Unicode Version
5 places where money should be spent
၁။ ပညာရေး (Education)
လူတိုင်းကိုယ့်ဘဝတိုးတက်ဖို့အတွက် တစ်ဆင့်ကနေ တစ်ဆင့် သက်ဆိုင်တဲ့ ပညာရပ်ကို သင်ယူဖို့ လိုအပ်ပါတယ်။ တစ်ချို့သင်တန်းတွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက် အမှန်တကယ်လိုအပ်တယ် ဆိုရင် တက်သင့်ပါတယ်။ပိုက်ဆံကို ချွေတာဖို့ မလိုပါဘူး။
၂။ ခရီးသွားခြင်း (Travel)
ခရီးသွားခြင်းဟာ စိတ်ကိုအပန်းဖြေစေတဲ့အပြင် ကုန်သွားတဲ့ ပိုက်ဆံတွေထက် တန်ဖိုးရှိတဲ့ လွတ်လပ်စွာ အပန်းဖြေမှုကိုလည်း ခံစားရတဲ့အပြင် ပျော်ရွှင်မှုကို ရစေပါတယ်။ အတွေးခေါ်သစ်တွေလည်း ရစေပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံသုံးသင့်ပါတယ်နော်။
၃။ ဂီတ (Music)
ဂီတ တူရိယာတစ်ခုခုသင်ကြားဖို့ တိုက်တွန်းချင်ပါတယ်။ ဂီတနဲ့ဆိုင်တဲ့ပစ္စည်းတွေဝယ်ခြင်းမှာလည်း ပိုက်ဆံကို သုံးသင့်ပါတယ်။ ဘယ်သူမှအလုပ်ကို တစိုက်မိုက် မလုပ်နိုင်ပါဘူး။ တစ်ခါတစ်လေ စိတ်ကို အပန်းဖြေစေဖို့ Relax ထားဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း ပိုက်ဆံ သုံးသင့်ပါတယ်။
၄။ စာအုပ်စာပေ (Books)
စာအုပ်တွေဟာ ရတနာတွေထက်ပိုပြီး တန်ဖိုးရှိပါတယ်။စာအုပ်တွေထဲမှာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ၊ရသဆိုင်ရာ အကြံဉာဏ်သစ်တွေ အတွေးသစ်တွေ ပေးတဲ့တွက်ပါပဲ။ ဒါကြောင့် ကျနော်တို့ဟာ တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့ သင့်ငွေကိုပိုပြီး သုံးသင့်ပါတယ်။
၅။ ကျန်းမာရေး (Health)
ကျန်းမာရေးဟာ လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။ ကျန်းမာရေးဟာ ကျနော်တို့ ဘဝအတွက် အရေးကြီးဆုံးအရာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်း၊ တစ်ခုတက်တာပဲ ဖြစ်ဖြစ်၊ ဆေးဝါးနဲ့ဆိုင်တဲ့ အခြားကျန်းမာရေးနဲ့ဆိုင်တဲ့ အစားအစာကို စားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာတွေမှာလည်း ပိုက်ဆံကို သုံးသင့်ပါတယ်။
တခြားအချက်အလက်တွေများစွာ ရှိနေမယ်လို့ ထင်ပါတယ်။ Comment မှာရေးပေးခဲ့ပါအုံးနော်။
#Zawgyi Version
ပိုက်ဆံသုံးသင့်သော နေရာ(၅)မျိုး
၁။ ပညာရေး (Education)
၂။ ခရီးသွားခြင်း (Travel)
၃။ ဂီတ (Music)
၎။ စာအုပ်စာပေ (Books)
၅။ ကျန်းမာရေး (Health)