success

အရှုံးအကြောင်း အောင်မြင်သူတွေ ပြောခဲ့တဲ့ မှတ်သားစရာ စကား (၁၀) ခွန်း

ကိုယ်တိုင် ဆက်မရုန်းကန်နိုင်‌လောက်အောင် စိတ်ခွန်အားတွေ ကျဆုံးချိန်မှာ လေးစားလောက်သူတွေရဲ့ အတွေ့အကြုံနဲ့ အသံတွေကို နားထောင်သင့်ပါတယ်။ အရှုံးတွေနဲ့ အလူးအလဲ ဖြစ်နေသူတစ်ဦးအတွက် သူ့လိုပဲ အရှုံးတွေကနေ ရုန်းထွက်ခဲ့သူတစ်ဦးဦးရဲ့ စကားတစ်ခွန်းဟာ သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတစ်ခု ဖြစ်လာနိုင်ပါတယ်။

ရှုံးနိမ့်မှာကို လူတိုင်း ကြောက်ကြပါတယ်။ တကယ်တော့ အရှုံးဟာ အောင်မြင်ကြီးပွားရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရှုံးကနေ အောင်မြင်မှုကို ပြောင်းလဲနိုင်တဲ့ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်တွေရဲ့ နှစ်လိုဖွယ်စကားတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

 

 

(၁) “လူတွေက ကျွန်တော့် နာမည်ကို အောင်မြင်မှုနဲ့ တွဲပြီး သိကြတယ်။ ကျွန်တော်ဟာ အရှုံးတွေကနေ လာခဲ့ရတာပါ ”
– တင်နက်ဆီ ဝီလျံစ် (အမေရိကန် ပြဇာတ်ရေးဆရာကြီး)
(၂) “ကိုယ့်စိတ်ကူး အိပ်မက်တွေကို တကယ်ဖြစ်မလာအောင် လုပ်နိုင်တဲ့အရာ တစ်ခုပဲ ရှိတယ်။ အဲ့ဒါက အရှုံးကို ကြောက်တဲ့စိတ်”
– ပေါလို ကိုးလ်ဟို (ဘရာဇီးစာရေးဆရာကြီး)

(၃) “ရှုံးနိမ့်ခြင်းဆိုတာ အရှုံးကို အောင်မြင်မှု ဖြစ်စေမယ့် ဟင်းခတ်အမွှေးအကြိုင်လေးတွေပါပဲ”
– ထရူးမင်း ကာပုတ် (အမေရိကန် စာရေးဆရာနဲ့ ဝတ္ထုတိုဆရာ)

(၄) “သင်ဟာ အရှုံးတွေ အများကြီးနဲ့ ကြုံရကောင်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အလျှော့ပေးဖို့တော့ မဖြစ်ရပါဘူး။ တကယ်တော့ အရှုံးတွေနဲ့ တွေ့ဖို့တောင် မဖြစ်မနေ လိုကောင်း လိုနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရှုံးတွေနဲ့ ကြုံမှပဲ ကိုယ်က ဘယ်လိုလူလဲ ဆိုတာ သိနိုင်မှာ ဖြစ်သလို သင်ခန်းစာတွေနဲ့ ဒီကနေ ရုန်းထွက်နည်းပါ သိနိုင်လို့ ဖြစ်ပါတယ်။”
– မေယာ အိန်ဂျလို (အမေရိကန် ကဗျာဆရာမကြီး)

 

 

(၅) “အောင်မြင်မှုဆိုတာ ခပ်ဆိုးဆိုး ဆရာတစ်ယောက်ပါ။ ထက်မြက်ပြီး စမတ်ကျတဲ့သူတွေကို သူတို့ မရှုံးနိုင်ဖူးလို့ တွေးအောင် ဖျားယောင်းပါတယ်။

– ဘီလ်ဂိတ်စ် (Microsoft တည်ထောင်သူ)

(၆) “တကယ့်စမ်းသပ်မှုက အရှုံးကို သင်ရှောင်ကွင်းလိုက်သလားဆိုတာကို စမ်းသပ်တာ မဟုတ်ပါဘူး။ ရှောင်လို့လည်း ရမှာ မဟုတ်လို့ပါ။ ဘာလဲဆိုတော့ အရှုံးကြောင့် ပိုခက်ခဲစေသလား ၊ ဘာမှ မလုပ်ဖြစ်ဘဲ အရှက်ရစေသလား။ ဒါမှမဟုတ် ဒီအရှုံးကနေ သင်ခန်းစာ ရသလား မရဘူးလား ။ ခံနိုင်ရည်ဇွဲတွေ ရှိဖို့ လုပ်ခဲ့သလား ဆိုတာပဲ စမ်းသပ်တာပါ။”
– ဘားရက်ခ်အိုဘားမား (၄၄ ဆက်မြောက် အမေရိကန်သမ္မတဟောင်း)

(၇) “မနေ့က လဲကျသွားခဲ့ရင် ဒီနေ့ မတ်တပ်ပြန်ရပ်လိုက်ပါ”

– အိတ်ချ်ဂျီဝဲလ်စ် (အမေရိကန်စာရေးဆရာကြီး)

(၈) “ကျွန်တော်လိုချင်တာ Negative Results တွေပဲ။ အလုပ်မဖြစ်တဲ့အရာတွေက အလုပ်ဖြစ်တဲ့ Positive Result တွေလိုပဲ ကျွန်တော်တို့အတွက် တန်ဖိုးရှိပါတယ်။ Negative Results တွေ မတွေ့မချင်း အကောင်းဆုံး အလုပ်တစ်ခုကို ကျွန်တော်ဘယ်တော့မှ မရှာနိုင်ဘူး”

– သောမတ်စ် အယ်ဒီဆင် (အမေရိကန် တီထွင်ပညာရှင်ကြီး)

(၉) “အောင်မြင်တဲ့သူ ဖြစ်လာဖို့ မကြိုးစားပါနဲ့ ။ တန်ဖိုးရှိတဲ့သူ ဖြစ်လာအောင်ပဲ လုပ်ပါ”

– အယ်လ်ဘတ်အိုင်စတိုင်း (ဂျာမဖွား ရူပဗေဒပညာရှင်ကြီး)

(၁၀) “ရှုံးနိမ့်မှုဆိုတာ နောက်တစ်ကြိမ်မှာ ပိုပြီး အသိဉာဏ်ပါပါနဲ့ စတင်ဖို့ ပေးတဲ့ အခွင့်အရေးတစ်ခုမျှသာ”

– ဟင်နရီဖို့ဒ် (Ford ကားလုပ်ငန်း တည်ထောင်သူ)

 

Credit: Original Writer

 

Leave a Comment