Wed. Oct 27th, 2021

ကိုက်ဖြတ်နိုင်စွမ်းအား အကြီးဆုံးသော တိရစ္ဆာန် (၁၆)ကောင်

လူတစ်ယောက်၏ ကိုက်နိုင်စွမ်းအားဟာ ပျမ်းမျှအားဖြင့် 162 PSI (pound per square inch) ရှိပြီး Pistachio ဟုခေါ်သော အစိမ်းရောင် ပစ္စတာစေ့အခွံကို ကိုက်ခွဲနိုင်ပါတယ်။သိူ့သော် တောတွင်းအသားစားသတ္တဝါများ ၊ လိပ်များ ၊ အသားစားငါးများ ကတော့ ကိုက်ဖြတ်နိုင်စွမ်းအား အကောင်းဆုံး သတ္တဝါများ ဖြစ်ကြပါတယ်။
ယခုတစ်ခါ တင်ပြပေးဖို့ စုစည်းထားတာကတော့ ကိုက်ဖြတ်နိုင်စွမ်းအား အကောင်းဆုံးဖြသ်တဲ့ မေးရိုးအကြီးဆုံး ထိပ်တန်း တိရစ္ဆာန် (၁၆) ကောင်ပဲ ဖြစ်ပါတယ်။

(၁) ငါးမန်းဖြူများ 4,000 PSI (281 kg/cm2)

ဩစတြေးလျ သိပ္ပံပညာရှင်များက (2008) ခုနှစ်မှာ အသွင်ယူ ကွန်ပျူတာနည်းပညာများအသုံးပြုပြီး ငါးမန်းဖြူများ၏ ဦးခေါင်းခွံဓာတ်မှန် နှင့် ကိုက်နိုင်စွမ်းအားတို့ကို သိရှိနိုင်ရန် စမ်းသပ်ခဲ့ကြပါတယ်။အကောင် အရွယ်အစားပေါ်မူတည်၍ ကိုက်နိုင်စွမ်းအားများ ကွဲပြားကြပြီး အကောင်သေးငယ်ပါက ကိုက်နိုင်စွမ်းအားလည်း အားနည်းတာ တွေ့ရပါတယ်။

(၂) ရေငန်မိကျောင်း 3,700 PSI (260 kg/cm2)

ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ Dr. Gregory Erickson ဆိုသူဟာ မိကျောင်းမျိုးစိတ် (၂၃) ခုတို့ရဲ့ မေးရိုးကြီးထွားမှုကို (၁၀)နှစ်ကြာ သုတေသနပြုလုပ်ခဲ့ပြီး ရေငန်မိကျောင်းများမှာ အသန်မာဆုံးမေးရိုးများ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။အကြီးမားဆုံး တွားသွားသတ္တဝါအမျိုးအစားဟာ ပျမ်းမျှအားဖြင့် (၂၂.၉)ပေ ရှည်လျားပြီး အလေးချိန် (၂)တန်ထိ ရှိနိုင်တာကြောင့် အရွယ်အစားပေါ်မူတည်ကာ ကိုက်နိုင်စွမ်းအားများလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

(၃) မိကျောင်းခေါင်းတို 2,125 PSI (149 kg/cm2)

အမေရိက မိကျောင်းခေါင်းတိုများဟာ အမေရိကန်နိုင်ငံ အရှေ့တောင်ဘက် Florida , Louisiana အစရှိသော ပြည်နယ်များမှ မြစ်၊ချောင်း၊စိမ့်၊ကန် များမှာနေထိုင်ကြပါတယ်။ သာမန် မိကျောင်းခေါင်းတိုတစ်ကောင်ဟာ (၁၁-၁၅) ပေထိရှည်လျားပြီး ‌အလေးချိန်(၉၉၀)ပေါင် ခန့်ရှိပြီး လူတစ်ဦးကို ကောင်းစွာတိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။သို့သော် သူတို့ဟာ ငါးနှင့်လိပ်များကိုသာ စားသုံးလေ့ရှိသူများဖြစ်ပါတယ်။

(၄) ကျားသစ် 1,500 PSI (105.4 kg/cm2)

Jaguar များဟာ ရေကူးကျွမ်းကျင်ကြပြီး ငါးနှင့်လိပ်များကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။သူတို့ဟာ လိပ်ခွံနှင့် သင်းခွေချပ်အခွံများကိုပင် ကိုက်ဖြတ်နိုင်စွမ်း ရှိကြပါတယ်။ထို့အပြင် Jaguar များဟာ ကုန်းတွင်းအမဲလိုက်ရာမှာလည်း ကျွမ်းကျင်ပြီး သမင်နှင့်နွားများကို သူတို့လိုက်လေ့ရှိပါတယ်။

