success

“ကိုယ့်ကိုကိုယ်ချစ်ရင်”

#Unicode Version

 

(၁) မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့ ဘုရားကို ကျေးဇူးတင်ပါ။ ရင်ထဲ ဘာတွေခံစားနေရပါစေ အိပ်ယာကထ အ၀တ်အစားသပ်သပ်ရပ်ရပ်၀တ် သွားဖို့ တာ၀န်ရှိတဲ့ နေရာကို ရောက်အောင်သွားပါ။ သူများနဲ့ မနှိုင်းယှဉ်ပဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ။ အသုံးချပါ။

(၂) အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက် လုပ်ပေးပါ။ ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ။ ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရူသွင်း၊ ရူထုတ်လုပ်ပေးပါ။

(၃) မနက်စာကို ဘုရင်လို အားရပါးရ စားပါ။ နေ့လည်စာကို လျော့စားပါ။ ညစာကို နဲနဲလေးပဲစားပါ။ အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့ သူတပါးကို စာနာတဲ့စိတ်နဲ့ တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။


Smile brightly
(၄) အားပါးတရ ပြုံးပါ ရီလိုက်ပါ။ အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။ အသက်အရွယ်က အရေးမကြီးပါဘူး။ပျော်ပျော်ပါးပါးနေပါ။

(၅) ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။ သူများ နှောက်ယှက်လဲ ကိုယ့်ခံယူမှုသာအဓိကပါ။ နေ့စဉ် အနဲဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူး စကားပြောပေးပါ။ မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်းတခုခုကို နေ့စဉ် လှူပေးပါ။

(၆) ဒဏ်ရာဟောင်းတွေကို မစဉ်းစားပဲ လက်ရှိဘ၀ကို ပျော်အောင်နေပါ။ ဖြစ်လာတဲ့ပြသနာတွေကို သေချာစဉ်းစားပြီး ဖြေရှင်းပါ။ ၀မ်းနဲ အားငယ်၊ ရှက်ရွံ့ မနေပါနဲ့။

(၇) အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီး အချိန်ကုန်မခံပါနဲ့။ အလုပ်နဲ့သူငယ်ချင်းကြား အလုပ်နဲ့ကျန်းမာရေးကြားမျှတအောင်နေပါ။


(၈) အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေကို မကြာခဏ ဆက်သွယ်ပေးပါ။ အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့ အချိန်ပေး စကားပြောပေးပါ။ စိတ်ရှုပ်စေမဲ့ ပစ္စည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့ အသုံးအဆောင်တွေကို ရှင်းပေးပါ။

(၉) ကျက်သရေမရှိတဲ့အတွေးအခေါ်တွေကို ချက်ခြင်း ထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။ လူမှုကွန်ယက်မှာ ကျက်သရေ ရှိတာပဲ Share ပါ။ သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။ မထိခိုက်သမျှ လုပ်စရာရှိတာလုပ်ပါ။ အနိုင်ဆိုတာ အမြဲမရဘူး။ ညှိနှိုင်း ယူတတ်အောင်လေ့ကျင့်ပါ။ မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။ ရှိနေတာကိုပဲ တန်ဖိုးထားပါ။

(၁၀) ည ၁၁ နာရီနောက်ဆုံးထား အိပ်ပေးပါ။ ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။ အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။ ထမင်းကို သေချာခူးခပ်စားပါ။ ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။

Credit: Original Writer
Sharing By: #One Daily Media

Leave a Comment