Tue. Oct 26th, 2021

ပိုက်ဆံဆိုတာ ရှာရတာခက်သလောက် သုံးပစ်ဖို့က မိနစ်ပိုင်းလောက်ပဲကြာတယ်ဆိုတာ အမှန်တရားပါ။ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သတ်ပြီး သင့်အနေနဲ့ ကန့်သတ်ချက်တွေ စည်းမျဉ်းတွေမရှိဘူးဆိုရင် လစဉ်လတိုင်းမှာ ငွေကြေးအခက်အခဲပြဿနာတွေရင်ဆိုင်ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကနေ လူတိုင်းလူတိုင်းလိုက်နာသင့်တဲ့ အခြေခံကျတဲ့ ငွေကြေးဆိုင်ရာစည်းမျဉ်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တစ်လတာ ကုန်ကျစရိတ်ကို စာရင်းလုပ်ပါ

 

သင့်အနေနဲ့ တစ်လတာ ကုန်ကျစရိတ်ကို တိကျတဲ့စာရင်းတစ်ခု လုပ်ဆောင်ထားသင့်ပါတယ်။ တစ်လတာမှာ ကိုယ့်အနေနဲ့ ဘာတွေသုံးလိုက်လဲ ဘယ်အရာတွေအတွက် ငွေကုန်လိုက်လဲဆိုတာကို အချိန်မရွေး စာရင်းမှာပြန်ကြည့်နိုင်ပါတယ်။ ဒါဟာ မဖြစ်မနေသုံးစွဲရမယ့် အရာတွေထက်ပိုပြီး ကိုယ်ဘာတွေအပိုသုံးနေမိလဲဆိုတာကို မြင်သာနေစေမှာဖြစ်ပြီး အပိုငွေကျမှုတွေကို ထိန်းချုပ်လာနိုင်မယ့်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၂) ပစ္စည်းတစ်ခုမဝယ်ခင် အချိန်ပေးစဉ်းစားပါ

တစ်ခါတစ်လေ ငွေသုံးတဲ့အခါမှာ စိတ်ရဲ့လိုအင်ကိုပဲ ဦးစားပေးမိတဲ့အချိန်မျိုးတွေ ရှိတက်ပါတယ်။ ဒီပစ္စည်းက ကိုယ့်အတွက် တကယ်မရှိမဖြစ်လိုအပ်တာလားဆိုတာကို သိပ်မစဉ်းစားတော့ပဲ လိုချင်စိတ်ကပိုများနေတဲ့အခါ လွယ်လွယ်ပဲ ဝယ်လိုက်မိကြပါတယ်။ တကယ်တော့ ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် အနည်းဆုံး အချိန် ၂ ရက်လောက်ယူပြီး စဉ်းစားသင့်ပါတယ်။ အချိန်ယူပြီးစဉ်းစားခြင်းက သင့်အတွက် တကယ်လိုအပ်တဲ့ပစ္စည်းတစ်ခုဟုတ်မဟုတ်ဆိုတာကို ဆန်းစစ်နိုင်မှာဖြစ်ပြီး ‌အမှားနည်းစေတဲ့ ငွေသုံးခြင်းမျိုးဖြစ်စေမှာပါ။

(၃) စနစ်တကျငွေသုံးပါ

 

စည်းစနစ်ကျကျ ငွေးသုံးတက်ခြင်းကလည်း ငွေကြေးအခက်အခဲမှလွတ်မြောက်နိုင်ဖို့ရာ ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့တနေ့တာ အသုံးစရိတ်ကိုသတ်မှတ်ပြီး သတ်မှတ်ထားတဲ့အတိုင်းသာ စနစ်ကျကျငွေသုံးပါ။ မလိုအပ်ပဲ လက်ထဲမှာငွေအများကြီးထားခြင်းကို ရှောင်သင့်ပါတယ်။ လက်ထဲမှာငွေများများမြင်နေရရင် မလိုအပ်တဲ့အရာတွေအပေါ် ငွေသုံးမိဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။

(၄) ငွေစုပါ

\ငွေစုဆောင်းခြင်းအလေ့အကျင့်က ရေရှည်အတွက်ပါ အပူအပင်ကင်းကင်းနဲ့ နေသွားနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ မျှော်လင့်မထားတဲ့ အရေးပေါ်ငွေကုန်စရာ အကြောင်းအရာတွေပေါ်လာတက်တာပဲမဟုတ်လား။ ဒီအချိန်မှာ စုဆောင်းထားတဲ့ငွေမရှိဘူး ခြေစောင့်လက်စောင့်ရှိမနေဘူးဆိုရင် အချေးအငှားတွေဖြစ်ပြီး အကြွေးနွံမှာ သံသရာလည်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ရေရှည်အတွက်စဉ်းစားပြီး ကိုယ့်ရဲ့တစ်လတာဝင်ငွေထဲမှ တချို့ကို စုဆောင်းထားသင့်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *