Daily News

၎ နှစ်အတွင်း အသည်းကင်ဆာဖြင့် သားသုံးယောက်အား ဆုံးရှုံးခဲ့ရတဲ့ single mother တစ်ဦးရဲ့ရင်တွင်းခံစားချက် (ရုပ်သံ)

သားသမီးအား သေခြင်းတရားကြောင့် ဆုံးရှုံးလိုက်ရခြင်းက မိဘများအတွက် ဖြေမဆည်နိုင်တဲ့နာကျဉ်းမှုတစ်ခုပါ။ လေးနှစ်အတွင်း ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့တဲ့ သူမရဲ့သားသုံးယောက်အား ဆုံးရှုံးသွားခဲ့ရတဲ့ဖိလစ်ပိုင်မိခင်တစ်ဦးရဲ့ခံစားချက်ကလည်း ပြောပြမတတ်အောင် နာကျင်နေမှာအမှန်ပါဘဲဗျ။ အဆိုပါ Lorelei Go အမည်ရှိမိခင်တစ်ဦးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပင် သူမရဲ့သားနှစ်ယောက်ဟာ အသည်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့စဉ်က သူမဟာ အလားတူရောဂါမျိုးခံစားနေခဲ့တဲ့အငယ်ဆုံးသားဖြစ်သူ Hisham အား ၎င်းရောဂါကို တိုက်ဖျက်နိုင်ရန် အစွမ်းကုန်ကုသပေးနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Lorelei ဟာ သူမရဲ့သားဦး Rowden ကို ဇွန်လမှာ အသည်းခြောက်ရောဂါဖြင့်ဆုံးရှုံးခဲ့ရပြီး ၁၆ လအကြာမှာတော့ ဒုတိယသား Hasset ကိုလည်း အသည်းခြောက်ရောဂါဖြင့် ဆုံးရှုံးခဲ့ရပါတယ်။

Rowden နှင့် Hasset တို့ ကွယ်လွန်သွားခဲ့ပြီးနောက် မိခင်ဖြစ်သူမှာ Hisham သာကျန်ရှိပါတော့တယ်။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် Hisham သည်လည်း အသည်းခြောက်ရောဂါကို ခံစားခဲ့ရပါတယ်။ ထိုအချိန်တွင် Hisham ရဲ့ရောဂါဟာ အစောပိုင်းအဆင့်တွင်သာရှိနေသေးပြီး သူ့ရဲ့ကင်ဆာပြန့်ပွါးမှုနှုန်းမှကာကွယ်နိုင်ရန် သူတတ်နိုင်သမျှအကုန်လုပ်ခဲ့ပါတယ်။

သူဟာ တင်းကျပ်သောစားသောက်ပုံတို့ကိုလိုက်နာပြီး cryosurgery ဟုခေါ်သော အခြားကုသနည်းတစ်ခုကို စမ်းသပ်ရန် တရုတ်ပြည်သို့သွားခဲ့ပါတယ်။ သို့ပေမဲ့ ဆရာဝန်များက သူကင်ဆာက အဆင့် ၄အထိရောက်နေပြီဖြစ်လို့ ခွဲစိတ်မှုကို ရှောင်လွှဲနိုင်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆရာဝန်များရဲ့စကားကြောင့် မိခင်ဖြစ်သူနှင့် Hisham တို့ဟာ စိတ်နှလုံးကြေကွဲကာ cryosurgery ခွဲစိတ်မှုဟာ ၎င်းတို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ Lorelei နှင့် Hisham တို့ဟာ ဖိလစ်ပိုင်သို့ပြန်လာခဲ့ပြီး မိခင် Lorelei ဟာ သားဖြစ်သူရဲ့အခြေအနေပြန်ကောင်းလာဖို့ ဆုတောင်းနေခဲ့ပေမဲ့လည်း ဝမ်းနည်းစွာဖြင့် အသက် ၂၇ နှစ်အရွယ်သာရှိသေးတဲ့ Hisham ဟာ နောက်ဆုံး နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရပါတယ်။

Single mother တစ်ဦးလည်းဖြစ်တဲ့မိခင်ဖြစ်သူဟာ သားသုံးယောက်စလုံးကို ၄နှစ်အတွင်းဆုံးရှုံးခဲ့ရတာကို ယူကြုံးမရဖြစ်ခဲ့ရပြီး “ ကျွန်မတို့အားလုံးဟာ သေဆုံးကြရမှာဆိုပေမဲ့ သားလေးတွေအနေနဲ့ ကျွန်မနဲ့အတူ အချိန်အကြာကြီးအတူတူမနေသွားခဲ့ရတာကို ယူကြုံးမရဖြစ်ခဲ့ရတယ် ၊ ဒါမဲ့ သားလေးတွေက နာကျင်မှုကို သိပ်မခံစားရတော့ဘဲ အခုချိန်မှာ သူတို့လေးတွေ ပျော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ” ဟု ဝမ်းနည်းစွာငိုကြွေးရင်း ဆိုခဲ့ပါတယ်။

ထို့အပြင် မိခင် Lorelei က သူမနှင့်သူမရဲ့သားတို့ဟာ တစ်နေ့နေ့မှာပြန်လည်ဆုံတွေ့ကြလိမ့်မည်ဟုယုံကြည်ပြီး သူမကလည်း တွေ့ဆုံဖို့ကျရောက်လာမဲ့အချိန်ကိုလည်း မျှော်လင့်တကြီးစောင့်နေမှာပါလို့လည်း ပြောကြားခဲ့ပါတယ်။

Mia (Mckzone Daily)

Source : goodtimes

Leave a Comment