(၅) ရေမြင်း 1,800 PSI (126.5 kg/cm2)

ရေမြင်းများကို သိမ်မွေ့သော သတ္တဝါများဟု လူအများက ထင်လေ့ရှိကြသော်လည်း အမှန်တကယ်မှာတော့ ရေမြင်းများဟာ မိကျောင်းနဲ့ခြင်္သေ့ များကိုပင် ‌အန္တရာယ်ပေးနိုင်စွမ်းရှိပါတယ်။လူတစ်ဦး စပျစ်သီးစားသကဲ့သို့ ရေမြင်းတစ်ကောင်ဟာလည်း ဖရဲသီးတစ်လုံးကို အလွယ်တကူ ဝါးစားနိုင်စွမ်းရှိကြပါတယ်။

(၆) Gorilla မျောက်ဝံ 1,300 PSI (91 kg/cm2)

မျောက်ဝံများဟာ ငှက်ပျောသီးများသာမက အခွံမာသီး ၊ သစ်ခေါက် ၊ သစ်ဥသစ်ဖု များကိုလည်း ကိုက်ဝါးနိုင်ကြပါတယ်။ကံကောင်းတာကတော့ သူတို့ဟာ သတ်သတ်လွတ်စားသူ များဖြစ်ကြပါတယ်။ သို့သော် လုံခြုံရေးအရ လိုအပ်လာလျှင်တော့ ပြန်လည်ကိုက်ဖြတ် တိုက်ခိုက်လေ့ရှိကြပါတယ်။

(၇) ဝက်ဝံ 1,160 PSI (81.5 kg/cm2)

ဝက်ဝံမျိုးစိတ်များအကြား Grizzly Bear များကတော့ သန်မာမှု ရန်လိုမှုတို့မှာ ထင်ရှားပါတယ်။သူတို့ဟာ ကိုယ်အလေးချိန် ပေါင်(၁၅၀၀) ခန့်ရှိပြီး ဒါဟာ ကြွက်တစ်ကောင်ကို ခြေတစ်ဖက် တစ်ချက်ဖြင့် အမှောက်ရိုက်သတ်နိုင်သော ပမာဏဖြစ်ပါတယ်။သိပ္ပံပညာရှင်များကတော့ Grizzly ဝက်ဝံတစ်ကောင်ဟာ ဘိုးလင်းဘောလုံးတစ်လုံးကိုပင် ကိုက်ခွဲနိုင်ကြောင်း ဆိုကြပါတယ်။

(၈) Hyena 1,100 PSI (77 kg/cm2)

Hyena များသာ (၁၃၂) ပေါင်ထိကြီးထွားနိုင်ပြီး တစ်နာရီကို (၆၀) ကီလိုမီတာ အမြန်နှုန်းနဲ့ပြေးလွှားနိုင်ပါတယ်။ မြို့ပတ် ဘတ်စ်ကားတစ်စီးရဲ့ အမြန်နှုန်းပဲဖြစ်ပါတယ်။အသေကောင်ရှာစားသည့် သတ္တဝါများဟု ခေါ်ဆိုလေ့ရှိသော်လည်း ကိုယ်တိုင်သတ်ပြီးမှ စားခြင်းမျိုးဟာလည်း (၅၀)ရာခိုင်နှုန်းခန့်ရှိနေပါတယ်။ချွန်ထက်သန်မာသော မေးရိုးနှင့်သွားများဖြင့် တောဆိတ်၊ ကျွဲ ၊ သစ်ကုလားအုတ်များကိုပင် ဖမ်းယူစားသောက်နိုင်ကြပါတယ်။

(၉) ဘင်္ဂလားကျား 1,050 PSI (47 kg/cm2)

အိန္ဒယတိုက်ငယ်များမှာ တွေ့ရလေ့ရှိပြီး ကြောင်မျိုးစိတ်များအကြား သွားစွယ်အရှည်ဆုံး သားရဲတိရစ္ဆာန် ဖြစ်ပြီး (၃-၄) လက်မခန့် ရှည်လျားပါတယ်။အမဲလိုက်ရာမှာ မိုင်ပေါင်းများစွာ ခရီးနှင်ကာ ကျွဲ ၊ သမင် ၊ ဝက် အစရှိသည့် တိရစ္ဆာန်များကို ဖမ်းယူလေ့ရှိပြီး တစ်ညလျှင် ပေါင်(၆၀)ခန့်ထိ ကုန်အောင်စားနိုင်ပါတယ်။

(၁၀) ခြင်္သေ့ 650 PSI (45.7 kg/cm2)

ကြောင်မျိုးစိတ် သားရဲတိရစ္ဆာန်တို့၏ ဘုရင်ဖြစ်ပြီး အုပ်စုဖွဲ့အမဲလိုက်လေ့ရှိပါတယ်။သန်မာသော သွားနှင့်မေးရိုးများအသုံးပြုကာ တစ်ကောင်တည်းဖြင့်လည်း သတ္တဝါကြီးငယ်မရွေး ဖမ်းယူစားသောက်နိုင်စွမ်းရှိပါတယ်။

(၁၁)Mastiff 550 PSI (38.6 kg/cm2)

ကြင်နာတတ်ပြီး အနေအေးတတ်သော Mastiff ခွေးအမျိုးအစားများဟာလည်း သန်မာသောကိုက်ခဲနိုင်စွမ်းနှင့် ကာကွယ်ရေးစွမ်းရည်များရှိပါတယ်။သူတို့ဟာ လူအရိုးတစ်ချောင်းကိုပင် အလွယ်တကူ ကိုက်ချိုးနိုင်ပါတယ်။

(၁၂) ပိုလာဝက်ဝံ 1,200 PSI (84.3 kg/cm2)

အကြီးမားဆုံးသော ကုန်းတွင်းနေ သားရဲတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး အရှည်(၉.၈)ပေ ၊ အလေးချိန် (၁)တန်ထိ ရှိနိုင်ပါတယ်။အခြားဝက်ဝံများနဲ့မတူဘဲ အသားစား တိရစ္ဆာန်များ ဖြစ်ကြပါတယ်။

(၁၃) Alligator snapping turtle 1,004 PSI (66.9 kg/cm2)

 

သွားမရှိသော်လည်း လူတစ်ယောက်၏လက်ချောင်း (သို့) နာနတ်သီးတစ်လုံးကို စက္ကန့်ပိုင်းအတွင်း ကိုက်စားနိုင်ပါတယ်။

(၁၄) မီးခိုးရောင် ဝံပုလွေ 398 PSI (28 kg/cm2)

အစုအဖွဲ့နှင့်နေတတ်ကြပြီး တစ်ကောင်ချင်းစီဟာလည်း သန်မာကြပါတယ်။ အရွယ်အစားတူ အခြားတိရစ္ဆာန်တစ်ကောင်ကို ကိုက်ချက်အနည်းငယ်ဖြင့်ပင် အရိုးများချိုးပစ်ပြီး ကိုက်သတ်နိုင်စွမ်းရှိပါတယ်။

(၁၅) Cougar 724.6 PSI (50.9 kg/cm2)

အမေရိကန် တောင်ခြင်္သေ့ (ခေါ် ) Cougar များဟာ ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်သောအကောင်များဖြစ်ရုံသာမက ရှဉ့်၊ယုန်မှ အစ ဝက် ၊ ကြွက်များ အထိ မျိုးစုံသော သတ္တဝါများကို အမဲလိုက်လေ့ရှိပါတယ်။အများအားဖြင့် သမင်ကဲ့သို့သော အလယ်အလတ်စား အရွယ် သားကောင်များကို အမဲလိုက်လေ့ရှိသလို ၎င်းတို့ထက် ပိုမိုကြီးမားသော သားကောင်များကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။

(၁၆) Black piranha 464 PSI (32.6 kg/cm2)

ရန်လိုစိတ်အများဆုံး ငါးများဖြစ်ပြီး ကိုက်နိုင်စွမ်းများဟာလည်း သာမန်ငါးများထက်ပိုပါတယ်။ ဇီဝဗေဒ ပညာရှင်များရဲ့ အဆိုအရ Black Piranha များ၏ ကိုက်နိုင်စွမ်းဟာ (၃၂၀) နယူတန် ရှိပြီး မိကျောင်းခေါင်းတိုများထက် ၃ဆမြင့်ကြောင်း တွေ့ရှိရပါတယ်။

ယခုဖော်ပြခဲ့တဲ့ တိရစ္ဆာန်များကို သင်ကိုယ်တိုင် အပြင်မှာ မြင်ဖူးခြင်းရှိပါသလား (သို့) ဓာတ်ပုံများ ရှိပါကလည်း comment မှာ မျှဝေပေးခဲ့နိုင်ပါတယ်။

 

Rft Brightside

Written One Daily Media

 

Leave a Reply

Your email address will not be published. Required fields are marked *