Daily News






Rain (For Ialinks)

Unicode

လူသူမဲ့ကျွန်းလေးတစ်ခုတွင် နှစ်ပေါင်း ၃၀ကြာ တစ်ယောက်တည်း နေထိုင်ခဲ့သော အဖိုးအို

အီတလီနိုင်ငံမှ Budelliအမည်ရှိသော ကျွန်းလေးတစ်ခုတွင် အသက် ၇၈နှစ်အရွယ် အဖိုးအိုတစ်ဦးသည် အဖော်မဲ့ တစ်ယောက်တည်းနေထိုင်ခဲ့ခြင်းဖြင့် အများဧ။် အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။

အဖိုးအိုသည် လှေလေးတစ်စင်းနှင့်အတူ တစ်ယောက်တည်း ပင်လယ်ထဲသို့ ရွက်လွှင့်ခဲ့ရာ လှိုင်းဧ။်ရိုက်ခတ်မှုဒဏ်ကြောင့် လှေလေးမှာ ကွဲအက်လာပြီး ကျွန်းလေးတစ်ကျွန်းဆီသို့ အရောက်သွားခဲ့ရသည်။

အဖိုးအိုသည် ထိုကျွန်းတွင် မည်သူမျှမရှိပဲ အထီးကျန်ဆန်ခဲ့သော်လည်း အိမ်ပြန်ဖို့ရာ လှေလေးမှာ ပျက်စီးသွားပြီဖြစ်၍ ထိုနေရာတွင်သာ အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

အဖိုးအိုသည် ထိုကျွန်းဆီသို့ အလည်အပတ်လာသော ခရီးသွားများနှင့် ဆုံခဲ့သော်လည်း သူတို့မှ တစ်ယောက်တည်းနေရသည်ကို ကိုယ်ချင်းစာပြီး အိမ်ပြန်လိုက်ပို့ရန်ပြောဆိုခဲ့စဉ် အဖိုးအိုမှ သဘာဝရှုခင်းအလှလေးတွေကို ကြည့်ရှူခံစားရင်း နောက်ဆုံး ထိုနေရာလေးတွင်သာ ပျောက်ကွယ်သွားချင်ကြောင်းနှင့် မလိုက်ပြန်လိုကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Leave a Comment