Uncategorized

သစ်ကုလားအုတ်နဲ့တူတယ်ဆိုပြီး ပတ်ဝန်းကျင်ဧ။် လှောင်ရယ်မှုတွေကို ဂရုမစိုက်ပဲ ပျော်ရွှင်သော မိသားစုကမ္ဘာလေးကို ဖြတ်သန်းနေသည့် မော်ဒယ်မလေး

ဘရာဇီးလ်နိုင်ငံမှ Elisany အမည်ရှိသော အသက် ၂၆နှစ်အရွယ် မိန်းကလေးသည် မျိုးရိုးဗီဇ ချို့ယွင်းမှုအခြေအနေကြောင့် အဆမတန် ကြီးထွားလျက်ရှိကာ ပတ်ဝန်းကျင်မှ သစ်ကုလားအုတ်ဆိုပြီး အမည်ပြောင်းပေးကာ စနောက်လှောင်ပြောင်ခဲ့ကြသည်။

မိန်းကလေးသည် မွေးရာပါ ဦးနှောက်နားလေးတွင် အကျိတ်တစ်ခုရှိရာ ထိုအရာသည် အသက် အန္တရာယ်အတွက် မစိုးရိမ်ရသော်လည်း သာမန်ထက် ကြီးထွားသည့် ဟော်မုန်းများကို ထုတ်စေခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် အရပ်အမောင်းအားဖြင့် ၆ပေ ၈လက်မအထိမြင့်မားပြီး ဘရာဇီးလ်နိုင်ငံဧ။်အရပ်အရှည်ဆုံး မော်ဒယ်မလေးအဖြစ် နာမည်ကြီးလျက်ရှိသည်။

သို့သော်လည်း မိန်းကလေးသည် သူမအသွင်အပြင်နှင့်ပက်သက်ပြီး နှိမ့်ချပြောဆိုခြင်းမရှိပဲ အချစ်စစ်နဲ့ချစ်ပေးမည့် အမျိုးသားတစ်ဦးနှင့်ဆုံတွေ့ခဲ့ပြီးနောက် လက်ထပ်ဖြစ်ခဲ့ကြသည်။

ယခုအခါ မိန်းကလေးသည် အကောင်းအဆိုးမှန်သမျှ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမည့် ခင်ပွန်းနှင့်အတူ ချစ်စဖွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာသော မိသားစု ကမ္ဘာလေးကို ဖြတ်သန်းလျက်ရှိသည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment