား သင္ျမတ္ႏိုးတာေလးေတြ လုပ္ၿပီး သင့္ကိုသင္ အပန္းေျဖဖို႔ ႀကိဳးစားပါ။

အေပ်ာ္တမ္း႐ုပ္ျမင္သံၾကားနဲ႔ အျခားနည္းပညာေတြကို ခဏတျဖဳတ္ေမ့ထားပါ။ စာအုပ္ေတြဖတ္ပါ။ သင့္အတြက္ အေထာက္အကူျဖစ္ေစမယ့္ သင္ခန္းစာဖိုင္ေတြ၊ ဗြီဒီယိုဖိုင္ေတြကိုလည္း နားေထာင္သင့္ပါတယ္။

သင့္ခႏၶာကိုယ္ကို က်န္းမာဖို႔ ေလ့က်င့္ခန္းေတြလုပ္ပါ။ တစ္ေန႔ကို ေျခလွမ္းတစ္ေသာင္းခန္႔လွမ္းပါ။ ၃ ႀကိမ္ ဒါမွမဟုတ္ ၅ ႀကိမ္ခန္႔ ေခြၽးထြက္မယ့္ ေလ့က်င္းခန္းေတြ လုပ္ေပးပါ။

ရႈပ္ေထြးမႈေတြကို ေျဖရွင္းပါ။ သင့္ကိုမေပ်ာ္႐ႊင္တဲ့ တစ္ခ်ိဳ႕အရာေတြကို လ်စ္လ်ဴရႈမထားပါနဲ႔။ အဲ့ဒီ အရာေတြက သင့္ထံဘယ္လိုလာေရာက္ ရႈပ္ေထြးသလဲ အေျဖရွာၿပီး ေျဖရွင္းပါ။

အာ႐ုံစူးစိုက္မႈ ထက္ျမက္ေနပါေစ။ အရာေတာ္ေတာ္ မ်ားမ်ားမွာ အေကာင္းဆုံးျဖစ္ဖို႔ မႀကိဳးစားပါနဲ႔။ သင္ျမတ္ႏိုးတဲ့အရာေတြကို သိပါ။ ထိုအရာေတြမွာ အေကာင္းဆုံးျဖစ္ေအာင္ အာ႐ုံစိုက္ပါ။

အေကာင္းဘက္က ျမင္တတ္ေအာင္ ေလ့က်င့္ပါ။ အေျဖကိုရွာပါ။ “ငါ လုပ္ႏိုင္တယ္” လို႔ ကိုယ့္ကိုယ္ကို ေျပာပါ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိမယ့္ စကားလုံးမ်ိဳးကိုသာ ေတြးေတာပါ။

 

Leave a Comment