success

လူငယ်တို့ရဲ့ အနာဂါတ်

#Unicode Version

 

(၁) ကိုယ့်အရည်အသွေးကို အမြဲသုံးသပ်ပါ

အစစအရာရာ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်စိန်မခေါ်နိုင်ရင် ကိုယ့်ရဲ့ အရည်အသွေး ကိုယ့်အရည်အချင်းကိုမှ မသုံးနိုင်ခဲ့ရင် ကိုယ်နဲ့တိုက်ဆိုင်တဲ့အရာရာဟာ ရှေ့ကို မရောက်ဘဲ ရပ်တန့်နေပါလိမ့်မယ်။ များများပေးဆပ်လေ ကိုယ့်အတွက်ရော ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ များများအကျိုးမြတ်ရလေပါပဲ။ လုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှုမရှိဘဲ ထိုက်တန်တဲ့ အောင်မြင်မှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ လူငယ်တွေဆိုတာ များများတွေးခေါ်နိုင် ၊ အကောင်းဆုံးဖြစ်နိုင်တဲ့ ဉာဏ်ရည်ထက်မြက်ဆုံး အရွယ်ပဲဖြစ်ပါတယ်။

(၂) ရည်မှန်းချက်ထားပါ

လူငယ်ဘဝမှာ ရည်မှန်းချက်ကို ကောင်းမွန်စွာထားပြီး ကြိုးစားမယ်ဆိုရင် နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်း၊ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာပါလိမ့်မယ်။ ဝန်ထမ်းတစ်ယောက်ဟာ နောက်နှစ်မှာ ဘယ်လိုရာထူးမျိုးရှိရမယ် အောင်မြင်မှုတွေရအောင် ဘယ်လိုကြိုးစားရမလဲ စတဲ့ ရည်မှန်းချက်မျိုး ရှိမထားဘူးဆိုရင် အဲ့ဒီဝန်ထမ်းဟာ လုံးရင်းဟာ လုံးရင်းပါပဲ ဖြစ်နေပါလိမ့်မယ်။ဒါကြောင့် လူငယ်တွေဟာ ရည်မှန်းချက်ကိုယ်စီ ရှိရပါမယ်။

(၃) ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ

ရည်မှန်းချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ပါ။ ရည်မှန်းချက်တစ်ခုကိုထားရှိပြီး အဲ့ဒီရည်မှန်းချက်အတိုင်း ဖြစ်ဖို့ဆိုရင် များများလုပ်ရမယ်။ များများသင်ယူလေ့လာ ဆည်းပူးရမယ်။သင်ယူတဲ့နေရာမှာရှက်ကြောက်နေလို့ မရပါဘူး။ တွန့်ဆုတ်နေဖို့လည်းမလိုပါဘူး။တတ်မြောက်ထားတဲ့အရာများကိုပြန်လည်မျှဝေ အသုံးချတတ်ဖို့လိုပါတယ်။ ကိုယ်ပိုင်တွေးခေါ် နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ မိမိသင်ယူရရှိခဲ့တဲ့အရာတွေနဲ့ကိုယ်ပိုင် အတွေးခေါ်တွေကသာ ပေါင်းစပ်လိုက်ရင် အခြားသူများထက် တစ်ဘန်းသာပြီးနေရာပိုရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုစွန့်ဦးတီထွင်သူစိတ်ဓာတ်၊ လုပ်ငန်းရှင် စိတ်ဓာတ်တွေများများမွေးပါ။ ပိုပြီးအောင်မြင်ချင်ရင် ပိုပြီးကြိုးစားရမယ်ဆိုတဲ့ အတွေးကိုခေါင်းထဲမှာ အမြဲမှတ်ယူပါ။ မြန်ဆန်ပြီး တိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ကိုယ်ကို ရပ်တန့်မနေပါနဲ့။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

