success

ငွေစုတတ်တဲ့ အကျင့်ကပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကျေးဇူး (၃) မျိုး

လက်ထဲမှာ ပိုက်ဆံကို ရှိရင် ရှိသလောက် သုံးတတ်အကျင့်ကြောင့် ဒုက္ခရောက်သွားတဲ့ အပေါင်းအသင်းတွေ မြင်ဖူးကြမှာပါ။ ဒီထဲမှာ ကိုယ်ပါသလား ပြန်မေးကြည့်သင့်တယ်လို့ ထင်ပါတယ်။
ငွေကို စုစုဆောင်းဆောင်း ခြိုးခြိုးခြံခြံ သုံးစွဲတဲ့သူတွေဟာ အများအမြင်မှာ ကပ်စေးနှဲတဲ့သူတွေလို့ အထင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ငွေစုတတ်တဲ့ အကျင့်ရှိသူတွေဟာ တစ်ခြားသူတွေနဲ့ မရနိုင်တဲ့ အခုလိုအကျိုးတွေလည်း ရနိုင်ပါတယ်။

(၁) စည်းကမ်းရှိလာတယ်

 

ပိုက်ဆံစုခြင်းဟာ ငွေတင် စည်းကမ်းထားတာမျိုး မဟုတ်ဘဲ ဟိုဟာမြင်ရင် ဝယ်ချင်လိုက် ၊ ဒီဟာလေးလည်း လိုချင်လိုက်ဆိုတဲ့ စိတ်ဆိုးစိတ်ညစ်ကိုပါ စည်းကမ်းလိုက်ထားရတာပါ။ ဒီနည်းနဲ့ စည်းကမ်းပိုကောင်းလာနိုင်ပါတယ်။ စည်းကမ်းရှိခြင်းလောက် အဖိုးတန်တဲ့ အရည်အချင်းမျိုးက ရှားပါတယ်။

(၂) ဂုဏ်သိက္ခာရှိတယ်

ငွေစုထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စိတ်လုံပါတယ်။ လက်ထဲမှာ ပိုက်ဆံရှိထားရင် မျက်နှာအငယ်ခံပြီး သူများဆီ ပိုက်ဆံချေးစရာလည်း မလိုတာကြောင့် ရင်ကော့ပြီး နေလို့ရပါတယ်။ သိက္ခာရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုပဲမလား။

(၃) ပျော်ရွှင်ရတယ်

 

အရေးအကြောင်းအတွက် ကိုယ့်မှာ ငွေရှိတဲ့နောက် နောင်ရေးကို စိတ်အေးလက်အေးနဲ့ ကျော်ဖြတ်နိုင်ပါပြီ။ မျှော်လင့်ချက်လေးတွေ ၊ စိတ်ကူးလေးတွေ ရှိရင် အကောင်အထည်ဖော်နိုင်ပါပြီ။ အနာဂါတ်အတွက် စိတ်အေးရပြီဆိုရင် တွေးလိုက်တိုင်း ပျော်ရပါတယ်။

Credit: Original Writer

 

Leave a Comment