success

ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းပြောတဲ့ သင် မအောင်မြင်ရခြင်း အကြောင်းရင်း(၆)ခု

#Unicode Version

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ??
ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနုတ်လက္ခဏာဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မှုအတွက် ဦးနောက်အချောက်မခံဘူး။ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ မျက်နာကျတော့ အသေလို ချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်။ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး။ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။ အရင်းမစိုက်ထုတ်ပဲ အမြတ် များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေး ဆေးဆေးနေပြီး လာဘ်လာ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့် နေတယ်။

ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။ အခွင့်အရေး မကြုံဘူးလို့ ခဏခဏပြစ်တင် ပြောဆိုတယ်။ တကယ် အခွင့်ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။

ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ် ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး။

အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။
အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများတော့

၁။ ပိုက်ဆံမရှာတတ်ဘူး\

မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေးလည်း မစဉ်းစားတတ်လ်ို့။

၂။ အရည်အချင်းမရှိလို့

မှားတယ်။ ကိုယ့်ကိုယ်ကိုမှ မလေ့ကျင့်ဘူးဆိုရင် ဘယ်သူက မွေးကတည်းက အရည်အချင်းရှိတာလဲ။ ဘယ်သူမှ ဘွဲ့ရ,ရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့

မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

၄။ အချိန်မရှိလို့

 

မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန်တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူ အတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန် မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်၀က်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ဝါသနာမပါလို့

မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ဝါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ဝါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာပါသွားတာပဲ။ ဝါသနာဆိုတာ ပျိုးထောင် ရင် ရပါတယ်။

၆။ စဉ်းစားကြည့်အုံးမယ်

ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင် မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

ေဟာင္ေကာင္သူေ႒းႀကီး လီကာရွင္းေျပာတဲ့ သင္ မေအာင္ျမင္ရျခင္း အေၾကာင္းရင္း(၆)ခု
Six Reasons Why You Fail

သင္ဘာေၾကာင့္ မေအာင္ျမင္ေသးတာလဲ??
ေဟာင္ေကာင္သူေ႒းႀကီး လီကာရွင္းက ေဟာေျပာပြဲတစ္ခုမွာ ဒီလိုေျပာသြားပါတယ္။

သင္ဘာလို႔ မေအာင္ျမင္ေသးတာလဲ။ သင္ေရစုန္ေမ်ာေနတယ္။ အႏုတ္လကၡဏာေဆာင္တဲ့ လူေတြနဲ႔ ေပါင္းသင္းေနပါတယ္။ တိုးတက္မႈအတြက္ ဦးေနာက္အေခ်ာက္မခံဘူး။ လက္ထဲမွာ ပိုက္ဆံမရွိဘူး။ မ်က္နာက်ေတာ့ အေသလို ခ်င္တယ္။ မိဘနဲ႔ ခြဲရမွာကိုေၾကာက္တယ္။ ေဆြမ်ိဳးေတြရဲ႕ စကားကို အၿမဲနားေယာင္တယ္။ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ ဆုံးျဖတ္ခ်က္ရဲရဲ မခ်ရဲဘူး။ ယဥ္ေက်းတယ္ဆိုတာကို အေၾကာင္းျပဳၿပီး ေရွး႐ိုးစြဲတယ္။ ဘ၀ကို ကံၾကမၼာေပးတဲ့ အတိုင္းပဲ အသက္ရွင္ခ်င္တယ္။ ထိုးေဖာက္ဖို႔ ဘယ္ေတာ့မွ မစဥ္းစားရဲဘူး။ အရင္းမစိုက္ထုတ္ပဲ အျမတ္ မ်ားမ်ားရတဲ့ အလုပ္ပဲလုပ္ခ်င္တယ္။ အိမ္မွာေအးေအး ေဆးေဆးေနၿပီး လာဘ္လာ ေကာင္းကင္ေပၚကေန က်လာမွာကို ေမွ်ာ္လင့္ ေနတယ္။