လူငယ္တို႔ရဲ႕ အနာဂါတ္

(၁) ကိုယ့္အရည္အေသြးကို အၿမဲသုံးသပ္ပါ

အစစအရာရာ တိုးတက္လာတဲ့ေခတ္ႀကီးထဲမွာ ကိုယ့္ကိုယ္ကို ယွဥ္ၿပိဳင္စိန္မေခၚႏိုင္ရင္ ကိုယ့္ရဲ႕ အရည္အေသြး ကိုယ့္အရည္အခ်င္းကိုမွ မသုံးႏိုင္ခဲ့ရင္ ကိုယ္နဲ႔တိုက္ဆိုင္တဲ့အရာရာဟာ ေရွ႕ကို မေရာက္ဘဲ ရပ္တန႔္ေနပါလိမ့္မယ္။ မ်ားမ်ားေပးဆပ္ေလ ကိုယ့္အတြက္ေရာ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္အတြက္ပါ မ်ားမ်ားအက်ိဳးျမတ္ရေလပါပဲ။ လုံေလာက္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈမရွိဘဲ ထိုက္တန္တဲ့ ေအာင္ျမင္မႈဆိုတာ ရွိလာမွာမဟုတ္ပါဘူး။ လူငယ္ေတြဆိုတာ မ်ားမ်ားေတြးေခၚႏိုင္ ၊ အေကာင္းဆုံးျဖစ္ႏိုင္တဲ့ ဉာဏ္ရည္ထက္ျမက္ဆုံး အ႐ြယ္ပဲျဖစ္ပါတယ္။

(၂) ရည္မွန္းခ်က္ထားပါ

လူငယ္ဘဝမွာ ရည္မွန္းခ်က္ကို ေကာင္းမြန္စြာထားၿပီး ႀကိဳးစားမယ္ဆိုရင္ ေနာင္တစ္ခ်ိန္မွာ ေခါင္းေဆာင္ေကာင္း၊ လုပ္ငန္းရွင္တစ္ဦး ျဖစ္လာပါလိမ့္မယ္။ ဝန္ထမ္းတစ္ေယာက္ဟာ ေနာက္ႏွစ္မွာ ဘယ္လိုရာထူးမ်ိဳးရွိရမယ္ ေအာင္ျမင္မႈေတြရေအာင္ ဘယ္လိုႀကိဳးစားရမလဲ စတဲ့ ရည္မွန္းခ်က္မ်ိဳး ရွိမထားဘူးဆိုရင္ အဲ့ဒီဝန္ထမ္းဟာ လုံးရင္းဟာ လုံးရင္းပါပဲ ျဖစ္ေနပါလိမ့္မယ္။ဒါေၾကာင့္ လူငယ္ေတြဟာ ရည္မွန္းခ်က္ကိုယ္စီ ရွိရပါမယ္။

(၃) ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ပါ

ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ပါ။ ရည္မွန္းခ်က္တစ္ခုကိုထားရွိၿပီး အဲ့ဒီရည္မွန္းခ်က္အတိုင္း ျဖစ္ဖို႔ဆိုရင္ မ်ားမ်ားလုပ္ရမယ္။ မ်ားမ်ားသင္ယူေလ့လာ ဆည္းပူးရမယ္။သင္ယူတဲ့ေနရာမွာရွက္ေၾကာက္ေနလို႔ မရပါဘူး။ တြန႔္ဆုတ္ေနဖို႔လည္းမလိုပါဘူး။တတ္ေျမာက္ထားတဲ့အရာမ်ားကိုျပန္လည္မွ်ေဝ အသုံးခ်တတ္ဖို႔လိုပါတယ္။ ကိုယ္ပိုင္ေတြးေခၚ ႏိုင္စြမ္းရွိဖို႔ လိုအပ္ပါတယ္။ မိမိသင္ယူရရွိခဲ့တဲ့အရာေတြနဲ႔ကိုယ္ပိုင္ အေတြးေခၚေတြကသာ ေပါင္းစပ္လိုက္ရင္ အျခားသူမ်ားထက္ တစ္ဘန္းသာၿပီးေနရာပိုရပါလိမ့္မယ္။

ကိုယ့္ကိုယ္ကိုစြန႔္ဦးတီထြင္သူစိတ္ဓာတ္၊ လုပ္ငန္းရွင္ စိတ္ဓာတ္ေတြမ်ားမ်ားေမြးပါ။ ပိုၿပီးေအာင္ျမင္ခ်င္ရင္ ပိုၿပီးႀကိဳးစားရမယ္ဆိုတဲ့ အေတြးကိုေခါင္းထဲမွာ အၿမဲမွတ္ယူပါ။ ျမန္ဆန္ၿပီး တိုးတက္ေနတဲ့ေခတ္ႀကီးမွာ ကိုယ့္ကိုယ္ကို ရပ္တန႔္မေနပါနဲ႔။

Credit: Original Writer

Leave a Comment