success

လူငယ်တစ်ယောက်ရဲ့တန်ဖိုး

#Unicode Version

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ အယူသီးလွန်းနေရင် အတွေးအခေါ်နည်းရာ ရောက်တယ်။ လူငယ်အရွယ်မှာ အတ္တတွေကြီးလွန်းနေရင် အသိဉာဏ်နည်းရာ ရောက်တယ်။

လူငယ်ဖြစ်ပြီး ငါ့ကျမှ ကံဆိုးလေခြင်းဆိုပြီး တညည်းညည်း တညူညူ အတွေးတွေနဲ့ လက်လျှော့အရှုံးပေးနေရင် စိတ်ဓါတ် ပျော့ညံ့ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ ဖြစ်သမျှအကြောင်း အကောင်းပေါ့လေ ဆိုပြီး ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင် ကိုယ့်ဇွဲလုံ့လကို မယုံကြည်ရာ ရောက်တယ်။

လူငယ်တစ်ယောက်က အာဃာတတွေ များလွန်းနေရင် သဘောထား မပြည့်ရာ ရောက်တယ်။

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက် ကိုယ့်တွင်းကိုယ် တူးတတ်တယ်။
ဦးခေါင်းပါတဲ့ လူက နေရာတကာ ဟိုလူ့ မှီခို ဒီလူ့ မှီခို လိုက်လုပ်နေရင် ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

\

ဘဝ ဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။
အဆိုး လောကဓံ နှိပ်စက်ခံရလို့ လက်လျှော့အရှုံးပေး နေသူတွေရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင် တိုးတက်ဖို့ အခွင့်အ‌ရေးဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက်နဲ့ ကြိုးစားမှုမရှိတဲ့ လူငယ်မှာလည်း တိုးတက်လာဖို့ ခက်မှာပါပဲ။
လူငယ် တစ်ယောက်ရဲ့ အနှစ် အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့ လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။
စာနာစိတ်ရှိတဲ့ လူငယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း၊ မဖြူခြင်း /ရုပ်ရည်လှခြင်း၊ မလှခြင်းတွေက လူငယ်တစ်ယောက်ရဲ့တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ၊ မရှိ ဘာတွေ လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကမှ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

လူငယ္တစ္ေယာက္ရဲ႕တန္ဖိုး
The value of a young person

လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔ အယူသီးလြန္းေနရင္ အေတြးအေခၚနည္းရာ ေရာက္တယ္။
လူငယ္အ႐ြယ္မွာ အတၱေတြႀကီးလြန္းေနရင္ အသိဉာဏ္နည္းရာ ေရာက္တယ္။

လူငယ္ျဖစ္ၿပီး ငါ့က်မွ ကံဆိုးေလျခင္းဆိုၿပီး တညည္းညည္း တညဴညဴ အေတြးေတြနဲ႔ လက္ေလွ်ာ့အရႈံးေပးေနရင္ စိတ္ဓါတ္ ေပ်ာ့ညံ့ရာ ေရာက္တယ္။

လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔ ျဖစ္သမွ်အေၾကာင္း အေကာင္းေပါ့ေလ ဆိုၿပီး ကံၾကမၼာရဲ႕ အမိန႔္ေအာက္မွာ ဒူးေထာက္ေပးေနခဲ့ရင္ ကိုယ့္ဇြဲလုံ႔လကို မယုံၾကည္ရာ ေရာက္တယ္။

လူငယ္တစ္ေယာက္က အာဃာတေတြ မ်ားလြန္းေနရင္ သေဘာထား မျပည့္ရာ ေရာက္တယ္။

ပုစြန္လုံးမွာ ဦးေခါင္း မပါဘူး။
သို႔ေပမယ့္ ခ်မ္းခ်မ္းသာသာ ေနဖို႔အတြက္ ကိုယ့္တြင္းကိုယ္ တူးတတ္တယ္။
ဦးေခါင္းပါတဲ့ လူက ေနရာတကာ ဟိုလူ႔ မွီခို ဒီလူ႔ မွီခို လိုက္လုပ္ေနရင္ ပုစြန္လုံးကို အားနာဖို႔ ေကာင္းတယ္။

ဘဝ ဆုတ္ယုတ္ေနတဲ့ လူငယ္ေတြကို အကဲခတ္ၾကည့္။
ေရွ႕မဆက္ႏိုင္ဘဲ စိတ္ပ်က္ေနသူေတြ ရွိတယ္။
အဆိုး ေလာကဓံ ႏွိပ္စက္ခံရလို႔ လက္ေလွ်ာ့အရႈံးေပး ေနသူေတြရွိတယ္။
တစ္ခါရႈံး႐ုံ နဲ႔ လုံးဝရႈံးသြားၿပီလို႔ သတ္မွတ္လိုက္ရင္ တိုးတက္ဖို႔ အခြင့္အ‌ေရးဆိုတာ ေပ်ာက္ကြယ္ သြားမွာေပါ့။

အေတာင္ပံ မခတ္တဲ့ ပိုးစုံးၾကဴးမွာ အေရာင္ ထြက္ဖို႔ ခက္တယ္။
ရည္မွန္းခ်က္နဲ႔ ႀကိဳးစားမႈမရွိတဲ့ လူငယ္မွာလည္း တိုးတက္လာဖို႔ ခက္မွာပါပဲ။
လူငယ္ တစ္ေယာက္ရဲ႕ အႏွစ္ အျမဴေတ ဆိုတာ ေမွ်ာ္လင့္ခ်က္နဲ႔ အိပ္မက္ပါ။
ဘဝမွာ ေမာ့ၾကည့္ရတဲ့ အိပ္မက္မ်ိဳးေတာ့ လူငယ္မွန္သမွ် မက္သင့္ၾကတာေပ့ါ။

ထူးခြၽန္ထက္ျမတ္တဲ့ လူငယ္ဆိုတာ ကိုယ့္ဘဝကိုလည္း ျမႇင့္တင္ႏိုင္သလို သူတစ္ပါးတို႔ရဲ႕ ဘဝကိုလည္း ျမႇင့္တင္ ေပးႏိုင္စြမ္း ရွိတယ္။
စာနာစိတ္ရွိတဲ့ လူငယ္ဆိုတာ တစ္ကိုယ္ေကာင္းဆန္စိတ္ နည္းပါးသလို တစ္ပါးသူတို႔ရဲ႕ စိတ္ပင္ပန္းမႈေတြကိုလည္း မွ်ေဝခံစား ေပးႏိုင္တတ္ၾကတယ္။

အသားျဖဴျခင္း၊ မျဖဴျခင္း /႐ုပ္ရည္လွျခင္း၊ မလွျခင္းေတြက လူငယ္တစ္ေယာက္ရဲ႕တန္ဖိုး မဟုတ္ဘူး။
ဘယ္ေလာက္ အစြမ္းအစ ရွိ၊ မရွိ ဘာေတြ လုပ္ႏိုင္၊ မလုပ္ႏိုင္ ဆိုတာကမွ လူငယ္တစ္ေယာက္ရဲ႕ တန္ဖိုးပါ။

Credit: Original Writer

Leave a Comment