ထီေပါက္ဖို႔ေလာက္ပဲ အိမ္မက္ေစာင့္ေနတတ္တယ္။ အခြင့္အေရး မႀကဳံဘူးလို႔ ခဏခဏျပစ္တင္ ေျပာဆိုတယ္။ တကယ္ အခြင့္ႀကဳံလာျပန္ေတာ့လည္း သင္မဖမ္းထားႏိုင္ခဲ့ ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင္ဖမ္းကို မဖမ္းတတ္လို႔ပါ။

ဒါေတြေၾကာင့္ သင္ဆင္းရဲေနပါတယ္။ ဆင္းရဲေတာ့ စိတ္အားငယ္တယ္။ စိတ္သိမ္ငယ္ေတာ့ တြန္႔ဆုပ္တြန္႔ဆုပ္ ျဖစ္တယ္။ ဘာဆိုဘာမွ မလုပ္ရဲေတာ့ဘူး။ ဘာတစ္ခုခုမွ ကြၽမ္းက်င္ေအာင္လည္း တတ္ေျမာက္ေအာင္ မသင္ၾကားထားဘူး။ အဆိုးဘ၀သံသရာႀကီးထဲမွာ ဒီလိုပဲ တဝဲလည္လည္ ျဖစ္ေနတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ အခြင့္ရွိတုန္း တစ္ခုခုေတာ့ လုပ္ခ်င္ပါရဲ႕ ၊အခက္အခဲ နည္းနည္း ေတြ႕တာနဲ႔ ကိုယ့္ကိုယ္ကို အေၾကာင္းျပခ်က္ ေသာင္းေျခာက္ေထာင္နဲ႔ ဆုပ္လမ္းရွာထားျပန္တယ္။
အေၾကာင္းျပခ်က္ေပါင္းစုံနဲ႔ အခ်ိန္ျဖဳန္းတီးေနၾကပါတယ္။

အမ်ားဆုံးေတြ႕တတ္တဲ့ ဥပမာမ်ားေတာ့

၁။ ပိုက္ဆံမရွာတတ္ဘူး

မွားတယ္။ အမွန္က ပိုက္ဆံရွာတတ္တဲ့ ဦးေနာက္မရွိလို႔ပါ။ စုလည္းမစုေဆာင္းတတ္လို႔။ ကိုယ့္ကိုယ္ကိုလည္း တန္ဖိုးတက္ေအာင္ မလုပ္လို႔၊ ေဝးေဝးလည္း မစဥ္းစားတတ္လ္ို႔။

၂။ အရည္အခ်င္းမရွိလို႔

မွားတယ္။ ကိုယ့္ကိုယ္ကိုမွ မေလ့က်င့္ဘူးဆိုရင္ ဘယ္သူက ေမြးကတည္းက အရည္အခ်င္းရွိတာလဲ။ ဘယ္သူမွ ဘြဲ႕ရ,ရခ်င္း အရည္အခ်င္းမရွိပါဘူး။ ဘယ္သူကမွလည္း အလုပ္လုပ္ခ်င္း မေအာင္ျမင္ပါဘူး။လူတစ္ေယာက္ ေအာင္ျမင္တဲ့ အတိုင္းအတာဟာ ဆုံး႐ူံးခဲ့တဲ့ ပမာဏနဲ႔ တိုက္႐ိုက္အခ်ိဳးက်တတ္ပါတယ္။ အလုပ္ကို နည္းနည္း လုပ္႐ုံနဲ႔ ပ်င္းသြားတယ္။ စာတစ္အုပ္ကို အ႐ြက္နည္းနည္းလွန္ဖတ္လိုက္႐ုံနဲ႔ ၿငီးေငြ႕ သြားတဲ့လူဟာ ဘယ္မွာ အရည္အခ်င္းလာရွိႏိုင္မွာလဲ။

