Daily News

မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းသော်လည်းစစ်ကောင်စီမှ ကျပ်ငွေအသစ် များဆက်လက်ထုတ်လုပ်၊ ဂျပန်ခေတ် (ဒုတိယကျပ်ငွေ) “ထောင်မလဲသဲကော်စက္ကူကျပ်ငွေ”လို ဖြစ်လာတော့မည်။

မြန်မာကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်း​သော်လည်းစစ်​ကောင်စီမှ ကျပ်ငွေအသစ် များဆက်လက်ထုတ်လုပ်၊ ဂျပန်ခေတ် (ဒုတိယကျပ်ငွေ) “ထောင်မလဲသဲကော်စက္ကူကျပ်​ငွေ”လို ဖြစ်လာ​တော့မည်။

မြန်မာနိုင်ငံသို့ ဖက်ဆစ်ဂျပန်တို့ ဝင်​ရောက်လာသည့်(၁၉၄၂-မှ ၁၉၄၅-ခုနှစ်အထိ)အချိန်တွင် အိန္ဒိယငွေစက္ကူ များကို တရားဝင်အဖြစ်မှ ဖျက်သိမ်းခဲ့သည်။
ထို့နောက် ကျောထောက်နောက်ခံမရှိဘဲ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူများကို အတိုင်းအဆမရှိ အမြောက်အမြား ရိုက်နှိပ်သုံးစွဲခဲ့သည်။အကျိုးဆက်အနေနဲ့မြန်မာ့စီးပွါးရေးပြိုကျခဲ့ရသည်။

ယခုလည်း ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်ခေတ် ဂျပန်ပိုက်ဆံလို စစ်​ကောင်စီ၏ အသစ် ရိုက်ထုတ်နေတဲ့ကျပ်ငွေတွေဟာ “ထောင်မလဲသဲကော်” ဖြစ်လာပြီလားဆိုတာ စိုးရိမ်စရာအ​ခြေအ​နေဖြင့် ​စောင့်ကြည့်ရ​တော့မည်ဖြစ်သည်။

ယခု မြန်မာကျပ်​ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်း​နေကာ ကန် တစ်ဒေါ်လာ​လျှင် ၁၇၂၀ ကျပ်အထိ ရှိခဲ့ပြီဖြစ်သည်။
စစ်​ကောင်စီမှ ​ဒေါ်လာ​ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် ​ဗဟိုဘဏ်မှ ​နေ၍ ​ဒေါ်လာများ မကြာခဏဆိုသလို ​ရောင်းချ​​ပေး​နေ​ပေမယ့် ကျပ်တန်ဖိုးမှာ ဆက်လက် ကျဆင်း​နေဆဲဖြစ်သည်။
ထပ်တိုးလာ​သော ကိုဗစ် ရုံးပိတ်ရက်တွင် ဘဏ်များပါ ထည့်သွင်း ပိတ်ခဲ့သည့်အပြင် ကျပ်တသောင်းတန်၊ ငါး​ထောင်တန်များ တရားမဝင် အဖြစ် သတ်မှတ်မည်၊ဘဏ်များ ​ဒေဝါလီ ခံ​တော့မည် ဟူ​သော ​သတင်းများ​ကြောင့် သြဂုတ်လ(၁၄)ရက်​နေ့တုန်းက ပြည်သူများ ကြား လှုပ်ခတ်မှုများ ဖြစ်ခဲ့​သော်လည်း ဗဟိုဘဏ် က​တော့ အဆိုပါ ကိစ္စရပ်များ ဖြစ်လာမှာ မဟုတ်ဟု ခိုင်မာစွာအတည်ပြု​ပြောကြားခဲ့သည်။

စစ်​ကောင်စီ​ခေါင်း​ဆောင် မင်း​အောင်လှိုင်၏ စီမံမှု အောက်မှာ မြန်မာငွေတန်ဘိုးဟာစံချိန်တင်ကျဆင်းနေသလိုငွေကြေးဖေါင်းပွမှုကတော့ Super High Level ဖြစ်နေပြီဖြစ်သည်။
သို့​သော်လည်း ဝါဇီစက်ရုံကို ပုံမှန်လည်ပတ်နေပြီး ငွေသားလိုအပ်ချက်နှင့် ငွေကြေးဖောင်ပွမှုနှုန်းကို တွက်ချက်ကာ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနေကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ယမန်​နေ့က အတည်ပြု ​ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှာ စစ်​ကောင်စီ အာဏာရယူခဲ့သည့်အချိန်မှစ၍ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူ လူဦး​​​​ရေမှာ (၁•၂)သန်းအထိ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ပြီဖြစ်​ကြောင်းလည်း သိရှိရပါသည်။

PTT@Media9

Leave a Comment