success

မယုံနိုင်လောက်အောင် ချမ်းသာတဲ့သူဖြစ်လာဖို့ အင်ဒရူးကာနယ်ဂျီလ် အသုံးပြုခဲ့တဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် (၁၀)ခု

၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှမဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင့် ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလုပ်လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ၊ တစ်နည်း အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတဲ့အခါ သူ့ရဲ့ လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့ “10 Rules of Success” ကို အောင်မြင်ချင်သူတွေ အတွက် ပြန်လည်မျှဝေပေးပါတယ်။

၁။ ရည်မှန်းချက်ကို သိရှိပါ

လက်တွေ့ကျတဲ့ အစီအမံတစ်ခုကို ရေးဆွဲပြီး အချိန်မဆိုင်းပဲ အခုပဲ ထလုပ်လိုက်ပါ။

၂။ မဟာမိတ် စိတ် ပိုင်ရှင် ဖြစ်ပါစေ

ခင်ဗျားမှာ မရှိတာကို ရှိနေတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ပါ။

၃။ ကိုယ်သွားနိုင်တာထက် ပိုသွားပါ

ကိုယ်လုပ်နိုင်တာထက် ပိုမိုပြီးထပ်ခါထပ်ခါပြုလုပ်ခြင်းက အထက်ကို တွန်းတင်ပို့တဲ့ အသေချာဆုံးသော အောင်မြင်မှု သော့ချက်တစ်ခုဖြစ်တယ်။

၄။ ယုံကြည်မှုကို တည်ဆောက်ပါ

မိမိကိုယ်ကိုယ်နဲ့ မိမိရဲ့ ရပ်တည်ချက်ကို ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းက ပြီးပြည့်စုံတဲ့ စိတ်ချယုံကြည်မှုကို ဖြစ်စေပြီး သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်တယ်။

၅။ ပင်ကိုယ်အရည်အချင်းကို ပြုစုပျိုးထောင်ပါ

အများက လုပ်ပါလို့ မပြောခင် မိမိအသိစိတ်နဲ့ လုပ်ပါ။

၆။ စိတ်ကူးတွေကို ချဲ့ထွင်ပါ

“ဒီလောက်ဆို တော်ပြီ” ဆိုတာထက် ပိုတွေးနိုင်ရမယ်။ ပိုလုပ်နိုင်ရမယ်။

၇။ စိတ်ကို အမြဲတမ်း ထက်သန်အောင် ကြိုးစားအားထုတ်ပါ

အပြုသဘောဆောင်တဲ့ စိတ်အခြေအနေက သင့်ကို အမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်နိုင်စေသလို၊ အများတကာရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်စေတယ်။

၈။ တိတိကျကျ တွေးပါ

ကိစ္စတစ်ခုသုံးသပ်ရာတွင် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ်တွေးတောထားသည့် အချက်အလက်များကို ခွဲခြားသိရှိရန်၊ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများ၏ အချက်အလက်များကို ခွဲခြား၍ ပကတိအမှန်အတိုင်း သုံးသပ်တွေးတောခြင်းက အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်စေပါတယ်။

၉။ လက်ရှိဘာလုပ်နေသည်ကို အမြဲစူးစိုက်ပါ

မိမိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ လုပ်ငန်းတာ၀န်များမှ သွေဖီစေမည့် အတွေးများ၊ အလုပ်များကို အမြဲသတိပြုခြင်းက အောင်မြင်မှု၏ နောက်ထပ် သော့ချက်တစ်ခုဖြစ်တယ်။

၁၀။ အခက်အခဲရဲ့ အကျိုးရလာဒ်ကို သိရှိပါ

အခက်အခဲကြုံလာတိုင်းမှာ စိတ်မပျက်ပါနဲ့။ ဘယ်အရာမဆို ဒင်္ဂါးပြားတစ်ပြားလိုပဲ ပြဿနာတစ်ဖက်၊ အကျိုးပြုရလာဒ်တစ်ဖက် ရှိပါတယ်။

စာပေချစ်မြတ်နိုးသူလူငယ်အားလုံး အောင်မြင်ချမ်းသာပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit: Original Writer

#Zawgyi Version

မယုံႏိုင္ေလာက္ေအာင္ ခ်မ္းသာတဲ့သူျဖစ္လာဖို႔ အင္ဒ႐ူးကာနယ္ဂ်ီလ္ အသုံးျပဳခဲ့တဲ့ ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၁၀)ခု

၁၈၄၈ ခုႏွစ္မွာ အေမရိကကို သူေရာက္ေတာ့ သူ႔လက္ထဲမွာ ၁ ေဒၚလာပဲ ရွိခဲ့တယ္။ ဒါေပမယ့္လည္း သူဟာ သာမာန္လူမွမဟုတ္ခဲ့တာ။ ဘာမဆို ႀကိဳးစားရင္ ရတယ္လို႔ နားလည္တဲ့သူရဲ႕ သူမတူေအာင္ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ၁၉၀၁ ခုႏွစ္မွာ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္တစ္ေယာက္ ျဖစ္လာခဲ့တယ္။

ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႔ ဘယ္လိုအလုပ္လုပ္ရမလဲ၊ ဘယ္အခ်က္ေတြက ေအာင္ျမင္သူတစ္ေယာက္ျဖစ္ေစမလဲ၊ တစ္နည္း ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ရွာေဖြတဲ့အခါ သူ႔ရဲ႕ လက္ကိုင္ေဆာင္ပုဒ္ျဖစ္တဲ့ “10 Rules of Success” ကို ေအာင္ျမင္ခ်င္သူေတြ အတြက္ ျပန္လည္မွ်ေဝေပးပါတယ္။

၁။ ရည္မွန္းခ်က္ကို သိရွိပါ
လက္ေတြ႕က်တဲ့ အစီအမံတစ္ခုကို ေရးဆြဲၿပီး အခ်ိန္မဆိုင္းပဲ အခုပဲ ထလုပ္လိုက္ပါ။

၂။ မဟာမိတ္ စိတ္ ပိုင္ရွင္ ျဖစ္ပါေစ

ခင္ဗ်ားမွာ မရွိတာကို ရွိေနတဲ့ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံၿပီး အလုပ္လုပ္ပါ။

၃။ ကိုယ္သြားႏိုင္တာထက္ ပိုသြားပါ

ကိုယ္လုပ္ႏိုင္တာထက္ ပိုမိုၿပီးထပ္ခါထပ္ခါျပဳလုပ္ျခင္းက အထက္ကို တြန္းတင္ပို႔တဲ့ အေသခ်ာဆုံးေသာ ေအာင္ျမင္မႈ ေသာ့ခ်က္တစ္ခုျဖစ္တယ္။

၄။ ယုံၾကည္မႈကို တည္ေဆာက္ပါ

မိမိကိုယ္ကိုယ္နဲ႔ မိမိရဲ႕ ရပ္တည္ခ်က္ကို ခိုင္မာတဲ့ ယုံၾကည္မႈရွိျခင္းက ၿပီးျပည့္စုံတဲ့ စိတ္ခ်ယုံၾကည္မႈကို ျဖစ္ေစၿပီး သင့္ကို ေအာင္ျမင္မႈဆီ ေခၚေဆာင္သြားႏိုင္တယ္။

၅။ ပင္ကိုယ္အရည္အခ်င္းကို ျပဳစုပ်ိဳးေထာင္ပါ

အမ်ားက လုပ္ပါလို႔ မေျပာခင္ မိမိအသိစိတ္နဲ႔ လုပ္ပါ။

၆။ စိတ္ကူးေတြကို ခ်ဲ႕ထြင္ပါ

“ဒီေလာက္ဆို ေတာ္ၿပီ” ဆိုတာထက္ ပိုေတြးႏိုင္ရမယ္။ ပိုလုပ္ႏိုင္ရမယ္။

၇။ စိတ္ကို အၿမဲတမ္း ထက္သန္ေအာင္ ႀကိဳးစားအားထုတ္ပါ

အျပဳသေဘာေဆာင္တဲ့ စိတ္အေျခအေနက သင့္ကို အၿမဲတမ္း အမ်ားတကာထက္ အလုပ္ပိုလုပ္ႏိုင္ေစသလို၊ အမ်ားတကာရဲ႕ ေလးစားမႈနဲ႔လည္း ထိုက္တန္ေစတယ္။

၈။ တိတိက်က် ေတြးပါ

ကိစၥတစ္ခုသုံးသပ္ရာတြင္ မိမိ၏ ကိုယ္ပိုင္ စိတ္ကူးယဥ္ေတြးေတာထားသည့္ အခ်က္အလက္မ်ားကို ခြဲျခားသိရွိရန္၊ ကိုယ္ပိုင္စိုးရိမ္ပူပန္မႈမ်ားႏွင့္ ျပႆနာမ်ား၏ အခ်က္အလက္မ်ားကို ခြဲျခား၍ ပကတိအမွန္အတိုင္း သုံးသပ္ေတြးေတာျခင္းက အမွန္တရားနဲ႔ အနီးစပ္ဆုံး ျဖစ္ေစပါတယ္။

၉။ လက္ရွိဘာလုပ္ေနသည္ကို အၿမဲစူးစိုက္ပါ

မိမိရင္ဆိုင္ေနရတဲ့ အေရးႀကီးတဲ့ လုပ္ငန္းတာ၀န္မ်ားမွ ေသြဖီေစမည့္ အေတြးမ်ား၊ အလုပ္မ်ားကို အၿမဲသတိျပဳျခင္းက ေအာင္ျမင္မႈ၏ ေနာက္ထပ္ ေသာ့ခ်က္တစ္ခုျဖစ္တယ္။

၁၀။ အခက္အခဲရဲ႕ အက်ိဳးရလာဒ္ကို သိရွိပါ

အခက္အခဲႀကဳံလာတိုင္းမွာ စိတ္မပ်က္ပါနဲ႔။ ဘယ္အရာမဆို ဒဂၤါးျပားတစ္ျပားလိုပဲ ျပႆနာတစ္ဖက္၊ အက်ိဳးျပဳရလာဒ္တစ္ဖက္ ရွိပါတယ္။

စာေပခ်စ္ျမတ္ႏိုးသူလူငယ္အားလုံး ေအာင္ျမင္ခ်မ္းသာၿပီး ေပ်ာ္႐ႊင္က်န္းမာတဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

 

 

Leave a Comment