၃။ စကားမေျပာတတ္လို႔

မွားတယ္။ ဘယ္သူက ေမြးရာပါ စကားေျပာေကာင္းေနလို႔လဲ။ စင္ေပၚမွာ စကားေျပာေကာင္းတဲ့ လူမွန္သမွ် စင္ေအာက္မွာ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တဲ့ ရလဒ္ေၾကာင့္ပဲ ျဖစ္တယ္။

၄။ အခ်ိန္မရွိလို႔

မွားတယ္။ တစ္ရက္တစ္ရက္ လက္ကိုင္ဖုန္းေဆာ့တဲ့ အခ်ိန္ကိုတြက္ၾကည့္ပါ။ ဂိမ္းေဆာ့တဲ့ အခ်ိန္ေတြကို တြက္ၾကည့္လိုက္ပါ။ စီမံခန္႔ခြဲမူ ပညာမွာ အခ်ိန္ကို စီမံခန္႔ခြဲမူ အတတ္ဟာ ပညာအပါဆုံးျဖစ္တယ္။ မယုံရင္ အခ်ိန္ မွတ္တမ္းေလးတစ္ခု မွတ္ၾကည့္ပါ။ ကိုယ္ဘာလုပ္လုပ္၊ အခ်ိန္ကို မွတ္ၾကည့္၊ ႏွစ္ပတ္ေလာက္ မွတ္ၿပီးရင္ ကိုယ္မွတ္ထားတာကို ျပတ္ဆန္းစစ္ၾကည့္၊ အလုပ္အရမ္းမ်ားပါတယ္ဆိုတဲ့ လူေတြေတာင္မွ အခ်ိန္တစ္၀က္ေက်ာ္ဟာ အေရးသိပ္မႀကီးတဲ့ အရာေတြမွာ အခ်ိန္ပိုကုန္ေနတာကို ေတြ႕ရတတ္ပါတယ္။

၅။ ဝါသနာမပါလို႔

မွားတယ္။ စားမယ္၊ ေသာက္မယ္၊ ဆိုင္ထိုင္မယ္၊ ပြဲလည္မယ္၊ ဘယ္လူငယ္မဆို ဝါသနာပါမွာပဲ။ အလုပ္ကို ပင္ပင္ပမ္းပမ္းလုပ္မယ္။ အေႂကြးဆပ္မယ္။ ဘတ္စ္ကားတိုးစီးမယ္။ ဘယ္သူဝါသနာပါမွာလဲ။ ဝါသနာဆိုတာ တစ္ခုခုကို ႀကိဳးႀကိဳးစားစား လုပ္လိုက္လို႔ ၿပီးေျမာက္သြားရင္ အဲဒီၿပီးေျမာက္ျခင္းရဲ႕ အရသာကို ခံစားရင္ ဝါသနာပါသြားတာပဲ။ ဝါသနာဆိုတာ ပ်ိဳးေထာင္ ရင္ ရပါတယ္။

၆။ စဥ္းစားၾကည့္အုံးမယ္
ဒါအမွားဆုံးပဲ။ အထူးသျဖင့္ မေသခ်ာရင္ ျခင္ေတာင္ မ႐ိုက္တတ္တဲ့ လူတန္းစားအတြက္ ေျပာတာပါ။ ဘာပဲလုပ္လုပ္၊ တ၀က္ေသခ်ာတယ္လို႔ထင္ရင္ စလို႔ရၿပီ။ ရာႏူန္းျပည့္ေသခ်ာတဲ့ အထိေစာင့္ေနရင္ အခြင့္အေရးက အဲဒီေနရာမွာ မရွိေတာ့ဘူး။ စဥ္းစားၾကည့္အုံးမယ္။ စဥ္းစားရင္း စဥ္းစားရင္းနဲ႔ အိုသြားတဲ့လူေတြ မနည္းလွေတာ့ပါ။

 

Leave a Comment